Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

နတ်ဆိုးပူးတဲ့ V,day

စိတ်ကူးနဲ့လှမ်းရောက်ခဲ့တဲ့

ဧ ဒင် ဥ ယျာဉ် ကြီး ထဲ

အာဒမ်တို့ပျိုးခဲ့တဲ့ ပန်းသီးကို

မထိတထိ ပွတ်သတ်ရင်း

ပန်းနုရောင်မှော်ရုံပင်အောက်
 
သစ်ရွက်ခြောက်ကို ရွရွနင်း

အဆွေးတွေကို လိုက်ကောက်ရင်း

မနှစ်က ချစ်သူများနေ့ကို

အောင်းမေ့မိတယ် ချစ်သူရယ် ။

အလွမ်းဇာတ်ပို့သရုပ်ဆောင်

နွေဥသြရဲ့ တေးသွားသံကြား

ငါ့နှလုံးသွေးတွေနဲ့ ခြေဆေးခဲ့တဲ့နင်

ပြာလဲ့လဲ့မျက်လုံးတစ်စုံနဲ့

အကြင်နာမဲ့စွာရက်စက်ခဲ့တဲ့နင်

အစိမ်းရောင်သံမဏိအသဲနှလုံးနဲ့

ရင်ခွင်သစ်မှာ ပျော်နေတဲ့နင်

မနှစ်က ချစ်သူများနေ့ကို

မေ့လျော့ရောပေါ့ ချစ်သူရယ် ။

နေစေတော့ချစ်သူ နေပါစေတော့

လာခြင်းမကောင်းတဲ့ အထုပ္ပတိကို

ဆေးကျောဖို့ သတ္တိမရှိပေမယ့်

သွေးအေးလွယ်တဲ့ နင့်အတွက်

အိပ်ဆေးတစ်ခွက်နဲ့ အခန်းကျဉ်းထဲ

မှေးနေခြင်းက ငါ့အတွက်တော့

ထွက် ပေါက် တစ် ခု ပေါ့

လိုရာကို ခရီးနှင်လိုက်အုံးတော့

ခရီးနှင်လိုက်တော့ကွယ် ချစ်သူရယ် ။


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS