Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

နိုက်ကလပ်မှာ သာတဲ့လ

မြို့ပြညရဲ့ မီးရောင်စုံထဲ

နိုက်ကလပ်တခုမှာ

လမင်ငယ်လေးတစ်စင်း

ခပ်မှိန်မှိန်လေး သာနေတယ်

ကိုယ်ခန္ဓာဖွင့်ဖွင့်ဖြိုးဖြိုးနဲ့
 
သားစားကျားတွေရဲ့ကြား

ရှောင်ရင်းတိမ်းရင်းကျော်လွှားရင်း

အသက်မပါတဲ့ အပြုံးတွေနဲ့

မနှစ်မြို့တဲ့ ထွက်ပေါက်ကို

ခါးသီးနေတဲ့ကြားက

အပီပြင်ဆုံးဖြစ်အောင်

သရုပ်ဆောင်မိတယ် ။

ရင်နင့်စွာခါးသီးနေပေမယ့်

အိမ်မှာစောင့်နေတဲ့ ငါးဆယ်ကျော်

အသက်ရှူသံတွေကို

ဘဝနေအကျမှာ

တိမ်တောက်စေချင်လို့

တခါတလေ ဆန္ဒမပါပဲ

ကာမေသုကံရဲ့စည်းကို

မှားနေမှန်းသိသိကြီးနဲ့

မျက်စိစုံမှိတ်ပြီးကျော်ဖြတ်ရတယ

အိနြေ္ဒပျက်တဲ့ ဝမ်းစာကို

အသဲနာပေမယ့် ဒီလမ်းကို

ဘယ်လောက်ကြာအောင်

လျှောက်ရအုံးမယ်မသိတော့ပြီ ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS