(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
~~ မာ န ~~
Labels:
poem
အောက်မှာကျလို့
ပြန်ကောက်ရတိုင်း
တန်ဖိုးမဲ့မယ်ဆိုရင်
ခဏခဏ မြေမှာချပြီး
နင်းချေ ခံရဖူးတဲ့
ငါ့မာနစိန်ကျောက်က
အရောင်ပျယ်မယ်လို့
မင်းထင်နေတယ်ပေါ့
ကျောက်နဲ့ ပွတ်တိုက်တိုင်း
ငါ့မာနဓါးသွားတွေက
တိုးမပေါက်တော့ဘူးလို့
မင်းယူဆတာလား
မီးလောက်တိုက်သွင်းလို့
အရည်ပျော်ရရိုးဆိုရင်
ငါ့မာန သလင်ကျောက်ကို
ဘယ်ချောင်မှာ
သွားထိုးထားရမှာလည်း
မြေမှာလူးတိုင်း အဖိုးနဂ္ဂမဲ့ရင်
တွင်းဖေါ်ယူလာတဲ့ စိန်ကျောက်တွေက
ဇယ်တောက်တမ်းကစားဖို့လား
လောကကိုဒီလောက်နဲ့
ဒူးထောက်အရှုံးပေးရိုးဆိုရင်
ငါ့ဘဝ စာမျက်နှာမှာ
အပ်ချစရာ နေရာလွတ်တောင်
လက်ကျန်ရှိမယ်မထင်ဘူး
ကျီးနင်းတိုင်း ထန်သီးကြွေရင်
ခိုင်မာနေတဲ့ ဒီရင်ကမာနတွေ
ရေစုန်မှာ မျှောလိုက်ရမှာလား
ဟားဟားဟားးးးးးးးးးးးးး
ဟားတိုက်ပြီးရီလိုက်မယ်
နားလိုက်စမ်းပါ
ကလေးတွေပြောသလို
ဟိုဝေးဝေး ကိုင်းကြီးကြီးမှာ
သွားနားလိုက်စမ်းကွာ.............။
ပြန်ကောက်ရတိုင်း
တန်ဖိုးမဲ့မယ်ဆိုရင်
ခဏခဏ မြေမှာချပြီး
နင်းချေ ခံရဖူးတဲ့
ငါ့မာနစိန်ကျောက်က
အရောင်ပျယ်မယ်လို့
မင်းထင်နေတယ်ပေါ့
ကျောက်နဲ့ ပွတ်တိုက်တိုင်း
ငါ့မာနဓါးသွားတွေက
တိုးမပေါက်တော့ဘူးလို့
မင်းယူဆတာလား
မီးလောက်တိုက်သွင်းလို့
အရည်ပျော်ရရိုးဆိုရင်
ငါ့မာန သလင်ကျောက်ကို
ဘယ်ချောင်မှာ
သွားထိုးထားရမှာလည်း
မြေမှာလူးတိုင်း အဖိုးနဂ္ဂမဲ့ရင်
တွင်းဖေါ်ယူလာတဲ့ စိန်ကျောက်တွေက
ဇယ်တောက်တမ်းကစားဖို့လား
လောကကိုဒီလောက်နဲ့
ဒူးထောက်အရှုံးပေးရိုးဆိုရင်
ငါ့ဘဝ စာမျက်နှာမှာ
အပ်ချစရာ နေရာလွတ်တောင်
လက်ကျန်ရှိမယ်မထင်ဘူး
ကျီးနင်းတိုင်း ထန်သီးကြွေရင်
ခိုင်မာနေတဲ့ ဒီရင်ကမာနတွေ
ရေစုန်မှာ မျှောလိုက်ရမှာလား
ဟားဟားဟားးးးးးးးးးးးးး
ဟားတိုက်ပြီးရီလိုက်မယ်
နားလိုက်စမ်းပါ
ကလေးတွေပြောသလို
ဟိုဝေးဝေး ကိုင်းကြီးကြီးမှာ
သွားနားလိုက်စမ်းကွာ.............။