နာတာရှည် အသည်းရောဂါဆိုတာ ဘာလဲ
၁။ နာတာရှည် အသည်းရောဂါဆိုတာ ဘာလဲ။
နာတာရှည်အသည်းရောဂါ (CHRONIC LIVER DISEASE) ဆိုရာမှာ နာတာရှည်အသည်းရောင်ရောဂါ (CHRONIC HEPATITIS) မှသည် အသည်းခြောက်ရောဂါ (CIRRHOSIS) ဆီသို့ အဆင့်ဆင့်ကူးပြောင်းနေသော ရောဂါများကိုခေါ်ပါတယ်။ နာတာရှည်အသည်း ရောင်ရောဂါများ၏ လမ်းဆုံးရာ (END STAGE LIVER DISEASE) သည် အသည်းခြောက်ရောဂါဟု ပြောကြပါတယ်။ အသည်းခြောက် ရောဂါမှတဆင့် အချို့လူများတွင် အသည်းကင်ဆာ (HEPATOCELLULAR CARCINOMA) အဖြစ် ကူးပြောင်းနိုင်ပါတယ်။
၂။ နာတာရှည်အသည်းရောဂါများ ဘာကြောင့်ဖြစ်ရသလဲ။
အသည်းရောင်ဘီပိုး (HEPATITIS B)၊ အသည်းရောင်စီပိုး (HEPATITIS C)၀င်ခြင်း၊ အရက်၊ ဆေးဝါး၊ အဆိပ်အတောက် ရိုးရာဆေးဝါးများကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်ခံစွမ်းအားမူမမှန်မှုကြောင့်ဖြစ်သော အသည်းရောဂါများ၊ ဥပမာ AUTOIMMUNE HEPATITIS, PRIMARY BILIARY CIRRHOSIS စသည်တို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အခြားသော မွေးရာပါ ဓာတ်သဘာဝ မှားယွင်း ဖောက်ပြန်မှုကြောင့် ဖြစ်သောရောဂါများ (HAEMOCHROMATOSIS, ALPHA 1-ANTITRYPSIN DEFICIENCY, WILSON’S DISEASE) အချို့သော အသည်းအဆီဖုံးရောဂါ (STEATOHEPATITIS) များမှလည်း နာတာ ရှည် အသည်းရောဂါသို့ ကူးပြောင်းနိုင်ပါတယ်။
၃။ ဘယ်လို ကာကွယ်မလဲ။
အစကတည်းကမဖြစ်အောင် ကာကွယ်ခြင်းနဲ့ နာတာရှည်အသည်းရောဂါ မြန်မြန်တိုးမသွားအောင် ကာကွယ်ခြင်းတို့ ဖြစ်ပါတယ်။
၎။ နာတာရှည်အသည်းရောဂါ ဘယ်လိုတိုးသွားသလဲ၊ ဆိုးသွားသလဲ။
ရောဂါဖြစ်သောအကြောင်းပေါ် မူတည်ပြီး နာတာရှည်အသည်းရောင်မှ အသည်းခြောက်ရောဂါသို့ တိုးနှုန်းမှာ တစ်ခုနှင့် တစ်ခုမတူပါ။ (NTURAL HISTORY) မတူပါ။ အချို့မှာမြန်၍ အချို့မှာ နှေးပါတယ်။ နှစ် ၂၀ မှ ၄၀ မျှ ကြာတတ်ပါတယ်။
၅။ သေချာပေါက်ပျောက်ရန် ကုထုံးများ ရှိပါသလား။
မရှိပါ။ ရောဂါတိုးလိုက်၊ ရောဂါဆုတ်လိုက်နှင့် အဆင့်ဆင့် ပြောင်းသွားပါတယ်။ သို့သော် ဤသို့ပြောင်းသွားချိန်ကြာရန် အချိန်ဆွဲနိုင်သမျှ ဆွဲပေးခြင်းဟာ ကာကွယ်နည်းကုထုံးတစ်ရပ် ဖြစ်ပါတယ်။
၆။ နာတာရှည် အသည်းရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။
ဘီပိုးအတွက် ထိရောက်တဲ့ ကာကွယ်ဆေးရှိပါတယ်။ မွေးကင်းစကလေးအားလုံးထိုးရပါမယ်။ ၏ “ဘီပိုး” ပါသော သွေးနဲ့ ထိမိ၍ အန္တရာယ်ရှိသူတိုင်း ကာကွယဆေးထိုးဖို့လိုပါတယ်။ “ဘီပိုး” ရှိသူ မိခင်မှ မွေးသောကလေး၊ “ဘီပိုး”ပါသည့် သွေးစွန်းသော အပ်ထိမိသူ၊ “ဘီပိုး”ပါသော သွေးသွင်းမိသူတို့သည် သွေးရည်ကြည်ကာကွယ်ဆေး (HBIG) နှင့် ဘီပိုးကာကွယ်ဆေး နှစ်မျိုးစလုံး ထိုးရန်လိုပါတယ်။ သွင်းမည့်သွေးတိုင်းကို “ဘီပိုး” နှင့် “စီပိုး” သွင်းပေးရပါမယ်။ မလိုအပ်ဘဲ ဆေးမထိုးရပါ၊ မလိုအပ်ဘဲ သွေး မသွင်းရပါ။
လိင်အပျော်မကျူးရပါ။ မဆင်ခြင်နိုင်ပါက ကွန်ဒုံးသုံးပါ၊ အရက်၊ သေရည်မသောက်ရပါ။ အရက်အချိန်အဆ အတန် အသင့်များလျှင် နေ့စဉ် ရေရှည်သောက်သုံးပါက အရက်စွဲသည်ဖြစ်စေ၊ မစွဲသည်ဖြစ်စေ အသည်းရောဂါရနိုင်ပါတယ်။ လူငယ်များ အရက်သောက်ခြင်း စိတ်မ၀င်စားရန် အခြားစိတ်ဝင်စားဖွယ် နည်းလမ်းများ လုပ်ဆောင်ရပါမယ်။ အရက်ကြော်ငြာများ ဟန့်တားရပါ မယ်။ အချို့ရောဂါသည်များ၏ ဆွေမျိုးသားချင်းများတွင် ရောဂါရှိမရှိ စစ်ဆေးသော နည်းရှိပါတယ်။ ဥပမာ-သံဓာတ်များသော (HEMOCHROMATOSIS) ရောဂါရှင်၏ ဆွေမျိုးများကို စစ်ဆေး၍ သံဓာတ်များပါက မကြာခဏ သွေးဖောက်ခြင်းဖြင့် နာတာရှည် အသည်းရောဂါမဖြစ်ရန် ကာကွယ်နိုင်ပါတယ်။
၇။ ရောဂါတိုးနှုန်းနည်းသွားရန် ဘယ်လိုကာကွယ်မလဲ။
နာတာရှည် အသည်းရောင်ရောဂါများဟာ တိုးခြေ၊ ဆုတ်ခြေဖြင့် အသည်းခြောက်ရောဂါသို့ ဦးတည်နေပါတယ်။ တိုးစေ၊ ဆိုးစေသော အချက်များကို ရှောင်ရပါမယ်။ ဥပမာ-အရက်၊ သာမန်လူများတွင် အန္တရာယ်မဖြစ်သော အချို့ဆေးများ၊ ဥပမာ-အကိုက်အခဲပျောက်ဆေးများ၊ အတက်ရောဂါအတွက် သုံးသောဆေးများ၊ စိတ်ရောဂါဆေးများ၊ အဆီကျဆေးများ၊ အချို့ဆီးချိုထိန်း ဆေးများ၊ ဟော်မုန်းဆေးများနဲ့ အချို့သောပိုးသတ်ဆေးများ ဖြစ်ပါတယ်။ အထင်ကရမှာ တီဘီဆေးဖြစ်ပါတယ်။ ဆေးပေးစဉ် ပထမလတွင် ၂ ပတ်တစ်ခါ၊ နောက်တွင် လတိုင်း ၃ လ၊ နောက်တွင် ၃လတိုင်း အသည်းရောဂါများအတွက် ဆိုးမဆိုး (LIVER FUNCTION TESTS) များ လုပ်ရပါမယ် မျက်လုံးဝါ၊ ပျို့၊ အန်၊ ယား၊ နုံးစသည်တို့ကို အမြဲသတိပြုရပါမယ်။
၈။ အခြားအချက်အလက်များ ရှိပါသေးသလား။
ဗီတာမင်များနှင့် ပရဆေးများကို ကြော်ငြာကောင်းတိုင်း၊ လူတကာညွှန်းတိုင်း မသုံးပါနဲ့။ အချို့မှာ အသည်းအဆိပ် အတောက်ဖြစ်ပါတယ်။ ဗီတာမင်အေသည် လွန်ကျွံပါက အသည်းထိခိုက်ပါတယ်။ သံဓာတ်သည် အသည်းရောဂါကို ဆိုးစေပါတယ် အထူးသဖြင့် အရက်ကြောင့် ဖြစ်သော အသည်းရောဂါ၊ အသည်းရောင်စီရောဂါ၊ အဆီစုအသည်းရောင်ရောဂါ (STEATOHEPTI TIS) သံဓာတ်များရောဂါတို့ ဖြစ်ကြပါတယ်။
၉။ ရောဂါရှိသူ ကာကွယ်ဆေးထိုးလို့ ရပါသလား။
ထိုးသင့်ပါတယ်။ အရက်ကြောင့် ဖြစ်စေ၊ စီပိုးကြောင့်ဖြစ်စေ အသည်းရောဂါရှိပါက ဘီပိုးမ၀င်ရန် ကာကွယ်ဆေးထိုးရပါ မယ်။ အခြားသော အသည်းရောဂါများတွင်လည်း ထိုးထားသင့်ပါတယ်။ ကျောက်ကပ် (STEATOHEPTITIS) သံဓာတ်များ ရောဂါတို့ ဖြစ်ကြပါတယ်။
၁၀။ အစာအာဟာရနှင့် လေ့ကျင့်ခန်းတို့သည် အသုံးဝင်ပါသလား။
အစာအာဟာရပြည့်ဝအောင် သင့်တင့်မျှတစွာ စားရပါတယ်။ ၀လွန်းလျှင် ကိုယ်အလေးချိန်ချရပါမယ်။ အဆီလျှော့ရန် သင့်တင့်မျှတသော လေ့ကျင့်ခန်း လုပ်ရပါမယ်။
အသည်းခြောက်ပြီဆိုလျှင် ကိုယ်ဖောကိုယ်ရောင် တိုးစေသောကြောင့် ဆားများသော ငန်သောအစာ (ဥပမာ-ငါးပိ၊ ငါးခြောက်၊ ငံပြာရည် . . .)၊ ဆိုဒါပါသောအစာများ (ဥပမာ-ကိတ်ခြောက်၊ ဘီစကစ် . . .)၊ ဘိလပ်ရည်၊ ဂက်(စ်)ပါသော အချိုရည်ဘူးများကို ရှောင်ရပါမယ်။
၁၁။ အသည်းခြောက် ရောဂါရှင်များအတွက် အထူးသတိထားရမည့် အချက်များရှိပါသလား။
အရက်မသောက်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ အသည်း ထိခိုက်သော ဆေးများရှောင်ခြင်း၊ သံဓာတ်ပါသော ဆေးများ ရှောင်ခြင်း၊ ပရဆေးများ မလိုအပ်ဘဲစားခြင်းတို့ဟာ အရေးပါပါတယ်။ ဒါ့အပြင် သွေးအန်တက်သဖြင့် အစာအိမ်မှန်ပြောင်း နှင့် ကြည့်ဖို့လိုပါတယ်။ သွေးကြောထုံးများကြီးပါက PROPRANOLOL ဆေးပေးရပါတယ်။ သွေးကြောထုံးသေးပါက မပေးပါ။ တစ်ကြိမ်သွေးအန်ဖူးလျှင်၊ ၀မ်းအမည်းသွားဖူးလျှင် မကြာခဏ မှန်ပြောင်း ကြည့်ရန်လိုပါတယ်။ ရေဖျဉ်းထဲတွင် ပိုးဝင်တတ်သဖြင့် ဖျားနာတိုင်း စနစ်တကျကုရန်လိုပါတယ်။ ခွဲစိတ်မှုလိုတိုင်း ခွဲရန်အခြေအနေ သင့်တော်အောင် ပြုပြင်ပြီးမှ ခွဲသင့်ပါတယ်။
အသည်းကင်ဆာသို့ ကူးပြောင်းပါက စောစောသိနိုင်ရန် ခြောက်လကြာတိုင်း ALPHA FETOPROTEIN စမ်းသပ်မှုနှင့် ULTRASOUND တီဗီဓာတ်မှန်ရိုက် စမ်းစပ်မှုလုပ်ရန်လိုပါတယ်။ ဤနည်းများမှာ အသည်းရောဂါမဖြစ်စေရန်နှင့် နာတာရှည်အသည်း ရောဂါ တိုးဆိုးမသွားစေရန် ယေဘုယျနည်းများ ဖြစ်ကြပါတယ်။
ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းပါတယ်။ သို့သော် အချို့ကုသမှုများဟာ ထိရောက်သော ကာကွယ်မှု အခြား နည်းလမ်းများမရှိသေးပါက ကုသမှု (ဥပမာ-အသည်းရောင်စီကုသမှု) သည်ပင်လျှင် ရောဂါပြန့်ပွားမှုကို ကာကွယ်ခြင်း ဖြစ်ပါ တယ်။
( မှ ) ကူးယူဖော်ပြသည်