Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

ကောင်း ကင်း ပြို တဲ့ ဆောင်း

တစ်ဆောင်းတော့ ရောက်ပြန်ပြီ

မ နှစ် ဆောင်း တုန်း က

နှင်း ခါး ခါး တွေ နဲ့ အ တူ

သေမင်းရဲ့ ပြန်တမ်းစာကို

ဆရာဝန်တစ်ယောက်က

လုပ်သက်အရ ကျွမ်းကျင်စွာပဲ

မှင်သေသေမျက်နှာထားနဲ့

အ မိန့် စာ ပြန် နေ တယ်

နှင်း ခါး တွေ နဲ့ အ တူ

ချစ်တဲ့ကောင်းကင်ကြီးကို

ပြို မိန့် ပေး ခဲ့ တယ် ။

နေဝင်ချိန် တိမ်တောက်ခွင့်ရပဲ

ခပ်သုတ်သုတ်လေး မီးစာကုန်

ကောင်းကင်တခြမ်း အပြိုစောခဲ့လို့

အမိအနောက်ကအဖဆိုတဲ့

ဝေါဟာရကို ကွင်းစကွင်းပိတ်ဖို့

ရှိုက်တငင်စွာ သဘောမတူပါပဲ

ကောင်း ကင် တစ် ခြမ်း ကို

မ ရ ဏ မ င်း လ က် ထဲ

ဝ ကွက် အပ် လိုက် ရ တယ်

ချစ်လို့တောင်မှမဝသေးဘူး

နောင်မှရတဲ့ နောင်တတွေနဲ့

အ ပြို စော လို့ နှ မျော မိ ရဲ့

ချစ်တဲ့ကောင်းကင်ကြီးရယ် ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS