Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

သ ခင် မျိုး

အမျိုးမှန်တဲ့ သခင်မျိုးပဲ
မြင်းခွာတစ်ချက်ပေါက်မှတော့
မီးဟုန်းဟုန်းတောက်ရမှာပေါ့
ရွှေမှန်ကင်းတဲ့ မြန်မာဟာ
ထင်းဖြစ်ရရိုး ထုံးစံမရှိဘူး
ပတ္တမြားမှန်မှတော့ ဘယ်နွံကနစ်စေမှာလဲ
သေချာပေါက် ရဲရဲတောက်နီရမှာပေါ့ ။

သမိုင်းတစ်ကွေ့မှာအကြောင်းမလှလို့
တုံးအောက်ကဖား ခဏဖြစ်ရလည်း
ခေတ် ရဲ့ မှတ် ကျောက်
အာဇာနည်တို့သွေး ရဲရဲတောက်နီ
ဘယ်သူမှမပေးတဲ့ သမိုင်းတာဝန်တွေ
ထမ်းပိုးပြီး ကေသရာဇာခြင်္သေ့လိုစိတ်နဲ့
သ ခင် မျိုး ဟေ့ ဒို့ ဗ မာ လို့
မြန်မာသွေးကို ကမ္ဘာကိုချပြခဲ့တာ
ကြားရသူတို့ ကြက်သီးဖျန်းဖျန်းထ
မှတ်ကျောက်တင်ခဲ့တယ် ။

အမေကျော်ပြီး ဒွေးတော်ကိုမလွမ်းဘူး
ဘယ်တော့မှ သွေးမနီးလာတဲ့
ပထွေးကို အဖေလို့မတော်ဘူး
ရွှေမှန်ကင်းတဲ့ မြန်မာဟာ
ထင်းဖြစ်ရရိုး ထုံးစံမရှိဘူး
ဒီမြေဟာငါတို့မြေ ဒီရေဟာငါတို့ရေ
ဒီမြေမှာ ဖောက်ပြန်ရေးသမားမရှိဘူး
ဒီရေမှာ အတ္တငါးတွေမကူးဘူး
ဒီလေမှာ ငှက်ရိုင်းတွေမမြူးဘူး
သခင်မျိုးတွေမို့ မသူတော်တွေ
ရှောင်ကြလော့ရှားကြလော့ ။


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS