Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

အ ခြား တ ဖက် ၌

သာကီဝင်ဖွား အနွယ်တော်မှ

မြင့်မြတ်တာလား ဒါဆိုရင်

သူတော်စင်တွေ အားလုံးက

သာကီဝင်တွေမှ မဟုတ်တာ ။

အခုန်အပျံ အကျော်အလွှား

ဓါးရေးကျွမ်းမှ သူရဲကောင်းလား

ဒါဆိုရင် နှလုံးသွေးနဲ့ရင်း

ပေးဆပ်ခဲ့ဖူးသူတိုင်းက

စစ်သည်တော်တွေမှ မဟုတ်တာ ။

ဘွဲ့ဒီဂရီတွေ တန်းစီချပြမှ

အဆင့်မြင့်တဲ့ ပညာတက်လား

ဒါဆိုရင် ကမ္ဘာကျော်တဲ့

တွေးခေါ်ပညာရှင်တိုင်းက

ဘွဲ့တံဆိပ်တွေမှ မရှိကြတာ ။

အနုအလှ စာစီကောင်းတဲ့ 

ကလောင်ရှင်တွေမှ

ကဗျာဆရာလား

ဒါဆိုရင် စာမစီတက်တဲ့

ပင်လယ်ပြာနဲ့ တောင်တန်းတွေက

ကဗျာဆရာတွေမှ မဟုတ်တာ ။

နှုတ်ဖျားက စကားအလှခြွေမှ

တိုင်းပြည်ကို ချစ်တာလား

ဒါဆိုရင် ပြတ်ပြတ်ပြောတက်တဲ့

ဒို့ဗိုလ်ချုပ်က တိုင်းပြည်ကို

မချစ်လို့မှ မဟုတ်ခဲ့တာ................။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS