Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

A I D S ရောဂါအကြောင်း နှင့်စပ်ဆက်ရာများ

လူ့ သွေးထဲမှာ သွေးရည်ကြည်၊ သွေးဖြူဥနဲ့  သွေးနီဥများပါဝင် ဖွဲ့ စည်းထားပါတယ်။ သွေးဖြူဥများက
လူ့ ခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့ ရောဂါပိုးများကို တိုက်ရိုက်တိုက်ဖျက်တာရော အဲဒီရောဂါပိုးနဲ့ သက်ဆိုင်တဲ့ ကိုယ်ခံစွမ်းအား ထုတ်လုပ်ပြီး တိုက်ဖျက်တာရော၊ တိုက်ဖျက်မှုအမျိုးမျိုးနဲ့  ကာကွယ်တားဆီးပါတယ်။




၂။
သွေးဖြူဥထဲမှာ သွေးဖြူဥခေါင်းဆောင်က ဦးဆောင်ပြီး ကျန်တဲ့ သွေးဖြူဥတွေထဲမှာ ကိုယ်တိုင် အသေခံ
တိုက်ဖျက်တဲ့ သွေးဖြူဥများနဲ့ ကိုယ်ခံစွမ်းအား ထုတ်လုပ်ပြီး တိုက်ဖျက်တဲ့ သွေးဖြူဥဆိုပြီး နှစ်မျိုးရှိပါတယ်။




၃။
ဤသို့  နည်းလမ်းအမျိုးမျိုးဖြင့် ခန္ဓာကိုယ်အတွင်းကို ၀င်ရောက်တဲ့ ရောဂါပိုးမှန်သမျှကို သွေးဖြူဥ အဖွဲ့ များက
တိုက်ခိုက်ချေမှုန်းမှု ပြုပါတယ်။




၎။
HIV ဆိုတာ AIDS ရောဝါကို ဖြစ်စေတဲ့ အလွန်သေးငယ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုး ဖြစ်ပါတယ်။
အဲဒီပိုးက သွေးထဲမှာရှိတဲ့ သွေးဖြူဥများကို တိုက်ခိုက်ဖျက်ဆီးခြင်းဖြင့် AIDS ရောဂါ၊ တစ်နည်းအားဖြင့်
ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို ခံစားရရှိစေပါတယ်။


၅။
HIV ပိုး လူ့ ခန္ဓကိုယ်အတွင်းသို့  ရောက်ရှိလာတဲ့အခါ သွေးဖြူဥများကို တိုက်ခိုက်ဖျက်ဆီးပစ်ပါတယ်။



၆။
ထိုအခါ သွေးဖြူဥခေါင်းဆောင်အပါအ၀င် သွေးဖြူဥများ ပျက်ဆီးသွားခြင်းကြောင့် အခြားရောဂါပိုးများကို
တိုက်ခိုက်ချေမှုန်းရန် အင်အားမဲ့သည့် အခြေအနေသို့  ဆိုက်ရောက်သွားပါတော့တယ်။
အဲဒီအချိန်မှာ အကာအကွယ်မဲ့နေတဲ့ ခန္ဓာကိုယ်အတွင်းသို့  အခြားပိုးများ ၀င်ရောက်လာပြီး ရောဂါလက္ခဏာ
ပေါင်းစုံကို ခံစားရရှိစေပါတော့တယ်။ လူ့ ခန္ဓာကိုယ်ရဲ့ ခုခံမှု စွမ်းအားစနစ် ပျက်စီးသွားတာကို အခွင့်အရေးယူပြီး
ဝင်ရောက်လာတဲ့ ရောဂါများရဲ့  ရောဂါလက္ခဏာပေါင်းစုံ ရရှိခံစားလာရခြင်းကို ခုခံအားကျဆင်းမှု ကူစက်ရောဂါ
ဖြစ်တယ်လို့  ခေါ်ပါတယ်။


၇။
HIV ပိုးကို အဓိကအားဖြင့် ရောဂါပိုးရှိသူရဲ့  သွေး၊ အမျိုးသမီးလိင်အင်္ဂါမှ ထွက်သောအရည်နှင့် အမျိုးသားသုတ်ရည်တို့ တွင် တွေ့ ရှိနိုင်ပါတယ်။


၈။
ဒါကြောင့် HIV ပိုးရှိနေတဲ့ လူတစ်ဦးဦးနဲ့  လိင်တူ လိင်ကွဲ ဆက်ဆံမှုပြုမယ်ဆိုရင် ....



၉။
HIV ရောဂါပိုးရှိသူနဲ့  ဆေးထိုးအပ်၊ ပြွန်များမျှဝေသုံးစွဲပြီး မူးယစ်ဆေးဝါး အကြောထဲထိုးသွင်းမှုပြုမယ်ဆိုရင်၊
စနစ်တကျ ရောဂါပိုးသန့် စင်မှု ပြုမထားတဲ့ ဆေးထိုးအပ်၊ ပြွန်များနဲ့  ဆေးထိုးခံမယ်ဆိုရင်....


၁၀။
ရောဂါပိုးကူးစက်ခံရနိုင်တဲ့ အောက်ဖော်ပြပါ အပြုအမူမျိုးတွေရှိတဲ့ လူရဲ့ သွေး သွင်းမိမယ်ဆိုရင်
ရောဂါပိုး ကူးစက်နိုင်ပါတယ်။
- အဖော်များစွာ ( ယောက်ျား၊ မိန်းမ) နဲ့  လိင်မှုကိစ္စ လိုက်စားသူ
- မူးယစ်ဆေး အကြောထဲ ထိုးလေ့ရှိသူ



၁၁။
HIV ရောဂါပိုးရှိနေတဲ့ ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားသို့ လည်း ကူးစက်နိုင်ပါတယ်။



၁၂။
လူတစ်ယောက်ကို သာမန်အပြင်ပန်းကြည့်ရုံနဲ့  ရောဂါပိုး ရှိ၊ မရှိ ပြောလို့ မရပါဘူး။
ကာယကံရှင် ကိုယ်တိုင်တောင် ကိုယ့်ကိုကိုယ် ရောဂါပိုးကူးစက်ခံနေရသူလို့  သိချင်မှ သိပါလိမ့်မယ်။



၁၃။
HIV ရောဂါပိုးရှိသူနဲ့ - လက်တွဲနှုတ်ဆက်ရုံ၊ ပွေ့ ဖက်နမ်းရှုပ်ရုံ၊ အတူကစားရုံ၊ ရေကူးရုံ၊ အတူ အလုပ်လုပ်ရုံ၊
အတူ ဘတ်စ်ကားစီးရုံနဲ့  HIV ပိုး မကူးစက်နိုင်ပါဘူး။ တယ်လီဖုန်း၊ အိမ်သာနဲ့  ခြင်၊ ယင်၊ ကြွက်၊ ပိုးမွှားများမှ
တဆင့်လည်း ဒီရောဂါပိုး မကူးစက်နိုင်ပါဘူး။


၁၄။
ကိုယ်ခန္ဓာအတွင်း၌ ရောဂါပိုး ရှိနေသော်လည်း ချက်ချင်း ရောဂါပိုးလက္ခဏာ ထင်ရှားစွာ မပြသဖြင့် မိမိ၌
ရောဂါပိုးရှိနေကြောင်း မသိနိုင်ပါ။ ရောဂါပိုးဝင်ရောက်ပြီး ( ၅ )နှစ်မှ ( ၁၀ ) နှစ်အတွင်း ရောဂါလက္ခဏာများ
စတင်ပေါ်ပေါက်လာနိုင်ပါတယ်။ HIV ပိုး ကူးစက်ခံရပြီဆိုလျှင် ပျောက်ကင်းအောင် ကုသ၍ မရနိုင်သေးပါ။


၁၅။
လိင်အပျော်အပါး လိုက်စားရာမှ ဆီးပူညောင်း( ပြည်)ကျခြင်း၊ လိင်အင်္ဂါ ယားယံရောင်ယမ်းခြင်းများကို ကာလသားရောဂါ ဖြစ်တယ်လို့ ခေါ်ပါတယ်။ ဒီလိုဖြစ်လာရင် ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာန၊ ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးဌာနများထံ အမြန်ဆုံးပြသပြီး ထိရောက်သော ဆေးဝါးကုသမှုများ ခံယူရန် လိုအပ်ပါတယ်။




၁၆။
အောက်ပါအချက်တွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် HIV ပိုး ကူးစက်မှု အန္တရာယ်ကို လျော့နည်းစေမှာ ဖြစ်ပါတယ်။
အဖော်တစ်ယောက်သာထားပါ၊ ( အိမ်ထောင်သည် ဖြစ်ပါက တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးပါ)၊ အန္တရာယ်ကင်းသော လိင်ဆက်ဆံမှုကို ပြုကျင့်ပါ၊ ကွန်ဒုံး စနစ်တကျ သုံးစွဲပါ။ ဆေးထိုးအပ်၊ ပြွန်များကို အခြားသူများနဲ့  မျှဝေသုံးစွဲခြင်း မပြုပါနဲ့ ။ မူးယစ်ဆေးဝါး၊ အရက်သေစာ သောက်စားခြင်းကို ရှောင်ပါ။



ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ ထိရောက်၏။
မိမိကိုယ်တိုင် အသိပညာနှင့် ဆင်ခြင်စောင့်စည်းလိုက်နာခြင်းဖြင့် မိမိ၏ ချစ်သူ၊ ဇနီး၊ ခင်ပွန်း၊ မိသားစုမှသည် လူမှုဝန်းကျင် ကျန်းမာရေး အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီ ဆောင်ရွက်နိုင်ပါစေ။
စာပေသူငယ်ချင်းများ၊ စာဖတ်သူများအားလုံး ကျန်းမာပျော်ရွှင်သော လူမှုဘ၀များကို ပိုင်ဆိုင်ကြပါစေ...

ခင်မင်လေးစားလျက်

နန္ဒ ( တောင်ငူ )
 --------------------------------------------------------------------------

HIV ဝေဒနာရှင်တွေ ခရီးသွားခွင့်ကန့်သတ်မှု အဆုံးသတ်ရေး AIDS ညီလာခံမှာတောင်းဆို


TEXT SIZE
HIV ရောဂါပိုး ရှိသူတွေကို ခရီးသွားလာခွင့် ပိတ်ပင်တာ၊ နိုင်ငံဝင်ရောက်ခွင့် ဗီဇာ မပေးတာ စတဲ့ တားမြစ်ကန့်သတ်ချက်တွေကို ရုပ်သိမ်းဖို့ နိုင်ငံတကာမှာ AIDS ရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့တွေ စုပေါင်းထားတဲ့ ဦးဆောင်ညွန့်ပေါင်း အဖွဲ့ကြီးရဲ့ အကြီးအကဲဖြစ်သူတွေက တောင်းဆိုလိုက်ပါတယ်။

ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၄၆ နိုင်ငံက ချမှတ်ထားတဲ့ ဒီလို ကန့်သတ်မှု စည်းမျဉ်းတွေဟာ ခွဲခြားဆက်ဆံမှု ဖြစ်သလို၊ စီးပွားရေး လုပ်ငန်းတွေ အတွက်လည်း အခြေအနေဆိုး ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာ  ၆ ရက်ကြာ လုပ်မယ့် နိုင်ငံတကာ AIDS ညီလာခံ စတင်တဲ့ ဒီနေ့မှာ ဒီလို ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
နိုင်ငံအရပ်ရပ်က AIDS ရောဂါ သုတေသီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ သံတမန်တွေ၊ အခြား ရောဂါတိုက်ဖျက်ရေးမှာ ဆက်နွယ် ပတ်သက်သူတွေ စုစုပေါင်း နှစ်သောင်းငါးထောင် လောက် ဒီညီလာခံကို တတ်ရောက်မှာဖြစ်ပါတယ်။

ဒီညီလာခံကို အခု အသံလွှင့်ချိန် အမေရိကန်စံချိန် ည ၇ နာရီမှာ စတင် ဖွင့်လှစ် ကျင်းပပြုလုပ်နေပြီ ဖြစ်ပါတယ်။ ညီလာခံ တတ်ရောက် လာသူတွေကို ၀ါရှင်တန်ဒီစီ မြို့တော်ဝင်က ကြိုဆို မိန့်ခွန်းစကား ပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း အဖွင့် ဗွီဒီယိုမိန့်ခွန်း ပြောသလို၊ အမေရိကန်ပြည်ထောင်စု ကျန်းမာရေးနဲ့ လူမှုဝန်ထမ်း ၀န်ကြီး Kathleen Sebelius လည်း ကိုယ်တိုင် တတ်ရောက် မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

အဲဒီညီလာခံမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်၊ အရင်သမ္မတဟောင်း ဘီလ်ကလင်တန် နဲ့ သမ္မတကတော်ဟောင်း မစ္စလော်ရာဘုရှ် တို့က မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။
မိန့်ခွန်းပြောကြားမယ့် တခြား ထိပ်တန်းပုဂ္ဂိုလ်တွေ အထဲမှာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim နဲ့ Microsoft ကုမ္ပဏီဥက္ကဋ္ဌ Bill Gates တို့လည်း ပါဝင်ပါတယ်။

မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း အမျိုးသမီးနဲ့ AIDS ရောဂါဆိုင်ရာ ဆွေးနွေးပွဲတခုမှာ ဗွီဒီယိုမိန့်ခွန်း ပြောဆိုဖို့ရှိပါတယ်။ ၂ နှစ်တကြိမ် ကျင်းပနေတဲ့ ဒီညီလာခံကို ဇူလိုင်လ ၂၂ ရက်နေ့က ၂၇ ရက်နေ့အထိ ၀ါရှင်တန်မြို့တော်မှာ ကျင်းပမှာဖြစ်ပါတယ်။ 
--------------------------------------------------------------------------------------
 ဖြားယောင်းခံ မိန်း ကလေး
အရွယ်ကောင်း၊ ရုပ်ချော မိန်း ကလေး ငယ်များကို သွေးဆောင် ဖြား ယောင်းပြီး လိင်မှုကိစ္စ အလို့ငှာ မြှူ ဆွယ်နေသော လူပွဲစား များသည် ရန်ကုန် ကဲ့သို့သော မြို့ကြီးများ တွင် ပင် ပြောင်ပြောင် တင်းတင်း လှုပ်ရှား သွားလာ လျက် အသိတရား ကိုယ်ခံ အား နည်းပါး သော မိန်းကလေးငယ် များကို မက်လုံးပေး ဆွဲဆောင် နေ ကြောင်း သိရသည်။
မကြာသေးမီက ကျင်းပပြီးစီး သွားခဲ့သော သင်္ကြန် ပွဲတော်အတွက် တစ်ခုသော သင်္ကြန်မဏ္ဍပ် ၌ ဖျော်ဖြေ ရန် မိန်းကလေး အဆိုရှင်များကို ယှဉ်ပြိုင် စေပြီး လူရွေးပွဲ ပြုလုပ်ခဲ့ သည်။ အရွေးချယ် ခံရသူ မိန်းက လေး အဆိုရှင် များသည် တစ်ဦးလျှင် အနုပညာ ကြေး ကျပ် ၂,၅၀,၀၀၀ ရရှိ မည် ဖြစ်ပြီး သင်္ကြန်တွင်း လေးရက်စာ အတွင်း အစားအသောက်ပါ အခမဲ့ စီစဉ် ပေးသွားမည် ဖြစ်ကြောင်း သိရ သည်။
ထိုသို့ အဆိုရှင် ရွေးပွဲ ကျင်းပ ပြီးနောက် အရွေးချယ် ခံရသော မိန်း ကလေး တစ်ယောက်ကို ထိုပွဲအတွက် ကန်ထရိုက် ယူကာ တာဝန်ခံစီစဉ် ပေးသော အမျိုးသမီးကြီး တစ်ဦးက ချဉ်းကပ်ကာ မိန်းကလေး ကသာ ဆန္ဒ ရှိလျှင် သက်ကြီးပိုင်း အမျိုးသားကြီး တစ်ဦးက လိုအပ်သော အထောက် အပံ့ပေးလျက် တရားမ၀င် ပေါင်း သင်းရန် အစီအစဉ် ရှိကြောင်း ပြော ကြား ခဲ့သည် ဟုသိရသည်။ ထိုမိန်းကလေးက ခါးခါးသီးသီး ငြင်းဆန်သော အခါ အမျိုးသမီးကြီး က လေသံ ပြောင်းကာ နောက်ဆုတ် သွားပြီး နောက်သုံးရက် နေသော နေ့ တွင် ဖုန်းဖြင့် ဆက်သွယ်ကာ ထိုရေ ကစား မဏ္ဍပ်၌ ဖျော်ဖြေမည့် အစီအစဉ် တွင် နာမည်ကြီး မင်းသားမင်းသမီး အဆိုတော်များကို ဖိတ်ကြား မည်ဖြစ် သဖြင့် နာမည် မရသေး သူများကို သုံး မည် မဟုတ်ကြောင်း အကြောင်းပြန် ကြား ခဲ့သည်ဆို၏။
“သမီးက သူပြောတဲ့ အစီအစဉ် ကို မလိုက်နာ နိုင်ကြောင်း ပြတ်ပြတ် သားသား ပြောခဲ့ တာပဲရှိတယ်။ ဘာ မှ မိုက်မိုက်ရိုင်းရိုင်း နစ်နစ်နာနာ ပြော ခဲ့တာ မရှိ ပါဘူး။ အဲဒါ ဖုန်းလာလို့ ကိုယ်မပါဘူး ဆိုတာသိရတော့ စိတ် ထဲမှာ တော်တော် ခံပြင်း မိတယ်။ သူ တို့က သမီးကို လူရွေးပွဲမှာ အောင် တော့ စရန် ငါးသောင်း ပေးပြီး သား။ အဲဒါကို ပြန်ပေးမယ်ဆို တော့ နေပါစေတဲ့။ အဆုံးထား လိုက် ပါတယ်တဲ့။ သမီးက သူတို့ဆီ သွားပြီး စရန်ကိုတောင် ပြန်ပေးပစ် ချင်တာ။ လုံးဝ ယူမထားချင်ဘူး။ ဒါပေမဲ့ သူတို့နဲ့ ထပ်မတွေ့ ချင်လို့၊ သူ တို့နဲ့ မျက်နှာချင်း ထပ်မဆိုင် ချင်လို့ မသွားဘဲ နေလိုက်တာ။ ရှက်လည်း ရှက်တယ်၊ ဒေါသလည်း ထွက်တယ်၊ ၀မ်းလည်း နည်းတယ်”
ဟု အမည် မဖော်လို သော ဖြားယောင်းခံ မိန်း ကလေး ငယ်က မြန်မာပို့စ်သို့ ပြော သည်။ ထိုသို့ ငွေကြေး ဓန အင်အား ဖြင့် မြှူဆွယ် ဖြားယောင်း ကာ အရွယ် ကောင်းသော မိန်းကလေး ငယ်များ၏ ဘ၀ကို နွံအိုင် အတွင်း တွန်း ပို့ရန်ကြိုး ပမ်း နေသော ဖြစ်ရပ် များမှာ မြို့ကြီး များတွင် ကျယ်ပြန့် လာနေပြီ ဖြစ် ကြောင်း သိရသည်။ အထူးသဖြင့် ရုပ်ရည် ချောမော လှပသောမိန်းက လေးငယ် များသည် လှချင်ပချင် ၀င့် ကြွားချင် စိတ်တို့ကိုရှေ့တန်းတင် လျက် အသွေးအသား ကို ဈေးကစား မိကြ သလို ရေလိုက် လွဲမှား မှုများ ရှိနေ ကြောင်းလည်း သတိပြု မိသူတို့က ဆိုသည်။ အထက် ဖော်ပြပါ သင်္ကြန် မဏ္ဍပ် ဖြစ်ရပ်တွင် ဖြားယောင်း ခံရ သော မိန်းကလေးမှာ မိဘ များက ငွေကြေး ဓန တောင့်တင်း သူများဖြစ် ခြင်း၊ သူမသည် အနုပညာ သက် သက်ကိုသာ ရူးသွပ်ကာ အခြား ပလွှား မှုများ ကို အာရုံ မရောက်ခြင်း စသည် တို့ကြောင့် ဖြားယောင်း မှုကိုတွန်း လှန်နိုင် ခဲ့ခြင်းဖြစ်သည်။
အကယ်၍ လူပွဲစားများ ဖြားယောင်းသည့် အတိုင်း စပွန်ဆာ(ထောက်ပံ့မှု) ပေးမည့်သူထံ မှ တိုက်ခန်း၊ ကား၊ ဖုန်း၊ အသုံးအ ဆောင်၊ ငွေကြေး စသည် တို့ကို မက် မောကာ ခေါင်းညိတ် လိုက်ပါက ထို မိန်းကလေး ၏ဘ၀သည် လူမ သိသူ မသိနွမ်းရိ သွားမည့် အကြွေပန်းဘ၀ ရောက်သွား နိုင်မည်ဖြစ်ကြောင်း ခန့် မှန်း သိရှိနိုင်သည်။ ထို့ကြောင့် တော်ရုံ တန်ရုံအသိ ဖြင့် မရှောင်လွှဲနိုင်သာ သော မက်လုံး အမျိုးမျိုး ပြကာ မြှူဆွယ် ဖြားယောင်း ပြီး အရွယ်ကောင်း မိန်းကလေးချော ချောများ ၏ဘ၀ကို နင်းခြေ ဖျက်ဆီး လိုသည့် လူပွဲစား များကို အမျိုးသား ရေး တာဝန် တစ်ရပ်အဖြစ် ဖော်ထုတ် တားဆီး သင့်ကြောင်း အသိပေးတင် ပြ လိုက်ရပေသည်။

