Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

အဝေးက ဖေဖေ့ရဲ့သား

တမ်းတရင်လည်း
အဝေးမှာပဲမို့
ချမ်းမြေ့အောင်သာ
ဆုတွေတောင်းရင်း
အိမ်ပြန်မည့်လမ်း
နေ့ရက်လေးကို
လက်ချိုးရေတွက် လို့
နေပါ့မယ် ချစ်ဖေဖေ။

လွမ်းရင်လည်းပဲ
ရှေ့ရေအတွက်မို့
သားချော့တေးလေး
တီးဆိုညီးတွား
အလွမ်းတွေပွားရင်း
ဘဝရှေ့ရေးအတွက်
ကြိုးစားနေပါ့မယ်
ချစ်တဲ့ ဖေဖေ။

မှန်းဆရင်လည်း
ငယ်စဉ်ဘဝ 
ဖေဖေ့ရဲ့ ကြင်နာမှုကို
မျက်စိစုံမှိတ် ပုံဖေါ်ရင်းနဲ့
ကြည်နူးလို့နေပါမယ်
ချစ်တဲ့ ဖေဖေ။

တမ်းတရင်လည်း
မိသားစုဝမ်းရေးအတွက်မို့
ဘဝအမောတွေကြား
တောင်းတရင်း မှန်းဆရင်း
လွမ်းနေရင်း တမ်းတရင်းနဲ့
ဖြေသိပ့်လို့ နေပါ့မယ်
ချစ်တဲ့ ဖေဖေယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS