Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

မေ တ္တာ တန် ကြေး

သူငယ်ချင်း
ညိုညစ်ညစ်အသားရောင်နဲ့
ရုပ်ဆိုးအကျည်းတန်သူတွေလည်း
မင်းမေတ္တာနဲ့ ထိုက်တန်ပါတယ်

သူငယ်ချင်း
ဖြူဖွေးသန့်စင်တဲ့အသားရောင်နဲ့
ချောမောလှပခန့်ငြားသူတွေလည်း
မင်းမေတ္တာနဲ့ ထိုက်တန်ပါတယ်

သူငယ်ချင်း
မိတ်မဖွဲ့ရသေးလို့ သိကျွမ်းမဝင်တဲ့
မိတ်ဆွေမဖြစ်ရသေးတဲ့ သူတွေလည်း
မင်းမေတ္တာနဲ့ ထိုက်တန်ပါတယ်

သူငယ်ချင်း
ရင်းနှီးကျွမ်းဝင်ပြီး ကောင်းဆိုးတိုင်ပင်
မိတ်ရင်းဆွေညာစစ်စစ်တွေလည်း
မင်းမေတ္တာနဲ့ ထိုက်တန်ပါတယ်

သူငယ်ချင်း
ရုန့်ရင်းကြမ်းတမ်း စရိုက်ကြမ်းတဲ့
နားလည်ရခက်တဲ့ တောနေသတ္တဝါလည်း
မင်းမေတ္တာနဲ့ ထိုက်တန်ပါတယ်

သူငယ်ချင်း
ချစ်စဖွယ်အမူအရာပို ပလီပလာတဲ့
နားလည်ရလွယ်တဲ့ အိမ်မွေးသတ္တဝါလည်း
မင်းမေတ္တာနဲ့ ထိုက်တန်ပါတယ် သူငယ်ချင်း

သူငယ်ချင်း
စကားမပြောတတ်တဲ့ လောကကြီးနဲ့
တောတောင်ရေမြေ အရာရာအားလုံးက
မင်းမေတ္တာနဲ့ ထိုက်တန်ပါတယ်သူငယ်ချင်းရယ် ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS