Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

~~ အဖြေရှိတဲ့ မေးခွန်း ~~

ညီလေး
မင်းမိသားစုက မင်းကို
ဘာလုပ်ပေးခဲ့တယ်ဆိုတာထက်
မင်းက မိသားစုအပေါ်
ဘာလုပ်ပေးခဲ့ဖူးတယ်ဆိုတာက
ပိုအရေးကြီးတယ် ။

ညီလေး
မင်းရပ်ရွာက မင်းကို
ဘာလုပ်ပေးခဲ့တယ်ဆိုတာထက်
မင်းက ရပ်ရွာအပေါ်
ဘာလုပ်ပေးခဲ့ဖူးတယ်ဆိုတာက
ပိုအရေးကြီးတယ် ။

ညီလေး
မင်းတိုင်းပြည်က မင်းကို
ဘာလုပ်ပေးခဲ့တယ်ဆိုတာထက်
မင်းက တိုင်းပြည်အပေါ်
ဘာလုပ်ပေးခဲ့ဖူးတယ်ဆိုတာက
ပိုအရေးကြီးတယ် ။

ညီလေး
မင်းလူမျိုးက မင်းကို
ဘာလုပ်ပေးခဲ့တယ်ဆိုတာထက်
မင်းက လူမျိုးအပေါ်
ဘာလုပ်ပေးခဲ့ဖူးတယ်ဆိုတာက
ပိုအရေးကြီးတယ် ။

ညီလေး
ကမ္ဘာမြေကြီးက မင်းကို
ဘာလုပ်ပေးခဲ့တယ်ဆိုတာထက်
မင်းက ကမ္ဘာမြေကြီးအပေါ်
ဘာလုပ်ပေးခဲ့ဖူးတယ်ဆိုတာက
ပိုအရေးကြီးပါတယ် ချစ်ညီလေး ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS