(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
ကလေးဘဝသို့ အလည်တစ်ခေါက်
Labels:
poem
ရွှေလင်ဗန်း ငွေလင်ဗန်းနဲ့
ထ မင်း ကို ဆီ ဆမ်း ဖို့
မကြာမကြာတောင်းတတဲ့
သူငယ်တစ်ယောက်အတွက်
အလိုကျမဟုတ်တောင်
တိုက်ဆိုင်မှု့နဲ့ လရိပ်တချို့
ရေတွင်းထဲခုန်ချပေးခဲ့တယ် ။
ရယူပိုင်ဆိုင်လိုခြင်းအတွက်
ရေငင်ပုံးနဲ့ဆယ်ယူမိတော့
ရေယက်တွေကြား သူဆော့ကစားရင်း
အသာတကြည် လိုက်ပါလာတယ်
အို လရိပ်ချိုရယ် ကျေဇူးပါပဲကွယ် ။
အနီးမရောက်ခင် တိမ်တောင်ဖုံးလို့
သူခဏပုန်းတော့ ရူးသွပ်စွာပဲ
ရေငင်ပုံးကို လွှတ်ချမိတယ်
ရလိုရငြားဆိုပေမယ့် မျှော်လင့်ချက်က
ပြဒါးမပါတဲ့ မှန်လိုအသိညာဏ်နဲ့
ကိုယ်ဘာလုပ်မိလည်း မဆင်ချင်မိတာ
ကလေးဘဝရဲ့ အဖြူထည်လေးမို့
ပုန်း ရာ က ထွက် လာ ပါ တော့
ဖိုးေ ရွှ လ ရ ယ် ။
အိမ်မက်ကငါလန့်နိုးချိန်
ပြောင်းလဲသွားတဲ့ ရက်စွဲမှာ
စက္ကန့်တွေက ခါးသီးစွာနဲ့
ငြိုငြင်စရာ နာရီလက်ထံတွေကြား
ငယ်စဉ်က လရိပ်ချိုအတွက်
စား မြုံ မ ပြန် ခင် လေး
ခပ်လှမ်းလှမ်း လ္ဘက်ရည်ဆိုင်က
အလိုက်မသိစွာလွင့်စင်လာတဲ့
ဦး ကြီး စို င်း တီ ဆို င် ရဲ့
ပျောက်ဆုံးနေသောနိဗွာန်ဘုံသီချင်းက
မကင်းမသေတဲ့ ဒဏ်ရာတစ်ခုကို
နိုးထစေတော့တယ်ကွယ် ။