ကျော်ဇောလေး
------------------------------------------------------------------------------------
အပြာရုပ်ရှင်များ​​တွင် ကွန်ဒုံး​​အသုံး​​ပြုရဖွယ်ရှိ
23-12-2011
အ​​မေရိကန် နိုင်ငံတွင် ရိုက်ကူး​​​သော အပြာရုပ်ရှင်များ​​တွင် ကွန်ဒုံး​​အသုံး​​ပြုရဖွယ် ရှိ​​နေ​​ကြောင်း​​ သိရသည်။
ညစ်ညမ်း ​​ဇာတ်ကား​​ အများ​​စု ရိုက်ကူး​​ထုတ်လုပ်ရာတွင် ကွန်ဒုံး​​သုံး​​စွဲခြင်း​​ မရှိ​​ သော်လည်း​​ ၂၀၁၂ ခုနှစ်၊​ ဇွန်လတွင် ပြုလုပ်မည့်​​ မဲ​​ပေး​​ပွဲအတွင်း​​ အဆိုပါ ကိစ္စအတွက် အဆိုတင်သွင်း​​ရန် စီစဉ်​​နေကြသည်။
AIDS ​​ရောဂါ ကာကွယ်တား​​ဆီး​​​ရေး​​ လှုပ်ရှား​​သူများ​​က ဦး​​စီး​​ကာ ရုပ်ရှင်များ​​တွင် ကွန်ဒုံး​​သုံး​​စွဲမှုကို ထည့်​​သွင်း​​ရိုက်ကူး​​ရန် ​​ဆော်ဩမှုများ​​ ပြုလုပ်​​နေသည်။ အချို့​​ကလည်း​​ ယခုကိစ္စသည် ကွန်ဒုံး​​​ရောင်း​​ချသည့်​​ လုပ်ငန်း​​ကြီး​​များ​​က မိမိတို့​​ပစ္စည်း​​ ​​ရောင်း​​စွံ​​စေရန် အဆန်း​​ထွင်​​နေခြင်း​​ဟု ​​ဝေဖန်​​နေသည်။ 
လော့ ​​စ်အိန်ဂျယ်လိစ် မြို့​​​တော်သည် အ​​မေရိကန်၏ ညစ်ညမ်း​​ဇာတ်ကား​​များ​​ ထုတ်လုပ်သည့်​​လုပ်ငန်း​​ အဓိက အ​​ခြေစိုက်ရာ ​​ဒေသလည်း​​ဖြစ်သည်။ အပြာရုပ်ရှင် ဇာတ်ကား​​ ထုတ်လုပ်သူများ​​သည် ပြီး​​ခဲ့​​သည့်​​ နှစ်ပိုင်း​​များ​​အတွင်း​​ ပြည်သူ့​​ကျန်း​​မာ​​ရေး​​ အာဏာပိုင်များ​​၏ ဆန့်​​ကျင်ဘက် ဖိအား​​​ပေး​​မှုများ​​နှင့်​​ ရင်ဆိုင်လာရပြီး​​ ယခုအခါတွင်လည်း​​ ကွန်ဒုံး​​သုံး​​စွဲ​​ရေး​​ လှုံ့​​​ဆော်မှုများ​​နှင့်​​ ကြုံ​​နေရသည်။
အသက် ၂၅ နှစ်ရှိ အပြာရုပ်ရှင် သရုပ်​​ဆောင်​​ဟောင်း​​ ဒါရစ်ဘရုသည် ၂၀၁၀ ပြည့်​​နှစ်က ဇာတ်ကား​​ရိုက်ကူး​​ရင်း​​ HIVပိုး​​ ကူး​​စက်ခြင်း​​ ခံရသည်။ ယခုကိစ္စနှင့်​​ ပတ်သက်ပြီး​​ အပြာဇာတ်ကား​​များ​​ ရိုက်ကူး​​ထုတ်လုပ်​​နေသည့်​​ လုပ်ငန်း​​များ​​ဘက်မှ တစ်စုံတစ်ရာ မှတ်ချက်​​ပေး​​မှု မရှိ​​သေး​​​ကြောင်း​​ သိရှိရသည်။
----------------------------------------------------------------------------------------
ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် HIV ရောဂါဖြစ်ပွားသူဦးရေ နှစ်သိန်း လေးသောင်းကျော်ရှိသည့် အနက် ရောဂါဖြစ်ပွားသူများ၏ ၆ဝ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။
ထိုသို့ HIV နှင့် AIDS ရောဂါ ကူးစက်ခံရသူ အမျိုးသမီးများအနက် ရောဂါဖြစ်ပွားသူအများစုမှာ ဆယ်ကျော်သက် အရွယ်လူငယ်များဖြစ် ကြပြီး လိင်ကုန်ကူးခံရသူများ၊ ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများနှင့် မူးယစ် ဆေးသုံးစွဲသူအမျိုးသမီးများထံတွင် အဆိုပါရောဂါကို အများဆုံး တွေ့ရှိရသည်ဟု ထပ်မံသိရသည်။
ကမ္ဘာ့ကုလသမဂ္ဂကလေးသူ ငယ်များရန်ပုံငွေအဖွဲ့ (UNICE) ၏ ယခုနှစ်ဖေဖော်ဝါရီအတွင်း ထုတ် ပြန်ချက်များအရ ကမ္ဘာပေါ်တွင် နှစ်စဉ်နှစ်တိုင်း HIV နှင့် AIDSရောဂါ ဖြစ်ပွားသူဦးရေ ၃၃ သန်းကျော် ရှိသည့်အနက် ရောဂါ ဖြစ်ပွားသူများ၏ သုံးပုံတစ်ပုံခန့်မှာ အသက် ၁၅ နှစ်မှ ၂၄ နှစ်အရွယ်ကြားရှိ ဆယ်ကျော်သက် အရွယ်လူငယ်များ ဖြစ်ကြကြောင်း၊ နှစ်စဉ်၌ အသက် ၁ဝ နှစ်မှ ၁၉ နှစ်ကြားရှိ လူငယ်အမျိုးသမီးကလေးများသည် သက်တူရွယ်တူ ယောက်ျားလေးများနှင့် ရောဂါပိုးရှိသူ အမျိုးသား ကြီးများထံမှ ကူးစက်ခံရ မှုနှုန်းမှာ ပိုမိုမြင့်မားလျက်ရှိကြောင်း၊ ထို့အပြင် နေ့စဉ်ကမ္ဘာနှင့် အဝှမ်း လူဦးရေ ၇၄ဝဝ ခန့်မှာ အဆိုပါရောဂါပိုးအား ကူးစက်ခံရပြီး ရောဂါကူးစက် ခံရသူများအနက် ၄ဝ ရာခိုင်နှုန်းမှာ အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြားရှိ လူငယ်ဆယ်ကျော်သက်များ ဖြစ်နေ ကြသည့်အတွက် ရောဂါကူးစက်ပြန့် ပွားမှုအား မထိန်းချုပ်နိုင်ပါက အနာ ဂတ်တွင် အန္တရာယ်ကြီးမားလာနိုင် ကြောင်း သိရသည်။
UNICEFမှ တာဝန်ရှိသူ တစ်ဦးက ”ဆယ်ကျော်သက်အရွယ် လူငယ်လေးတွေဟာ HIV နဲ့ ပတ်သက်လို့ ကျန်းမာရေး အသိပညာနဲ့ ဗဟု သုတတွေ နည်းပါးနေသေးတဲ့ အတွက် အခုလို ရောဂါကူးစက် ခံရမှုနှုန်း မြင့်မားလာ ရတာပဲ။ ရောဂါကူးစက်ခံရသူတွေကို ရောဂါနဲ့ပတ်သက်ပြီး သိရှိခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူတဲ့အခါမှာ အမျိုးသား ၃ဝ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၁၉ ရာခိုင်နှုန်း လောက်ကပဲ HIVနဲ့ပတ်သက်လို့ ဗဟုသုတအနည်းငယ် ရှိတာကို တွေ့ ရတယ်”ဟု ပြောသည်။
-----------------------------------------------------------------------------------------
HIV tests (အိတ်ခ်ျအိုင်ဗွီ) စစ်ဆေးနည်းများ
လူထဲကို ပိုးတမျိုးမျိုး ဝင်လာတာနဲ့ အဲဒါကို ခုခံတိုက်ဖျက်ပေးမဲ့ ဆိုင်ရာ ဆိုင်ရာ Antibody (အင်တီဘော်ဒီ) ခုခံအားတွေ ထွက်လာတယ်။ HIV antibody စမ်းတယ်ဆိုတာ အဲဒါတွေ Blood သွေးထဲ၊ Saliva တံတွေးထဲ နဲ့ Urine ဆီးထဲမှာ ရှိနေ-မနေ စစ်ဆေးတာ ဖြစ်ပါတယ်။

HIV antibody test (အင်တီဘော်ဒီ) စမ်းသပ်နည်းဟာ လူကြီးတွေမှာ HIV ရှိ-မရှိကို အသင့်တော်ဆုံးနဲ့ အသုံးအများဆုံး စစ်ဆေးနည်း ဖြစ်တယ်။ ဈေးလဲ မကြီးတဲ့ပြင် တိကျတယ်။ ဒီနည်းကို ELISA (Enzyme-Linked Immunoabsorbent) နဲ့ EIA (Enzyme Immunoassay) ခေါ်တယ်။ ရှိနေတာ ရှာတွေ့တယ်ဆိုတဲ့ သဘောက အဲဒီလူမှာ HIV ပိုး ဝင်နေပြီ။

ဒါပေမဲ့ ချွင်းချက် ၂ ခုရှိတယ်။
1. ပိုးရှိနေတဲ့ မိခင်ကနေ မွေးလာတဲ့ကလေးမှာ မအေဆီက (အင်တီဘော်ဒီ) တွေလဲ ပါလာတာမို့ ၁၈ လ အထိ ဆေးစစ်ရင် အပေါင်းလက္ခဏာ ပြမယ်။ တကယ်တော့ ဒီကလေးမှာ ပိုးရှိနေတာတော့ မဟုတ်ဘူး။ ဒီလို ကလေးမျိုးတွေကို PCR test ဆိုတာ လုပ်ပါတယ်။
2. HIV vaccine trials ကာကွယ်ဆေး စမ်းသပ်တာကို ခံယူနေသူတွေမှာလဲ အဲလိုပြမယ်။

HIV ပိုး ဝင်ထားသူ အများစုဟာ ကူးစက်တာခံရပြီး ၆-၁၂ ပါတ်အတွင်း စမ်းသပ်လို့ရတဲ့ (အင်တီဘော်ဒီ) တွေရှိလာမယ်။ ၆ လ နေမှ တွေ့တာ ရှားတယ်။ ဒိထက် ပိုကြာမယ်ဆိုတာ မဖြစ်နိုင်သလောက်ပါ။ ဒီလို ပိုးဝင်နေပေမဲ့ စမ်းလို့ မတွေ့သေးတဲ့ ကာလကို Window period ပြူတင်းပေါက်ကာလ၊ ကြားကာလ ခေါ်တယ်။ ဒါ့ကြောင့် ပိုးဝင်မယ်လို့ သံသယဝင်တဲ့နောက် ၃ လ အကြာမှာ စမ်းတာ သင့်တော်တယ်။ အဲဒီအချိန်မှာ မတွေ့သူဟာ ဥပမာ စိတ်မချရတဲ့ လိင်-ဆက်ဆံနည်းကနေ ပိုး မဝင်ခဲ့ဘူးလို့ ပြောနိုင်တယ်။ ၆ လ နေလို့မှ မတွေ့ရင်တော့ သေခြာပါတယ်။ ပိုးမကူးခဲ့ပါ။ နောက်တခါတော့ စိတ်ချရတဲ့ ဆက်ဆံနည်းကိုသာ သုံးပါ။

သတိကြီးဘို့ လိုတာက Window period မှာ တကယ်လို့ ပိုးရှိနေရင် သူများကို ကူးနိုင်တယ်။ Subtype B ပိုးမျိုးအတွက် HIV-1 antibody tests နည်းရဲ့ ပျမ်းမျှကြားကာလဟာ ၂၅ ရက်ရှိတယ်။ Antigen testing နည်းဆိုရင် ၁၆ ရက်နဲ့ NAT (Nucleic Acid Testing) နည်းက ၁၂ ရက်ကြာတယ်။ Window period မှာ Antiretroviral therapy (ဗိုင်းရပ်စ်) ဆေးသောက်လိုက်ရင် Antibodies ဖြစ်လာမှာကိုပါ နှေးစေလို့ ကြားကာလက ၁၂ လလောက်အထိ ကြာနိုင်တယ်။

ELISA test က တိကျလို့ မှားပြီး အပေါင်းပြတာ မရှိသလောက် ဖြစ်တယ်။ တကြိမ်စစ်လို့ အပေါင်းပြသူ အားလုံးကို Western blot (Protein immunoblot) နဲ့ Indirect immunofluorescence assay စမ်းသပ်နည်းတွေကို ဆက်လုပ်မယ်။ ဥရောပမှာ Line immunoassay ကိုပါ လုပ်မယ်။ ဆက်စစ်လို့လဲ အပေါင်းပြနေရင် ဝ့၁% ထက် မလွဲနိုင်တော့ပါ။ သူ့မှာ ပိုးရှိနေပြီ။

Antigen test (P24 test) (အင်တီဂျင်) စမ်းသပ်နည်းနဲ့ သေခြာစေနိုင်တယ်။ (အင်တီဂျင်) ဆိုတာ ကိုယ့်ပစ္စည်း မဟုတ်တဲ့ ပိုးမွှားလိုဟာ ဖြစ်တယ်။ ဒါမျိုး ဝင်လာရင် ကိုယ်ခန္ဓာကနေ (အင်တီဘော်ဒီ) ထုတ်စေမယ်။ HIV ပိုးရဲ့ အဲလိုဟာကို Protein P24 လို့ ခေါ်တယ်။ HIV ဝင်တာနဲ့ ၂-၈ ပါတ်အတွင်း P24 တွေ များများလာမယ်။ သွေးကို စစ်ရင် တွေ့မယ်။ ရောဂါ ရလာချိန်မှာတော့ သူတို့ ပျောက်ပျောက်သွားမယ်။ ဒါ့ကြောင့် P24 antigen test ကို အမြဲမလုပ်ဘဲ၊ စတုတ္ထ-မျိုးဆက် စမ်းသပ်နည်း အနေနဲ့သာ သုံးတယ်။ Fourth generation tests ဆိုတာ P24 antigen test နဲ့ Antibody test တွဲလုပ်တာကို ခေါ်တယ်။ ပိုတိကျတယ်။

PCR (Polymerase Chain Reaction) test ဆိုတာ HIV ပိုးရဲ့ မျိုးဇီဇကို စစ်တာဖြစ်တယ်။ ပိုးဝင်ပြီးနောက် ၂-၃ ပါတ် အကြာ စမ်းလို့ ရလာတယ်။ Viral load test နဲ့ HIV NAAT (Nucleic acid amplification testing) လို့လဲ ခေါ်တယ်။ ပိုးရှိ မိခင်ကနေ မွေးတဲ့ ကလေးကို PCR test လုပ်ရတယ်။ အမေဆီက Antibodies တွေရနေတယ်။ Antibody test က မတိကျလို့၊ ဈေးလဲကြီးတာမို့ လူတိုင်းကိုတော့ မစစ်ပါ။ ချမ်းသာ-တိုးတက်တဲ့ နိုင်ငံတွေမှာ သွေးလှူရာမှာလဲ PCR test ပါ လုပ်တယ်။

• Rapid HIV tests ဆိုတာ နည်းပညာအရ ELISA tests နဲ့တူပေမဲ့ စစ်ရတာ မိနစ် ၂ဝ သာကြာတယ်။ သွေး ဖြစ်ဖြစ် သွားရည် ဖြစ်ဖြစ် စစ်နိုင်တယ်။ Rapid Antibody Test ကို Rapid or point-of-care test ခေါ်တယ်။ Qualitative immunoassays အရေအတွက်ကို စစ်တာ ဖြစ်တယ်။
• Home testing နည်းက ကိုယ့်ဖါသာကိုယ် အိမ်မှာတင် သွေးဖြစ်ဖြစ် တံတွေးဖြစ်ဖြစ်နဲ့ စမ်းလို့ အဖြေကို မိနစ်ပိုင်းအတွင်း သိနိုင်တယ်။ ပိုသေခြာအောင်တော့ ဓါတ်ခွဲခမ်းမှာ ထပ်စစ်သင့်တယ်။
• Home sampling kit ဝယ်၊ ကိုယ့်သွေးနဲ့ စမ်းပြီး၊ ဓါတ်ခွဲခမ်း ပို့နိုင်တယ်။ ရက် သိပ်မကြာခင် အဖြေကို ဖုန်းဆက် မေးနိုင်တယ်။ သူများ မသိအောင် လုပ်နည်းတခုပေါ့။ နိုင်ငံအတော်များများမှာ HIV ဆေးစစ်တာကို လှို့ဝှက်ဘို့နဲ့ ကာယကံရှင်က စမ်းခြင်မှ စမ်းဘို့ သတ်မှတ် ထားတယ်။
• Home Access Express HIV-1 Test ကို FDA က အသိအမှတ်ပြုထားပြီး ဖြစ်တယ်။ OraQuick ဆိုတာ မိနစ် ၂ဝ သာ ကြာတဲ့ Antibody test ဖြစ်တယ်။ Blood သွေး၊ Plasma (ပလာစမာ) သွေးရည်ကြည် နဲ့ Oral fluid ပါးစပ်က အရည် တခုခုကို စမ်းနိုင်တယ်။ HIV 1 နဲ့ HIV 2 ပိုးတွေကို စမ်းတာဖြစ်တယ်။
• Uni-Gold နည်းက ၁ဝ-၁၂ မိနစ်သာကြာတဲ့ Rapid HIV antibody test ဖြစ်တယ်။ သွေးစက်ကို စမ်းတာ။ FDA က အသိအမှတ် ပြုထားတဲ့ HIV 1 ကို စစ်ဆေးနည်း ဖြစ်တယ်။
• Clearview Complete HIV 1/2 နဲ့ Clearview HIV 1/2 Stat-Pak နည်းတွေက သွေး၊ သွေးထဲက (ပလာစမာ)၊ (စီရမ်) ကို စမ်းရတဲ့ အမြန်နည်း၊ ၁၅ မိနစ်သာ ကြာတယ်။
• iDiagnostics Rapid HIV Test နည်းကို အသိအမှတ် မပြုရသေးဘူး။

HIV Antibodies တခါ မတွေ့ယုံနဲ့ ကူးစက်မှု ကင်းတယ်လို့ ချင်ချင်း ပြောမရသေးပါ။ ၂-၆ ပါတ်ကြာမှာ တွေ့လာ နိုင်တယ်။ ဆေးစစ်လို့ အပေါင်းဖြစ်နေသူဟာ တချိန်မှာတော့ Antiretroviral treatment ဆေးကုဘို့ လိုလာမယ်။ ဆေးဆိုတာက ဗိုင်းရပ်စ်ကို နှေးသွားအောင်နဲ့ ခုခံအားကို ထိန်းဘို့ဖြစ်တယ်။ ပိုးရှိနေပေမဲ့ Safer sex စိတ်ချရတဲ့ လိင်ဆက်ဆံရေး လုပ်နိုင်ပါတယ်။ ကိုယ်အရင်က လိင်ဆက်ဆံခဲ့ဘူးသူတွေကိုလဲ အသိပေးသင့်တယ်။ အိမ်ထောင်ပြုမယ်ဆိုရင်လဲ ရောဂါ အကြောင်း သိအောင်လုပ်ပါ။ ကာကွယ်နည်း၊ ကုသနည်းတွေ ကြိုတင်ပြင်ဆင်ပါ။

CD4 T-cell count စစ်ဆေးနည်းဟာ HIV ရောဂါရှာတာ မဟုတ်ဘူး။ HIV-positive ပိုးရှိနေသူတွေရဲ့ Immune system ခုခံအား-စနစ်ကို စောင်ကြည့်တာသာ ဖြစ်တယ်။ ရောဂါအခြေအနေ တိုးတက်မှု-ဆုတ်ယုတ်မှုကို တိုင်းထွာတာ ဖြစ်တယ်။ CD4 T-cell counts နည်းတယ်ဆိုတာ ဒီရောဂါတခုထဲမှာတော့ မဟုတ်ဘူး။ ဗိုင်းရပ်စ်၊ ဗက်တီးရီးယား၊ ပါရာဆိုက် ဝင်တာ၊ အနာရင်းတာ၊ တီဘီ ရှိတာ၊ မီးလောင်တာ၊ ခိုက်မိတာ၊ (ပရိုတင်း) ကို အကြောဆေးထိုးတာ၊ အာဟာရချို့တဲ့တာ၊ အားကစား လုပ်တာ လွန်ကဲတာ၊ ကိုယ်ဝန်ဆောင်တာ၊ စိတ်ပိုင်း ဖိစီးမှုများတာ နဲ့ အထီးကျန် နေရတာတွေကြောင့်လဲ များနိုင်တယ်။

CD4 counts ပုံမှန်ဆိုရင် 500 ကနေ 1500 CD4+ T cells/microliter ရှိတယ်။ ယေဘုယျ ပြောရရင် အမျိုးသမီးတွေက ပိုနည်းတယ်။ HIV ပိုးရှိနေသူမှာ CD4 T-cell count က 200 cells/μL ထက် နည်းတာ၊ ဒါမှမဟုတ် Opportunistic infections အခွင့်ကောင်းယူ ကူးစက်တာ တခုခုရှိမှသာ ၁၉၉၂ ကတည်းက AIDS လို့ တရားဝင် သတ်မှတ်ပါတယ်။

Dr. တင့်ဆွေ
-----------------------------------------------------------------------------------------------












ချစ်ခြင်း မေတ္တာ နှင့် HIV ရောဂါပိုး
29-03-2011
ရောဂါ တစ်ခုခု ဖြစ်လာခြင်းဟာ လူ့သဘာဝ တစ်ယောက် နဲ့ တစ်ယောက် ကြားမှာ ရှိတဲ့ ချစ်ခြင်း မေတ္တာ ကို မပျက်ပြယ် စေနိုင်ပါဘူး။ HIV ရောဂါ ပိုး ရှိတဲ့ သူတွေမှာလဲ လူတိုင်းလိုပဲ ချစ်ခင် ကြင်နာမှု ကို လိုအပ် နေတာပါပဲ။ တချို့ကျတော့လဲ HIV ပိုး ရှိတယ်လို့ သိပြီးတဲ့ လူ တစ်ယောက် အနေနဲ့ အိမ်ထောင် မပြုသင့်ဘူး လို့ ယူဆတတ် ပါတယ်။ ဒီကိစ္စမှာ အဓိက အဆုံးအဖြတ် ပေးရမှာကတော့ ကာယကံရှင် နှစ်ဦး ပါဘဲ။ တစ်ခုတော့ ရှိတာပေါ့။ ရောဂါပိုး မရှိသေးသူ အနေနဲ့ မကူးစက်အောင် ဘယ်လို နေထိုင် သင့်သလဲ ဆိုတာ ကိုတော့ နားလည် တတ်ကျွမ်းသူ တွေကို မေးမြန်း သင့်ပါတယ်။
ကော့ကရိတ် မှာ နေတဲ့ အသက် ၂၆ နှစ် ခန့်ရှိ ကျောင်းဆရာမ တစ်ဦး ကတော့ ဒီလို ပြောပြ ပါတယ်။ "လူ့ဘဝ ဆိုတာ တိုတောင်း လွန်းလှပါတယ်။ ကျွန်မတို့ လက်ထပ်တော့မယ့် ဆဲဆဲမှာ သူ နေမကောင်း စ ဖြစ်တယ်။ နှစ်ဖက် မိဘတွေက ကျွန်မ တို့ကို မယူဖို့ တားကြတယ်။ သူ့ကို ကုပေးနေတဲ့ ဆရာဝန် ကို သေချာ မေးမြန်းပြီး ရောဂါ မကူးအောင် နေကြဖို့ ဆုံးဖြတ်ပြီး ကျွန်မတို့ လက်ထပ် လိုက်ကြ ပါတယ်။ ကျွန်မ နဲ့ ယူပြီး မှ သူ နေပိုကောင်း လာပါတယ်။ အလုပ် လဲ ခုထိ ဆက်လုပ် နေနိုင် ပါသေးတယ်။
မိဘ ဆွေမျိုး အသိုင်း အဝိုင်း အားလုံးက ကျွန်မ ကို နားမလည် နိုင်ဘူး။ ဒီ ရောဂါ ကြောင့် ကျွန်မတို့ နှစ်ယောက် ရဲ့ ချစ်ချင်း ကွေကွင်း ရ မှာလား။ ရောဂါ မကူးအောင် ဘယ်လို နေထိုင် ရမယ် ဆိုတာ ကျွန်မ သိတယ်။ မကူးအောင် နေလို့ ရတယ် ဆိုမှတော့ ဘာကို ကျွန်မ ကြောက်နေရ ဦးမလဲ။ သူ့အတွက်တော့ ကျွန်မ သူ့ကို လက်ထပ် ကူလိုက်ခြင်းဟာ ဆုလာဘ် တစ်ခု ပါဘဲ" တဲ့။ ကိုယါ့ ဘဝကို နားလည် စာနာပေးမဲ့၊ ကိုယ့် ခံစားချက်တွေ ကို ဝေမျှနိုင်မဲ့ အဖေါ် ဆိုတာ ကို လူတိုင်း တမ်းတ တတ်ကြမှာပါ။ ရောဂါ ရှိတဲ့ သူ အနေနဲ့ ကိုယ့် ရောဂါပိုး မကူးစက်အောင် နေထိုင်နည်း ကို သေသေ ချာချာ သိထားပြီး ဂရုစိုက်မယ် ဆိုရင် အန္တရာယ် မရှိနိုင် ပါဘူး။
ရောဂါပိုး ရှိသူ ကို လက်ထပ်ခြင်း အားဖြင့် ရောဂါ မရှိသူမှာ ရောဂါ ကူးနိုင်သဘား ဆိုတာ မေးစရာ ဖြစ်လာ ပါတယ်။ လိင်ဆက်ဆံရာ မှာ ကွန်ဒုံး သုံးမယ်၊ ဒါမှမဟုတ် စိတ်ချရတဲ့ လိင်ဆက်ဆံမှု မျိုးနဲ့ ပြုမူ နေထိုင်မယ် ဆိုရင် ရောဂါ မကူးနိုင်ပါဘူး။ နှစ်ဦး စလုံးမှာ ရောဂါပိုး ရှိနေတဲ့ စုံတွဲတွေ အနေနဲ့ ကွန်ဒုံး မသုံးဘဲ လိင်ဆက်ဆံ လို့လည်း မရနိုင်ဘူးလား လို့ မေးနိုင်ပါတယ်။ ကွန်ဒုံး မသုံးဘဲ လိင်ဆက်ဆံ ခြင်းဟာ မလိုလား အပ်တဲ့ ပြဿနာ တွေကို လက်ယပ် ခေါ်သလို ဖြစ်နေနိုင် ပါတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ ရောဂါ ပိုဆိုးတဲ့သူ က ကိုယ့် အဖေါ်ကို ရောဂါ မျှပေးနိုင် သလို အခြား ရောဂါများ၊ လိင်ဆက်ဆံခြင်းကြောင့် ရတဲ့ အခြား ရောဂါပိုး များ ကို ရသွားဖို့ အခွင့် သာနိုင် လို့ ပါဘဲ။ ဒီလို ရောဂါတွေ ကူးမယ် ဆိုရင် ကိုယ်ခံအား စနစ် ကို ထပ်ပြီး ဖိစီး နှိပ်စက် သလိုမျိုး ဖြစ်နိုင် ပါတယ်။ ဒီနေရာ မှာလည်း နောက်ဆုံး ဆုံးဖြတ်ချက် က ကာယကံရှင် နှစ်ဦးနဲ့ဘဲ သက်ဆိုင်ပါ လိမ့်မယ်။
