Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

ကျတော်တို့အဖွဲ့နဲ့ ဘာဘူးလေး

အတန်းထဲမှာ အင်မတန်ဆိုးတဲ့
အပေါင်းအပါတစုရဲ့ ခက်ညစ်ညစ်
ဟာသအကြံတွေအောက်မှာ
ဘာဘူလေးက ဝတ်သားတုတ်ထိုးကို
မလူးမလွန့်သာ ဟန်လုပ်ပြီးစားပြခဲ့တယ်
သူသိတာက ငါတို့နဲ့
အပေါင်းအသင်းဖြစ်ဖို့လေ ။

ခဏခဏ မစပါနဲ့ကွာ
မပီမသ စကားလုံးတွေနဲ့
ကုလားကုလား ဝက်သားစားဆိုတဲ့
ပျက်လုံးတွေအတွက်
ငါ့အိမ်ကသိရင် ဆူလိမ့်မယ်တဲ့
မျက်နှာငယ်နဲ့ ယဲ့ယဲ့အပြုံးတွေဆင်
အပေါင်းအသင်းဖြစ်ဖို့အရေး
သူ စွန့်စားခန်းတွေဖွင့်ခဲ့တယ် ။

ဘာဘူလေး ဘာဘူးလေးနဲ့
အဖွဲ့ထဲမှာ အသည်းကျော်အောင်
သူအနစ်နာခံ စံတင်လောက်အောင်
ချစ်ခဲ့ကြတယ် တခါတလေများဆို
တုတ်ထိုးဆိုင်လစ်ရအောင် စတဲ့
သူ့ရဲ့စည်းရုံးရေးမှာ သူငယ်ချင်းတသိုက်
အရည်တွေပျော်ခဲ့တယ် ။

ခေတ်ရေစီးကြောင်းမှာ
သူတလူငါတမင်း စီးမျောရင်း
ဘဝခရီးလျှောက်လှမ်းကြတော့
ချစ်ဆုံးတွေ အဝေးကြီးဝေးခဲ့တယ်
ခုနေ ဘာဘူလေးကိုတွေ့ရင်
ဘယ်လိုမျက်နှာကြည့်ရမလဲ
ခေတ်ကာလရယ် အပြောင်းကြီး
ပြောင်းခဲ့ပါရော့လားကွယ် ။

(ငယ်စဉ်တောင်ကျေး ကလေးဘဝက ချစ်သူငယ်ချင်း ဘာဘူလေးသို့)


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS