(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
ပန်း နု ရောင်
Labels:
poem
ရင်ခုန်သံစစ်တမ်းတခုအတွက်
နှလုံးသားခြင်း စီးချင်းထိုးဖို့
သူငယ်ချင်းဆိုတဲ့
အဖြူရောင်စည်းကို
မဝံ့မရဲလေးဖြတ်ကျော်ပြီး
ရဲရင့်ခြင်းရဲ့ အနီရောင်စည်းကို
မသိမသာသွေးတိုးစမ်းတော့
ချစ်ခြင်းရဲ့သင်္ကေတ
ပန်းနှရောင်နုတ်ခမ်းတစုံကို
အနမ်းတွေခင်းတဲ့လမ်းမှာ
တိတ်တဆိတ်တွေ့မိတယ်
ဒီရင်က ချစ်ခြင်းအတွက်
သူငယ်ချင်းဆိုစည်းကို
စစ်ကြေငြာခွင့်ပြုတော့ ချစ်သူ ။
တောင်းတသမျှကို ရင်ဖွင့်ရရင်
အကန့်အသတ်မရှိပဲ
အနမ်းတွေခင်းကျင်းတဲ့
လမ်းမကြီးအဆုံးထိတိုင်
တူနှစ်ကိုယ်ယှဉ်တွဲပြီး
အာဒံနဲ့ ဧဝတို့လို့
ချစ်ခြင်းရဲ့ ပန်းသီးတလုံးကို
တမက်တမော စားသုံးချင်ရဲ့ကွယ် ။
နှလုံးသားခြင်း စီးချင်းထိုးဖို့
သူငယ်ချင်းဆိုတဲ့
အဖြူရောင်စည်းကို
မဝံ့မရဲလေးဖြတ်ကျော်ပြီး
ရဲရင့်ခြင်းရဲ့ အနီရောင်စည်းကို
မသိမသာသွေးတိုးစမ်းတော့
ချစ်ခြင်းရဲ့သင်္ကေတ
ပန်းနှရောင်နုတ်ခမ်းတစုံကို
အနမ်းတွေခင်းတဲ့လမ်းမှာ
တိတ်တဆိတ်တွေ့မိတယ်
ဒီရင်က ချစ်ခြင်းအတွက်
သူငယ်ချင်းဆိုစည်းကို
စစ်ကြေငြာခွင့်ပြုတော့ ချစ်သူ ။
တောင်းတသမျှကို ရင်ဖွင့်ရရင်
အကန့်အသတ်မရှိပဲ
အနမ်းတွေခင်းကျင်းတဲ့
လမ်းမကြီးအဆုံးထိတိုင်
တူနှစ်ကိုယ်ယှဉ်တွဲပြီး
အာဒံနဲ့ ဧဝတို့လို့
ချစ်ခြင်းရဲ့ ပန်းသီးတလုံးကို
တမက်တမော စားသုံးချင်ရဲ့ကွယ် ။