ကိုဇော်ဇော် နဲ့ မသီတာ တို့ လက်ထပ် ခဲ့တာ အခုဆို (၃)နှစ် ဝန်းကျင် ရှိပါပြီ။ သူတို့ နှစ်ဦး စလုံးမှာ HIV ပိုးရှိ နေတယ် လို့ သိလိုက်ရပါတယ်း ဒါပေမယ့် ကလေး ချစ်တတ်ကြတဲ့ အတွက် အိမ်ထောင်သက် ရ လာချိန်မှာ သားသမီး ယူချင်စိတ် ပေါ်လာပါတယ်။ သူတို့ သားသမီး ယူလို့ ရ မရ၊ ယူတဲ့ ကလေးမှာကော ရောဂါပိုး ရှိနိုင် မရှိနိုင် သိချင်တဲ့ အတွက် လာရောက် ဆွေးနွေး အကြံယူ ကြပါတယ်။ HIV ပိုး ရှိတဲ့ စုံတွဲတွေ အတွက် ရှေ့ဆက် စဉ်းစားဖို့ အချက်ကတော့ သားသမီး ယူသင့် မယူသင့် ဆိုတာပါဘဲ။ HIV ပိုး ရှိနေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး တွေ၊ ကိုယ်ဝန်ဆောင် လိုတဲ့ အမျိုးသမီး တွေ အတွက် အမေကနေ ကလေးကို ကူးစက်ဖို့ အခွင့်အလမ်း နည်းသွားအောင် ကာကွယ်ပေးတဲ့ AZT ဆိုတဲ့ ဆေးတစ်မျိုး လွန်ခဲ့တဲ့ နှစ် အနည်းငယ် က ပေါ်လာခဲ့ ပါတယ်။
တချို့က HIV ပိုး ရှိနေတဲ့ အမေကနေ မွေးတဲ့ ကလေးတိုင်းဟာ HIV ပိုး ရှိနေနိုင်တယ် လို့ ထင်ကြပါတယ်။ ဆေးပေးပြီး ကာကွယ်နိုင်ခြင်း မရှိခင် က ရောဂါပိုး ရှိတဲ့ မိခင်တွေ က မွေးတဲ့ ကလေးတွေရဲ့ ၃၀-၃၅% သာ ရောဂါပိုး ပါလာနိုင်ပါတယ်။ ကလေးကို မိခင်နို့ မတိုက်ခဲ့ရင်၊ ဆေးဝါးနဲ့ ကာကွယ်မယ် ဆိုရင် မိခင်ကနေ ကလေးကို ကူးစက်မှု နှုန်းကို တဝက်ကျော်ကျော် လောက် လက်လျော့ချ ပေးနိုင်ပါတယ်။ ဆေးဝါးနဲ့ ကာကွယ်ရင်း ဗိုက်ခွဲ မွေးတာမျိုးလို တခြား ကုထုံးတွေနဲ့ ပါ ပေါင်းစပ် ပေးလိုက်မယ် ဆိုရင် ရောဂါ ရနိုင်တဲ့ နှုန်းဟာ ၀% အထိ ကျဆင်းသွား နိုင်ပါတယ်။ ဒါက ကလေးမှာ HIV ပိုး ကူးနိုင် မကူးနိုင် ဆိုတဲ့ အကြာင်း တစ်ခုတည်း ရှိပါသေးတယ်။
ဆက်ပြီး စဉ်းစားရမှာ က ကလေးရဲ့ အနာဂတ် ပါဘဲ။ ကိုယ်က အသက်ရှင်ဖို့ ကန့်သတ်ချက် ရှိနေတော့ ကလေးမှာ တွေ့ရနိုင်တဲ့ အခက်အခဲတွေ၊ ပြဿနာတွေ ကို ကြိုတင် စီစဉ် ပေးထားဖို့လည်း လိုပါလိမ့် မယ်။ တကယ်လို့ ကလေးကို ကိုယ်က မပြုစု မစောင့်ရှောင် နိုင်တော့ဘူး ဆုပါစို့။ သူ့ကို ဘယ်သူက ဆက်လက် ပြုစု စောင့်ရှောက် ထားပေး နိုင်မလဲ။ ဆက် ကြည့်ရှု စောင့်ရှောက် ပေးမယ့်သူ အနေနဲ့ရော ငွေကြေး တောင့်တင်းမှု ရှိရဲ့လား။ မေတ္တာကော အပြည့်အဝ ပေးနိုင်မယ် လို့ ထင်ပါသလား။ ကိုယ့်ကြောင့် လူ့လောက ထဲကို ရောက်လာမဲ့ ကလေးတစ်ယောက် အတွက် စဉ်းစား တွေးတော စရာ တွေ အများကြီး ရှိပါတယ်။ ကလေးတစ်ယောက် အတွက် အခြေခံ လိုအပ်ချက်တွေ က စလို့ သူကြီးပြင်းလာမယ့် အချိန်ထိကို သေသေချာချာ စဉ်းစားပြီးမှ ကလေး ယူသင့် မယူသင့် ဆိုတာကို ဆုံးဖြတ်သင့် ပါတယ်။
ဒီကိစ္စမျိုးကို ဆရာဝန်၊ နှစ်သိမ့်ဆွေးနွေး အကြံပေးသူ တစ်ယောက်ယောက်၊ ဒါမှမဟုတ် ကိုယ့်လို အခြေအနေမျိုး ကြုံဖူးနဲ့သူ တစ်ယောက်ယောက် နဲ့ ပြောဆို ဆွေးနွေး ရမှာ ဖြစ်ပါတယ်။ HIV ပိုး ရှိနေသူ တစ်ဦးဦး နဲ့ ကိုယ်ဟာ ပတ်သက် ဆက်နွယ်မှု ရှိနေတယ် ဆိုရင် HIV ပိုး ကူးစက်နိုင်တဲ့နည်း၊ ကာကွယ်နည်း၊ အန္တရာယ် ကင်းတဲ့ လိင်ဆက်ဆံနည်း၊ လိုအပ်လို့ ဆေးထိုးရမယ် ဆိုရင်လည်း အန္တရာယ် မရှိအောင် ဘယ်လို ဆေးထိုးရမယ် ဆိုတာတွေကို သိထား သင့်ပါတယ်။

HIV ပိုး ဘယ်လို ရနိုင်သလဲ
အဓိက သုံးနည်းနဲ့ ကူးနိုင် ပါတယ်။
၁။အကာ အကွယ်မဲ့ လိင်ဆက်ဆံ ခြင်းက တဆင့် ကူးစက်ခြင်း
၂။ရောဂါပိုးရှိသူ အသုံးပြုထားသော အပ်၊ ဆေးထိုးပြွန် များကို အတူ သုံးစွဲခြင်း ဖြင့် သွေးမှ တဆင့် ကူးစက်ခြင်း
၃။HIV ပိုး ရှိသော မိခင်မှ ကလေးဖြစ်သူအား ကိုယ်ဝန် ဆောင်စဉ် အတွင်း၊ ကလေးမွေးစဉ် သို့မဟုတ် နို့တိုက်စဉ် တွင် ကူးစက်ခြင်း တို့ ဖြစ်ပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS