Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

အ လည် လွန် တဲ့ အ ပြုံး

မောင့်မျက်နှာ လပြည့်ဝန်းမှာ

ခြေဖျားလေးထောက်ပြီး


ပထမဆုံးသောအနမ်းတွေ

ခြွေ ချ ခဲ့ ဖူး ပါ တယ်

မကြာမကြာမော့ကြည့်ဖြစ်တဲ့

မောင့်မျက်ဝန်းငယ်လေးမှာ

တိမ်လွှာတွေကင်းစင်လို့

အ ကြည့် ခြင်း ဆုံ တိုင်း

အလှဆုံးသောအပြုံးပန်းတွေကို

ကျမရင်မှာ မှင်တက်မိတယ်

အား မ လို အား မ ရ စွာ နဲ့

မျက်လွှာချမိတာက အကြိမ်ကြိမ်ပါ ။

အတွေးထဲမှာ ထင်ကျန်နေဆဲ

ပုံ ရိပ် လေး တစ် ချို့ နဲ့

ကျ မ နှ လုံး ခုန် သံ

စည်း ချက် ကျ ကျ ကို

အ ချိန် နာ ရီ စက် ဝိုင်း က

တရိရိတိုက်စားလိုက်တယ် ။

အခုတလော မောင့်မျက်နှာက

အချိုးတစ်မျိုးပြောင်းနေတယ်

တွေ့နေကျ လပြည့်ဝန်းမှာ

တိမ်လွှာညစ်တွေကြီးဆိုးနေရဲ့

မျက်ဝန်းစိမ်းစိမ်းတွေမှာ

ငြီးငွေ့ချင်းတွေက အတိုင်းသား ။

မက်မောစွာစားသုံးနေကျ

မောင့် လဝန်းအပြုံးပန်းက

အလည်လွန်တဲ့ လရောင်လို

ရရှိခဲ့ဖူးတဲ့ ရနံ့သင်းသင်းတွေက

အရင်းနှီးဆုံး သူစိမ်းတွေပမာ

မောင်ပြောခဲ့ဖူးတဲ့ စကားအလှတွေက

အခုတော့ အခုတော့မောင်ရယ်

တစ်ထောင့်တစ်ည ပြောမကုန်တဲ့

ယုံတမ်းစကားတွေလိုပါပဲရှင်ရယ် ။


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS