Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

မင်းပြောတဲ့ အထက်တန်း

မင်းပြောတဲ့ ခေတ်ဆိုတာ

စကပ်တိုတို ဝတ်မှပေါ့လေ

ဒီလိုမပေါ်တပေါ် ဝတ်မှ

ခေတ်မှီတယ်ဆိုရင်

ရိုးရာယဉ်ကျေးမှု့ကို

ဘယ်သူ လာထိန်းမှာလည်း

အများပါကွာလို့ ဆိုတဲ့

မပိမသ ဆင်ခြေတွေနဲ့

အပ်ကို ဦးပဲ့ထမ်းရင်

ရောင်းမကောင်းတဲ့ အသိညာဏ်ကို

ဘယ်ကျောင်းကမှ မမွေးထုတ်ဘူး

ရှားပါးပြီး မြင်ရတဲ့

ကိန်းဂဏန်တွေမှ တန်ဖိုးရှိတာလား

ဒါဆို ရိုးရာယဉ်ကျေးမှု့ကို

သောင်ပြင်မှာ ပစ်လိုက်ရမှာပေါ့လေ

အောက်ပါတယ်လို့

မင်းခဏခဏ သုံးတယ်နော်

ဒါဆို မပေါ်တပေါ်ဝတ်မှ

အထက်တန်းစားပေါ့ ဟုတ်လား

နေပါစေတော့ကွာ

မင်းပြောတဲ့ အထက်တန်းကို

ငါမလိုက်တော့ဘူး

ငါ့ညီမလေးတွေကိုလည်း

မထည့်လိုက်ဘူးနော်

မင်းကိုလည်း မလိုက်သွားစေချင်ဘူးကွာ....


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS