Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

တိတ် တ ခိုး ပါ ပဲ

ရင်ထဲက နှလုံးသားဝတ်ဆံတို့

သူ့နှလုံးသားပျိုးခင်းမှာ ကြွေဖို့အရေး


ကျိန်စာမိထားတဲ့ နှုတ်ခမ်းတွေက

ဆန္ဒတွေ ရင်ထဲအပြည့်ရှိပါလျှက်နဲ့

သိုက်စာမကျွမ်းတဲ့ သိုက်ဆရာလို

မအောင်တဲ့ဂါထာတွေကို မန်းမှုတ်ရင်း

ရင်ခုန်သံပန်းပွင့်တို့ရဲ့ ဝတ်ဆံအကြွေမှာ

ငိုက်မြည်နေတဲ့ မင်းပျိုးခင်းကြောင့်

တိတ်တခိုးပါပဲ ပျိုးခင်းငယ်ရယ် ။

မှော်ဝင်တဲ့ ကဝေပျိုတွေမြူးတဲ့ည

လရောင်အနမ်းဖူးတွေကို

မြင်မြင်သမျှ သိမ်းဆည်းရင်း

ဈာန်ဝင်တဲ့ အလွမ်းသီချင်းတပုဒ်က

နှလုံးသားဝတ်ဆံတို့ကို ကြွေမိန့်ချတယ်

အသိစိတ်က ဝေတနာစွဲသလို

အာရုံခါးတွေက နာတာရှည်ပမာ

ကျိုးကြောင်းဆီလျော်အောင်

တားမြစ်နေတဲ့ကြားက ဝတ်ဆံစတို့

နှလုံးအိမ်မှာ ခုန်ပေါက်နေတယ်

နွမ်းကြေမှုတွေကို စိုးရွံ့လွန်းလို့

ဝတ် ဆံ လေး မ ကြွေ သင့် ခဲ့ ရင်

ဒီပန်း အစထဲကမပွင့်လန်းသင့်ပါဘူး

သို့သော်ငြား သို့သော်လည်း

အသိစိတ်ရဲ့ဟောကိန်း ရလဒ်ဆိုးက

ဝတ်ဆံလေးတို့ကို တိတ်တခိုးစေတယ်

တိတ်တခိုးပါပဲ ပျိုးခင်းငယ်ရယ် ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS