Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

အာ ဂ ယော က်ျား

ဟေ့...ဒီမှာကံတရား
မင်း...ငါ့အသွေးကို စုပ်ယူလိုက်ရုံမျှနဲ့

သို့တည်းမဟုတ်
မင်း...ငါ့အသားကို လှီးယူလိုက်ရုံမျှနဲ့

သို့တည်းမဟုတ်
မင်း...ငါ့နှလုံးသားကို ထုတ်ယူလိုက်ရုံမျှနဲ့

သို့တည်းမဟုတ်
မင်း...ငါ့ဦးဏှောက်ကို ဖောက်ထုတ်လိုက်ရုံမျှနဲ့

သို့တည်းမဟုတ်
မင်း...ငါ့စလွယ်ဝင်အိုးကို ရိုက်ခွဲလိုက်ရုံမျှနဲ့

သို့တည်းမဟုတ်
မင်း...ငါ့တက်လမ်းကို ခြေမွလိုက်ရုံမျှနဲ

သို့တည်းမဟုတ်
မင်း...ငါ့ခြေထောက်ကို ချုပ်နှောင်လိုက်ရုံမျှနဲ့

သို့တည်းမဟုတ်
မင်း...ငါ့လက်တွေကို ရိုက်ချိုးလိုက်ရုံမျှနဲ့

သို့တည်းမဟုတ်
မင်း...ငါ့မျက်လုံးကို ဖောက်ထုတ်လိုက်ရုံမျှနဲ့

သို့တည်းမဟုတ်
မင်း...ငါ့ပါးစပ်ကို ဆွံ့အစေလိုက်ရုံမျှနဲ့

သို့တည်းမဟုတ်
မင်း...ငါ့နားတွေကို ပိတ်ဆို့လိုက်ရုံမျှနဲ့

သို့တည်းမဟုတ်
မင်း...ငါ့ဘဝနဲ့ဓနဥစ္စာတွေ ခန်းခြောက်စေရုံမျှနဲ့

ငါ့ရဲ့ ခိုင်မာနေတဲ့ ယုံကြည်ချက်တွေ

ပြောင်းပြန်လှန်လိုက်ရတော့မှာလား

ဟားတိုက်လို့ရယ်မောပြီး

လောကကို ခါးစောင်းတင်ပြလိုက်ချင်ရဲ့

ငါ့ဟဲ့ အာ ဂ ယော က်ျား ကွ

ဟားဟားဟားဟားဟားဟားဟားဟား ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS