Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

~~ငယ်စဉ်က အိမ်မက်ဆိုး~~



တချိန်က တာမွေအဝိုင်းကြီးမှာ

ကျောင်းစိမ်းဝတ်စုံနဲ့

ကွမ်း ယာ ဆေး လိပ်

ဆေးလိပ်ကွမ်းယာဆိုပြီး

တစ် စာ စာ အော် လို့

မိ ဘ တွေ မ သိ အောင်

တစ် ဖက် တစ် လမ်း က

မိ သား စု တာ ဝန် ကို

ကြိတ် ဖြေ ရှင်း ဖို့

ကြိုး စား ခဲ့ ဖူး ပါ တယ်

နာကျဉ်နေတဲ့ အသဲကတော့

အကျေနပ်ကြီး ကျေနပ်ခဲ့တယ်

အိမ်အပြန်ထမင်းဝိုင်းမှာ

ကြို သိ နှင့် နေ ပြီး သား

အ ရ သာ တ ခု တ တွက်

မေ မေ ဝမ်း သာ အောင်

မြိန် ရည် ယှက် ရည် နဲ့
 

ကိုယ်ဟန်ဖို့ ဟန်လုပ်ပြီး

ကြိတ်မှိတ်မြိုချခဲ့ဖူးတယ်

ဝမ်းနည်းမျက်ရည်တွေက

ဝမ်းထဲမှာပြည့်လျှံလို့ပေါ့

ကျောင်းတက်ရက်မမှန်လို့

အ တန်း စာ တွေ ကို

ဖယောင်းတိုင် မီးငယ်မှာ

အတိုးချကျက်မှတ်မယ်ဆိုကာမှ

ခြင်ထောင်ထဲက လွင့်ပျံ့လာတဲ့

မေမေစကားသံတခွန်းက

သားကြီးရေ ဖယောင်းတိုင်က

အဲ့ တာ အ ကုန် ပဲ တဲ့

သားရဲ့ညီလေး ညဖက်

အပေါ့အလေးသွားရင်

ထွန်းဖို့လေး ချန်ထားနော်တဲ့

ညစဉ်ညတိုင်း မက်ခဲ့တဲ့

အိမ်မက်ဆိုးတွေကို

ဒီနေ့ မေမေရဲ့သားကြီး

~~ကျတော် လေ~~

ဘဝအမောတစွန်းတစကို

ကျော်လွှားနိုင်ခဲ့ပါပြီ

မြင် နိုင် စွမ်း ရှိ ရင်

မြင်လှည့်စေချင်တယ် ချစ်မေမေ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS