(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
Showing posts with label poem. Show all posts
Showing posts with label poem. Show all posts
ခ ဏ လေး ပါ ကွာ
Labels:
poem
ခဏလေးပါ ခဏလေးပါကွာ
အလွမ်းတွေခင်းတဲ့လမ်းမှာ
ငါ လျှောက်လှမ်းနိုင်တဲ့အထိ
ခဏလေးဖြစ်ဖြစ် စောင့်နေပေးပါ ။
ခဏလေးပါ ခဏလေးပါကွာ
အဆွေးတွေ ပြည့်နှက်နေတဲ့
ငါ့ဘဝအခန်းကျဉ်းငယ်ထဲ
နေသားတကျဖြစ်တဲ့အထိ
အဖော်အဖြစ် ခဏတာလေး
အတူရှိနေပေးပါကွာ ။
ခဏလေးပါ ခဏလေးပါကွာ
နှလုံးအိမ်ကလျှံထွက်လာတဲ့
ငါ့ပါးပြင်ထက်က နှလုံးသွေးတွေ
ခြောက်သွေ့သွားတဲ့အထိ
ခဏလေးကြည့်သွားအုံးကွာ ။
ခဏလေးပါ ခဏလေးပါကွာ
ငါ့တို့ရဲ့ချစ်ခြင်းဒိုင်ယာရီမှာ
အတူရေးထိုးခဲ့တဲ့
ချစ်နေ့စွဲမှင်စိုစိုတွေ
အေးခဲ့သွားတဲ့အထိ
ခဏလေးဖြစ်ဖြစ် စောင့်နေပေးပါ ။
ခဏလေးပါ ခဏလေးပါကွာ
ငါ့ဘဝရှင်သန်ရာ လမ်းကြောင်းမှာ
သတိရတိုင်း ငေးကြည့်စရာ
မင်းခြေရာတစုံကျန်အောင်
ခဏလေးဖြစ်ဖြစ် ဆက်ရပ်နေပေးပါ
ရိုးရိုးလေးပဲတောင်းပန်ပါတယ်
ခဏတာလေးဖြစ်ဖြစ်
အတူရှိနေခွင့်လေးပေးပါကွာ ။
Read User's Comments(0)
ခ ဏ လေး ပါ နွေ
Labels:
poem
ခဏလေးပါနွေ ခဏလေးပါ
နှင်းတွေဝေလို့ မဝသေးပါဘူး
တော်ဝင်တဲ့သဇင်လည်း သင်းနေဆဲပါ
ရှေ့လေအသော့မှာ ဝှေ့လာတဲ့
ဆောင်တော်ကူး ရနံ့တွေလည်း
ဝတ် မှုန် ကူး နေ တုန်း မို့ ပါ
အဆော့လွန်တဲ့ လေပွေအနော့မှာ
ညမွှေးပန်းတွေလည်း မြူးနေဆဲပါ
လရောင်ကွေးကွေးအောက်မှာ
ကာလသားတွေလည်း ဝိုင်းဖွဲ့မီးပုံ
တေးသီညည်းချစ်ကြိုးသွယ်နေတုန်းမို့
အိပ်ချင်မူးတူးနဲ့ပဲ စောင်ပုံအောက်က
ကွေး ထား တဲ့ ကိုယ် လုံး ကို
အ နည်း ငယ် မ လှုပ် ရဲ လှုပ် ရဲ နဲ့
စိတ် ထဲ က ပဲ ဆု တ ခု ကို
ကြိတ်ဆုတောင်းပါတယ်
ခဏလေးပါနွေ ခဏလေးပါပဲ
နှင်းတွေကြွေလို မကုန်သေးသလို
ပန်းတွေလည်းဝေလို့ မကုန်သေးပါဘူးဗျာ ။
စက္ကန့်တွေကို ချိုမြိန်ခွင့်ပြုပါ
Labels:
poem
လွတ်လပ်သော ရင်ဘတ်တွေဖြင့်
ပန်းတိုင်ရှိရာသို့ စီးဆင်းကြမယ်
နှစ်ဆယ့်တစ် ရာစုအတွက်
ရုပ်ကြွင်းအဘိဓာန်တွေ သားနားဖို့
ပူလောင်နေတဲ့ ငါတို့ရင်ဘက်တွေကို
စတေးလိုက်ရတဲ့ ငြိမ်းချမ်းအရေးအတွက်
စက္ကန့်တွေကို ချိုမြိန်ခွင့်ပြုပါတော့ ။
ပြာယာခတ်စွာနဲ့ ငါ့တို့ကမ္ဘာမှာ
အပြုံးပန်းခင်းတွေ မရှင်သန်နိုင်တာ
ရာ စု နှစ် နီး နီး ကြာ ရှည် ခဲ့ ပြီ
ယုံကြည်ရာဝါဒတွေက မုသားမဲ့ပေမယ့်
သုခတွေအတွက်တော့ ဗျာပါဒမို့
စက္ကန့်တွေကို ချိုမြိန်ခွင့်ပြုပါတော့ ။
ဝါသနာအရ မဟုတ်တဲ့စစ်ပွဲတွေမှာ
အ မေ ထည့် ပေး လိုက် တဲ့
ခြေလက်တွေ ရင်းလိုက်ရပေမယ့်
ရူးသွပ်သူရဲ့ ရယ်မောသံကလွဲပြီး
နှလုံးသားကအပြုံးစစ်စစ်တွေ
သေနတ်ပြောင်းဝထဲခုန်ချကုန်ပြီမို့
စက္ကန့်တွေကို ချိုမြန်ခွင့်ပြုပါတော့ ။
ဘုရင့်နောင် ဖောင်ဖျက်ပြီးတိုက်ခဲ့တဲ့
နောင်ရိုးတိုက်ပွဲကို အားကျပေမယ့်
အမေမျက်ရည်ကျခဲ့တဲ့ တိုက်ပွဲကိုတော့
ခါး သီး စွာ နဲ့ ပဲ စိုး ရွံ့ မိ တာ မို့
အမေတိုင်း အပြုံးပန်းတွေဝေလာဖို့
စက္ကန့်တွေကို ချိုမြိန်ခွင့်ပေးပါ။။
နှလုံးသားမဲ့တဲ့ စာခြောက်ရုပ်
Labels:
poem
ဖန်ဆင်းရှင်တစ်ယောက်ရဲ့
ပြီးစလွယ်သွတ်သွင်းခဲ့တဲ့
စာခြောက်ရုပ်ရဲ့ ရင်ထဲကဝိညာဉ်လို
စက္ကန့်တွေကို ချိုမြိန်စွာစားသုံးဖို့ရာ
ငါ့ရင်ထဲမှာ နှလုံးသားကအင်္ဂါမစုံခဲ့ဘူး ။
တကယ်ပါ ဘုရားစူးပါရဲ့
ပျော်ရွှင်ခြင်းတွေ ကြေးစည်ထုပြီး
အ မျှ ဝေ ခဲ့ ရင် တောင် မှ
သာဓုခေါ်ဖို့အရေး ငါ့ရင်ထဲမှာ
ခံစားတက်တဲ့ အသည်းနှလုံး
မပြည့်စုံခဲ့တာက အမှန်ပါ ။
စက္ကန့်တွေကိုချိုမြိန်ဖို့အရေး
မကြာမကြာလုပ်ဖြစ်တဲ့
ခါးထိုးပြီး ဟန်လုပ်ပြုံးဖြစ်တယ်
အသက်ပါမလာခဲ့ပေမယ့်
ခဏတာတော့ လှလာသားပါပဲ ။
ဖိတ်တစ်ဝက် စင်တစ်ဝက်
ပြိုကျနေတဲ့ သက္ကရာဇ်တွေ
ငါ့ဖက် လျှောကျမလာခင်
ကဲ............ ဖန်ဆင်းရှင်ရေ
လူဖြစ်ခွင့်ပေးတာကိုတော့
ကျေးဇူးတင်ပါရဲ့ ဒါပေမယ့်
နက္ခတ်တာရာတွေစုံတဲ့နေ့
အပြုံးတစ်ပွင့် ပြုံးတက်လာအောင်
နှလုံးသားတစ်စုံကိုတော့ဖြင့်
ထည့်ပေးခဲ့သင့်ပါတယ် ။
အဝေးရောက်သား
Labels:
poem
အနောက်ယွန်းယွန်းမှာ
နေဝန်းကမေးတင်လို့
တိမ်တွေတောက်တိုင်း
အမေမျှော်နေမှန်း သိပါတယ် ၊၊
နရိုင်းသွင်းချိန်တိုင်း
ကောင်းကင်မှာ ပုဇွန်ဆီရောင်တွေ
တအိအိပြိုပြိုကျလာတာ
အမေ့မျက်ရည်တွေရောနေမှန်းသိတယ် ၊၊
အိပ်တန်းဝင်ငှက်တို့
ကောင်းကင်မှာ လွင့်မျောတိုင်း
အမေ့ သက်ပြင်းနုနုတွေ
ဆို့နင့်နေမှန်း သိပါတယ် ၊၊
သားသိတယ် မေမေ
သား လေး သိ ပါ တယ်
အိမ်ပြန်နောက်ကျတဲ့သား
အမေမျှော်နေမှန်း သိပါတယ် ၊၊
လောက ခရီးကြမ်းမှာ
အလည်လွန်တာ မဟုတ်ပါဘူး
အိမ်မက်ထဲက ပုံရိပ်တွေ
အနာဂတ်ရဲ့ မနက်ဖြန်မှာ
အရောင်တောက်လာဖို့အရေး
ဝေးရတာမို့ ခဏလေးပါမေမေ
ခဏလေးပါပဲ မေမေရယ် ၊၊
မင်းတို့ပြောတဲ့ခေတ်
Labels:
poem
ခေတ်ရေ တသွင်သွင်စီးဆင်းသံမှာ
ယဉ်ကျေးမှု့ ကမ်းပါးတွေပြိုဆင်းကုန်ပြီ
မင်းတို့ပြောတဲ့ ခေတ်ဆိုတာကြီးက
ဖြူနီပြာဝါအတိုအထွာ ဝတ်မှပေါ့လေ
ဒီလိုမပေါ်တပေါ်ဝတ်မှ ခေတ်မှီတယ်ဆိုရင်
ငါတို့ရိုးရာယဉ်ကျေးမှု့ကို
ဘယ်သူ လာထိန်းမှာတဲ့လဲကွာ ၊၊
ဖုံးရင်ပေါ် ပေါ်ရင်ဖုံးနဲ့ အမြင်မတော်တာ
အများပါကွာလို့ဆိုတဲ့ ဆင်ခြေတွေနဲ့
အပ် ကို ဦး ပဲ့ ထမ်း ရင်
အရောင်တက်မလာတဲ့ အသိဉာဏ်ကို
ဘယ်ကျောင်းကမှ မွေးထုတ်ခဲ့မှာ မဟုတ်ဘူး ၊၊
ရှား ပါး ပြီး မြင် ရ တဲ့
ကိန်းဂဏန်တွေမှ တန်ဖိုးရှိတာလား
ဒါဆိုရင် ငါတို့ရဲ့ရိုးရာယဉ်ကျေးမှု့ကို
သေဲသာင်ပြင်မှာ ပစ်လိုက်ရမှာပေါ့လေ ၊၊
ဘုရားရေ အောက်ပါတယ်လို့
မင်းတို့ ခဏခဏ သုံးတယ်နော်
ဒါဆိုရင် မပေါ်တပေါ်ဝတ်မှ
အထက်တန်းစားပေါ့ ဟုတ်လား ၊၊
နေပါစေတော့ကွာ ချာတိတ်တို့ရာ
မင်းတို့ပြောတဲ့ အထက်တန်းက်ို
ငါတို့မလိုက်တော့ဘူး
ငါ့ညီမလေးတွေကိုလည်း
မထည့်လိုက်ချင်သလို
မင်းကိုလည်း မလိုက်သွားစေချင်ဘူး ၊၊
အတုယူမှတော့ အတုပဲရတော့မှာပေါ့
မြင်အောင်ကြည့်တက်ရင်
တို့မြန်ပြည်မှာ အစစ်တွေရှိနေပါတယ်
ချာတိတ်တို့ရာ ၊၊
စက္ကန့်တွေတိုင်း ချိုမြိန်ခြင်းတွေနဲ့ အတိပြီးပြည့်စုံနိုင်ပါစေ
🏠 အိမ် 🏠
Labels:
poem
အိမ်တဲ့ဗျာ သြရသအတွက်
စကားလေးတစ်ခွန်းထဲမို့သာပဲ
ရင် နဲ့ ယက် လုပ် ထား တဲ့
သံယောဇဉ်ကြိုးတွေကတော့
ရုန်းမထွက်ဝံ့လောက်အောင်ပါ ။
ဘော်ဒါတွေစနေကြသလို
ဟိုင်း နေ ပါ ပြီ
ဝါကျွတ်လည်း ကျွတ်ပြန်ပြီ
ဝါဝင်တော့လည်း ဝင်ပြန်ပြီပေါ့
ဆိုလိုတာကိုသိပါတယ် ဒါပေမယ့်
အလေ့ကျမပေါက်တဲ့ ရှေရေးမှာ
မပြေလည်တဲ့မိသားစုအတွက်
ဦးစားပေးနေရတဲ့ အရာတွေက
ဖေဖေရယ်မေမေရယ်ပြီးတော့
ညီမလေးနဲ့ ညီလေးတွေရယ်ပေါ့ ။
မအောင်မြင်သေးတဲ့ ကြုံးဝါးသံတွေ
မိုးလေမလုံခြုံတဲ့ အိမ်အမိုးမှာ
ကျိုးပဲ့နေတဲ့ ကြမ်းခင်းပြင်မှာ
ဆွေးလုလု ဝါးထရံပေါ်မှာ
ပြီးတော့ နှလုံးသားရဲ့နံရံထက်မှာ
ပဲ့တင်သံတွေ မြည်ဟီးနေတော့တယ်ဗျာ ။
စက္ကူပန်းလေး
Labels:
poem
ပန်းတော့ပန်းပါ မျက်နှာငယ်တဲ့ပန်းပေါ့
သင်းကြိုင်တဲ့ ရနံ့မရှိတာကလွဲလို့
အရောင်သွေးစုံတဲ့ပန်းလေးပေါ့
ကံခေချင်တော့ စက္ကူတဝက်နှောတဲ့
စက္ကူပန်းလေးပေါ့ကွယ် ။
ဟုတ်တယ် စက္ကူပန်းပါ
တန်ဖိုးထား ပန်သူလည်းကင်း
မွှေးကြူသူလည်း ဝေးလေတော့
မျက်နှာမွဲစွာ အလှဆုံးပဲပွင့်မိတဲ့
စက္ကူပန်းလေးပေါ့ကွယ် ။
ရင်ဝယ်၌ အထွေးမခံဖူးသလို
ကေသာ၌လည်း မစံံံခဲဖူးပါဘူး
ကဗျာဆန်တဲ့ လိပ်ပြာတွေလည်း
တခါဆိုတခါလေးမှ မသန်းခဲ့ပါဘူး
ဒါပေမယ့် အရောင်စုံအောင်တော့
အလှဆုံးပွင့်တဲ့ စက္ကူပန်းပေါ့ကွယ် ။
တချို့ကပြောသလို အဆင်းသာရှိပြီး
အချင်းမရှိ ရနံ့နတ္တိပါပဲ ဟုတ်တယ်
အဖိုးအနဂ္ဂမထိုက်တန်တဲ့ပန်းပေါ့
ဒါ ပေ မယ့် စိတ်နာ နာ နဲ့ ပဲ
အလှဆုံးအပြုံးပန်းတွေ လှိုင်လှိုင်ပွင့်တဲ့
စက္ကူပန်းလေးပေါ့ကွယ် ။
သူဝှက်
Labels:
poem
သံချေးအထပ်ထပ်နဲ့
ရပ် တည် ခြင်း ၌
အနာဂတ်မဲ့တဲ့ဝိညာဉ်ကို
မိုးခါးရေနဲ့ သန့်စင်လို့
အသစ်ဖြစ်မလာတဲ့
အသိညာဏ်အတွက်
ည အ မှောင် နဲ့
ဝမ်းမီးကို အသက်သွင်း
ကျရှုံးရတဲ့ ကိုယ်ကျင့်တရားက
ဆိုက်ကားဆရာတယောက်ရဲ့
ဘောင်းဘီအိပ်ကပ်ထဲက
တစ်ရာတန်အနွမ်းလောက်
မ ဖြူ စင် ခဲ့ ပါ ဘူး ။
ကမ်း ပြို မှာ ဆိုး တဲ့
မြစ်ကမ်းနှဖူးက သစ်ပင်ရိုင်းလို
ပြိုလဲမယ့် နေ့ရက်တွေကို
ဘ ဝ က တိုက် စား
ရှေ့ရေးဆိုတာ မှုန်ရီဝေဝါးနဲ့
နေ့စဉ် ထ မင်း ဟင်း က
အခြေခံလူတန်းစားတွေအတွက်
ရှားပါးကုန်ကြမ်းလို
ကံတရားက ဂရုဏာတရားထားဖို့
မေ့နေလေလျော့လား
ငါ့မှာတော့ညအမှောင်မှာ
အဟောင်ကြမ်းတဲ့
ခွေးလေခွေးလွင့်လောက်
ကံမကောင်းတော့ ဒီဘဝတော့
ဒီမျှနဲ့သာ ရှိစေအုံးတော့
အို.............. ကံတရားရယ် ။

ဘဝဆိုတာဒီလိုပါပဲ
Labels:
poem
သက်တူရွယ်တူမြင်တိုင်း
ခေါင်းငုံလိုက်တာ ရှက်လို့မဟုတ်ဘူး
ရင်ထဲက လှိုက်တက်လာတဲ့မျက်ရည်ကို
မင်းတို့ကို မမြင်စေချင်လို့ပါ
ကျေးဇူးပြူပြီးရပ်ကြည့်မနေပါနဲ့
နာကျင်နေတဲ့ ဒဏ်ရာတွေ
မြင်သွားမှာဆိုးတယ် သူငယ်ချင်း ။
မေးမှမေးတက်တယ် သူငယ်ချင်းရာ
နေ က တော့ ပူ တာ ပေါ့
ဒါပေမယ့် မိုးကိုတော့ မရွာစေချင်ဘူး
ဒီဂျာနယ်တွေ မကုန်မှာဆိုးတယ်
ဒါပေမယ့် ရင်ထဲမှာတော့
မျက်ရည်မိုးသွန်းချနေတာ
စာသင်ခန်းကို ကျောခိုင်းခဲ့စဉ်ထဲကပါ ။
မေးမှမေးရက်တယ် သူငယ်ချင်းရာ
လည်ချောင်းနာတယ်တဲ့လား
နာတာပေါ့ အသဲခိုက်အောင်နာတာ
ဒီဂျာနယ်ကို ဒီလိုမှ အော်မရောင်းရင်
ည နေ ထ မင်း ဝိုင်း မှာ
ငရုပ်သီးမှုန့်အရောင်ပျောက်ကုန်မှာ
မင်း မှ မ သိ တာ ကွာ
လည်းချောင်နာတာထက်
အသဲထဲကနာတာ ပိုဆိုးတယ်သူငယ်ချင်းရာ ။
ဘာတဲ့ မျက်ရည်ဆိုတာ သက်သေတဲ့လား
မဟုတ်ဘူးသူငယ်ချင်း လုံးဝမဟုတ်ဘူး
အရွယ်မတိုင်မှီ လောကရဲ့မှတ်ကျောက်မှာ
တ ကျိ ကျိ နဲ့ မြည် အောင်
အတိုက်စားခံရလို့ ထွက်ကျလာတာ
နှ လုံး သွေး စစ် စစ် ပါ
နှလုံးသွေးစစ်စစ်ပါ သူငယ်ချင်းရာ ။
.•♥♥•.¸✽¸.•♥♥•.¸✽¸ဘဝသမားလေး✽¸.•♥♥•.¸✽¸.•♥♥•.
တကယ်ပါဆရာမရယ်
Labels:
poem
ရိုက်ပါဆရာမရယ် ရိုက်လိုက်ပါ
အ ချက် နှစ် ဆယ် မ က လို့
အချက်တစ်ရာဆိုလဲ ရိုက်လိုက်ပါ
ဒါပေမယ့် မြေဖြူကိုင်တဲ့
ဆ ရာ မ လက် ဖ ဝါး နု နု
သွေးခြေဥမှာတော့ဆိုးမိတယ် ။
စာသင်ခန်းဝမှာ ရပ်ကြည့်မိတာ
စာခိုးအံချင်ရုံသက်သက်ပါ
အဒိန္နာဒါနာကံကို မကျုးလွန်ရပါဘူး
သက်သေပြစရာဆိုလို့
ခဏ...ခဏ အကျလွယ်တက်တဲ့
မျက်ရည်တွေပဲရှိပါတယ်
ဆရာမခေါ်ခိုင်းတဲ့ မိဘဆိုတာ
ကျွန် တော် မှာ မှ မ ရှိ တာ
တကယ်ပါ....တကယ်ပါဆရာမရယ် ။
အသက်ရူသံတစ်ခု ပီပြင်ဖို့အရေးကို
အမှိုက်ပုံတွေကြားမှာ တိုးဝှေ့ရသူဆိုပေမယ့်
အဝေးက မကြာမကြာလွင့်လာတက်တဲ့
ဆရာမလေးရဲ့ ဆုံးမသံတွေကြားမှာ
ယဉ်ပါးနေသူတစ်ယောက်ပါ
လမ်းမှားကို မလျှောက်ဝံ့ပါဘူးဆရာမလေးရယ် ။
.•♥♥•.¸✽¸.•♥♥•.¸✽¸ဘဝသမားလေး✽¸.•♥♥•.¸✽¸.•♥♥•.
အဖေ့ကိုပြောပေးပါ
Labels:
poem
ငါက အဖေလား မင်းကအဖေလား
ဟုတ်ပါတယ် အဖေကအဖေပါ
ဒါပေမယ့် ဒါပေမယ့်ဗျာ
ကျွန်တော်သူငယ်ချင်းရဲ့အဖေက
ညနေဆို နေမဝင်ခင် အိမ်ကိုရောက်နှင့်ပြီ
ဘီယာဘားက ပန်းကုံးဖိုးနဲ့
ဆန်တစ်ပြည်တန်ဖိုး သူသိတယ်
သူကောင်းကောင်းသိတယ် အဖေ
ဘီယာတစ်ခွက်နဲ့ ဟင်းတခွက်ကို
သူ မ လဲ ဘူး အ ဖေ
မီးခိုးဖြစ်သွားတဲ့ ဆေးလိပ်ဗူးနဲ့
ဟင်းရွက်တစ်စည်းတန်ဖိုးကို
ခွဲခြားတက်တယ်အဖေ ။
အလုပ်ရဲ့ အဆင်မပြေမှုတွေကို
သားသမီးအပေါ် မမဲတက်ဘူး
အလုပ်ကပြန်ရင် မုန့်အမြဲပါတယ်
ဒါတွေကို သားမမျှော်ဘူးအဖေ
သားလိုချင်တာ အဖေ့ရဲ့အပြုံး
အဖေ့ရဲ့ နွေးထွေးတဲ့ အပြုံးပါ ။
သူတို့လည်း အဆင်မပြေပါဘူး
ဒါပေမယ့် သားသူငယ်ချင်းက
ကျောင်း စ တက် နေ ပြီ
သားကျောင်းတက်ချင်တယ်အဖေ
ကျောင်းမုန့်ဖိုးကို မတောင်းပါဘူး
သား...စာကြိုးစားကွာဆိုတဲ့
အားပေးစကားကိုတောင်းတတယ်
သားကျောင်းတက်ချင်တယ် အဖေ
သားကျောင်းတက်ချင်တယ် အဖေရယ်
မေမေ့ထံသို့
Labels:
poem
အမေ့မျက်ဝန်းရဲ့ မြို့ရိုးထောင့်မှာ
လောကဓံသိုက်တူးသမားတွေ
တူးဆွခဲ့လို့ ပုလဲလုံးတွေ ကြွေကျခဲ့တာ
ကံတရားရဲ့ ပေါက်ကရတေးသွားတွေကြား
ဘဝဇာတ်ကို ဟန်ချက်ညီအောင်ကနေတာ
သားသိတယ်အမေ ။
ပုံလျက်သား လဲကျသွားတဲ့ အမေ့ဇရာက
ကမ္ဘာကြမ်းပြင်ပေါ် ခွေကျလုနီးပါးပေမယ့်
အမေ့ မာနတွေနဲ့ကုန်းရုန်းထခဲ့တာ
သားသိပါတယ် အမေ ။
ဆာလောင်မွတ်သိပ်မှု့တွေနဲ့
ဖြန့်ခင်းတက်တဲ့ သားလက်ဖဝါးကို
နေ့ဖို့ညစာ အဖြူအမည်းမခွဲခြားပဲ
ဖြည့်တင်းပေးခဲ့တာ သားသိတယ်အမေ ။
ခဏလေးပါ ခဏလေးပါအမေ
အလှည့်ကျရင် မနွဲ့စေရပါဘူး
နာကျဉ်နေတဲ့ အမေ့ရဲ့အသည်းကို
ပီတိပန်းများပွင့်စေပါ့မယ် မေမေရယ် ။
ခ လု ပ် တို က် မှ
သားလူလေး ဘယ်နားနာသွားလဲလို့
အမေ့အသည်း စကားပြောတာမဟုတ်မှန်း
သား သိ တယ် အ မေ
ခလုပ်မတိုက်ခင်မှာထဲက
ရင်ခွင်ထဲထွေးပြီး စကားတွေပြောခဲ့တာ
ငယ်စဉ်ထဲက နားရည်ဝပြီးသားမို့
အမေမကြားလောက်ပေမယ့်
စကားလေးတစ်ခွန်းလောက်ပြောချင်မိတယ်
ချစ်တယ်မေမေ သားချစ်တယ်မေမေရယ် ။
စီးဆင်းခြင်းမှတ်တိုင်
Labels:
poem
တကယ်လို့များသင်ဟာ မိမိကိုယ်မိမိ
အင်အားကြီးထွားသူလို့ ခံယူထားရင်
အားငယ်သူကို ဖေးမရဲရမှာပေါ့.
ဒါမှမဟုတ် သင်ဟာ မိမိကိုယ်မိမိ
မြင့်မြတ်သူလို့ ခံယူထားခဲ့ရင်
သိမ်ငယ်သူကို ငဲ့ကြည့်ရဲရမှာပေါ့.
ဒါမှမဟုတ် သင်ဟာ မိမိကိုယ်မိမိ
ဖြူစင်သူလို့ ခံယူထားခဲ့ရင်
အများရှေ့မှာ ပြုံးပြရဲရမှာပေါ့.
ဒါမှမဟုတ် သင်ဟာ မိမိကိုယ်မိမိ
လမ်းမှန်လျှောက်သူလို့ ခံယူထားရင်
လမ်းမှားသူကို လမ်းမှန်ပြရဲရမှာပေါ့
ဒါမှမဟုတ် သင်ဟာ မိမိကိုယ်မိမိ
မေတ္တာရှင်လို့ ခံယူထားခဲ့ရင်
အရာအားလုံးကို ခွင့်လွှတ်နိုင်ရမှာပေါ့.
ဒါမှမဟုတ် သင်ဟာ မိမိကိုယ်မိမိ
အရိပ်အာဝါသအောက်ခိုလှုံသူမှန်ရင်
နေပျောက်ထိုးတာ ခံနိုင်ရဲရမှာပေါ့.
ဒါမှမဟုတ် သင်ဟာ မိမိကိုယ်မိမိ
လူသားကောင်းတစ်ဦးလို့ ခံယူထားရင်
လောကကြီးကို အကောင်းမြင်ရဲရမှာပေါ့.
ဒါမှမဟုတ် သင်ဟာ မိမိကိုယ်မိမိ
ဖြောင့်မတ်သူအဖြစ် ခံယူထားရင်
တရားနည်းလမ်းကျစွာ တွေးခေါ်ရဲရမှာပေါ့.
ဒါမှမဟုတ် သင်ဟာ မိမိကိုယ်မိမိ
အလင်းရောင်အဖြစ် ခံယူထားမိရင်
အမှောင်ရှိခြင်းကို လက်ခံရဲရမှာပေါ့.
ဒါမှမဟုတ် သင်ဟာ မိမိကိုယ်မိမိ
ပညာရှိတစ်ဦးလို့ ခံယူထားခဲ့ရင်
ပညာမဲ့သူတို့ကို မျှဝေရဲရမှာပေါ့.
ဒါမှမဟုတ် သင်ဟာ မိမိကိုယ်မိမိ
အထက်တန်းစားလို့ ခံယူထားခဲ့ရင်
အောက်တန်းစားအလုပ်ကို ရှောင်နိုင်ရမှာပေါ့.
ဒါမှမဟုတ် သင်ဟာ မိမိကိုယ်မိမိ
လူသားစစ်စစ်ပါလို့ ခံယူထားခဲ့ရင်တော့
လဲနေသူကို ထူပေးရဲရမယ်
အားငယ်ကို အားပေးရဲရမယ်
ကျရှုံးသူကို ဖေးမရဲရမယ်
ဝမ်းနည်းသူကို နှစ်သိပ့်ရဲရမယ်
နွမ်းပါးသူကို ပေးကမ်းရဲရမှာပေါ့.
အတိတ်က ခဲကောက်ကြောင်း
Labels:
poem
အတိတ်က ခဲကောက်ကြောင်း
ဘယ်သူမှန်းမသိလိုက်တဲ့
ပန်းချီဆရာတစ်ယောက်ရဲ့
ခဲကောက်ကြောင်းလေးတစ်ခုမှာ
အတိတ်တွေပြည့်နှက်နေတယ်
သူ့ကောက်ကြောင်းက ဝေဝါးနေလည်း
အတိတ်တွေက ပီပြင်နေမြဲ ပီပြင်နေစဲ.
ရင်ဖက်ခြင်းတူလို့ စီးဆင်းခွင့်ရတဲ့
အတွေးစီးမြောင်းမှာအမိရင်ခွင်ဟောင်းက
မနေ့တနေ့ကလိုလိုပါပဲ ခဲကောက်ကြောင်းရယ်.
ဒီနေ့ဟာ မနက်ဖြန်ရဲ့ မွေးဖွားခြင်းတဲ့
သေဆုံးသွားတဲ့အတိတ်တွေမှာ
ယုန်နှင့်လိပ် မယ်ထွေးလေး ပြီးတော့
ကိုရွှေကျားနဲ့ ရွှေသမင်တို့က
နားရည်ဝစွာ ဒီနေ့အထိ ရှင်သန်နေစဲ
အမေ့ရင်ခွင်ဖြစ် ပုံပြင်တွေပေါ့.
ဟုတ်တယ် အိမ်မက်ဟာ အိမ်မက်ပါ
ဒါဟာ လက်တွေ့မက်ခဲ့ဖူးတဲ့ အိမ်မက်ပါ
မိနစ်ပိုင်းလောက် ပြန်မက်ခွင့်ရရင်
ခဲကောက်ကြောင်းလေးထဲကလို
ခဏဖြစ်ဖြစ် အမိရင်ခွင်လေးထဲ
ကွေးကွေးလေး မှေးနေချင်လိုက်တော့တယ်
အို..ခဲကောက်ကြောင်းငယ်ရယ်.
ဒီလိုကောက်ကြောင်းတစ်ခု
အချိန်နာရီတွေထဲ ကျပျောက်သွာတာကြာပါပြီ
တွေ့လိုတွေ့ငြား ရှာနေမြဲပါ
ပြန်မတွေ့လောက်မှန်းလဲ သိပါတယ်
ဒါပေမယ့် အနာပေါ်တုတ်ကျသလို
ခဲကောက်ကြောင်းလေးက လာလာစွတော့
နှင့်သီးစွာနာကျင်မိတယ်
ခဲကောက်ကြောင်းထဲကလို ရင်ခွင်ဟောင်းရယ်
ဪ အမိရင်ခွင်ဟောင်းလေးရယ် ။
သေမင်းဆီသို့
Labels:
poem
ပုဇွန်ဆီရောင်တွေ ပြိုပြိုကျတာ
တစ်နေကွယ်တာတဲ့
သေချာပါတယ် သေမင်းနယ်ကို
ခြေတစ်လှမ်း ပန်းဝင်တာ
ငါမှမသိလိုက်တာ.
ငါမေ့မေ့ပျောက်ပျောက်နဲ့
ဆွတ်ခူးခဲ့တဲ့ နေဝင်ပန်းတွေ
ရင်မှာတထွေးကြီး ဪ တထွေးကြီးပါ.
တစ်ခါသေဖူးမှ ပျဉ်ဖိုးနားလည်ရမှာလား
မနေ့ညနေက နေအကွယ်မှာ
အသက်ရှူသံတချို့ သေဆုံးခဲ့တာ
ဒီအတိုင်း လက်လက်ဆက်ဆက်ရှိတုန်းပဲ.
ဒီနေ့ဟာ မနက်ဖြန်အတွက်တော့
တစ်ခန်းရပ် မွေးဖွားခြင်းတဲ့
အလီလီသေဆုံးသွားတဲ့ အတိတ်က်ို
အသုဘ လိုက်ပို့မယ့်သူမဲ့နေတယ်
သူတို့တွေရော ငါ့လိုပဲ အတိတ်တွေက
သေရော သေကြရဲ့လား.
ရေးရေးတွေးမိရုံလေးပါ
နာရီပေါ်ကစက္ကန့်လက်တံတွေ ကခုန်တိုင်း
အစမ်းသေပေးလိုက်ရတဲ့ အသက်ရှူသံက
နောက်ဖက်မြို့ရိုးမှာ ထိုးကျသွားတဲ့
နေမင်းကို ဆည့်ယူဖို့ မစွမ်းလေးတော့
အို...ကွယ် သေမင်းနယ်သို့
ခြေတစ်လှမ်းဝင်လိုက်အုံးပေါ့
ဇရာရယ် လှမ်းလိုက်အုံးပေါ့ကွယ်...။
အမှားနဲ့အမှန်
Labels:
poem
မောင်ကကျွန်မကို အကြည့်စူးစူးတွေနဲ့
ညှို့အားကောင်းစွာပဲ စတင်ပြုစားလိုက်တယ်
ပြီးတော့ မြွေကြီးတစ်ကောင်လို တစ်စတစ်စ
ရစ်ပတ်သိုင်းလ်ိုက်တယ် အနမ်းတွေကတော့
ကျွန်မမျက်နှာဖူးဖူးပေါ် ကျရောက်လျှက်ပေါ့
အသိစိတ်ကတော့ တားနေပါတယ်
ဒါပေမယ့် အချစ်ဆိုတာနောက်ကိုတော့
မလိုက်ရဲလိုက်ရဲနဲ့ ကောက်ကောက်ပါမိတာ
မောင့်ရဲ့ ညှို့အားကြောင့်ထင်ရဲ့
အလိုက်သင့်စီးမျောရင်းနဲ့
မောင်ကကျွန်မကို အချစ်ကမ္ဘာတစ်ခုဆီသို့
ဦးဆောင်ခေါ်သွားတယ်
အသိတရားကတော့ ပူးလိုက်ကပ်လိုက်ပါပဲ
အလန့်တကြားနဲ့ အသိတရားဝင်လာချိန်မှာတော့
မို့ယာထက်မှာ ကျွန်မဘဝက
မျက်ဝန်းကတဆင့် အလိပ့်လိုက် ခုန်ချနေပြီ
မျက်ရည်တွေပေါ့ ဟုတ်တယ် မျက်ရည်တွေ
နောက်ဆုံး မောင့်စကားခွန်းက
မှတ်မှတ်ရရကြားလိုက်တာက
ချစ်တယ် ချစ်တယ်ကွယ် ချစ်ရယ်တဲ့
မဝေခွဲမိတာက အမှားလား အမှန်းလား
သေချာတာကတော့ ကျွန်မသူ့ကိုချစ်တယ်
မလိုက်သင့်ပဲ လိုက်ခဲ့မိတဲ့
မောင်ခေါ်ရာ အချစ်ကမ္ဘာဆီက
အတွေ့အကြုံသစ်အတွက်တော့
မို့ယာထက်မှာ မျက်ရည်တွေက
အရွှဲသားနဲ့ ကျွန်မသိက္ခာတွေ
ပုံလျှက်သား ထိုးကျခဲ့ပြီရှင်......
ကံတရားပဲပေါ့ဗျာ
Labels:
poem
သူတို့ ထင်းခွေနေစဉ်တုန်းကပေါ့
တောင်ကတုံးတွေပေါ်မှာဆုံခဲ့တယ်
ဖာသည့်ဖာသာ နေသာသလိုပါပဲ
လက်ပိုက်ကြည့်နေခဲ့မိတယ်
ကံတရားကို အပြစ်ဖို့လျှက်ပဲပေါ့
သူတို့ တောင်ကတုံးတွေပေါ်
မိုင်းယမ်းတွေကပ်ပြီး
မြန်မာပြည်မြေပုံကို ဖဲ့ဖဲ့ပြီးယူနေတုန်း
ဆုံဖြစ်အောင်ဆုံခဲ့သေးတယ်
ဒါပေမယ့် လက်ပိုက်ကြည့်နေမြဲပါပဲ
ဪ.... ကံတရားပဲပေါ့
သူတို့ မြစ်ကြီးတွေ တစ်စင်းပြီးတစ်စင်း
ခါးလည်ကပိုင်းဖြတ် ကန်သင်းတုပ်နေတုန်း
ငါရေခပ်ဆင်းနဲ့ ဆုံဖြစ်လိုက်တယ်
တိတ်တဆိတ်ပါပဲ မသိသလိုပဲနေမိတယ်
ဘာတက်နိုင်မှာလဲ ကံတရားပဲပေါ့
သူတို့ မြို့လည်ခေါင်မှာ ခန့်ငြားစွာနားနေဖို့
ငါတို့ မြို့ပြင်ကို ထွက်ပေးခဲ့ချိန်မှာ
တိုက်ဆိုင်စွာပဲ မျက်နှာချင်းဆိုင်ဆုံခဲ့ကြတယ်
ငါ့နှုပ်ခမ်းတွေက စွံ့အနေမြဲပဲ
ဘာတက်နိုင်မှာတဲ့လဲ ကံတရားပဲပေါ့
ဘာတက်နိုင်မှာလဲ မဟုတ်ဘူးလား
တကယ် ဘာမှမတက်နိုင်ခဲ့တာ
နောင်လာနောင်သားအတွက်ဆို
နီကျင်ကျင် မြေပုံစာရွက်အဟောင်းထဲ
မာနတွေကို အတင်းထိုးသ်ိပ်ပြီး
ကဲ မင်းတို့ကြည့်ကြ
ဒါ တို့ခေတ်က မြန်မာပြည်ဆိုတာပဲပေါ့ဗျာ ။
ညီမျှခြင်းလေးပေးပါ
Labels:
poem
ဘုရားရေ ဒါဟာဘဝတဲ့လား
ညီမျှခြင်းတွေက အခြားကြီးခြားလို့
မျှတခြင်းတို့ဆိုတာ အဝေးကြီးဝေးဆဲ
သောကတွေပူလို့ မေတ္တာမိုးက်ိုမျှော်တာ
လောကမိုးရည်စက်တွေက
အသည်းကြီးသည်းလိုက်တဲ့ဖြစ်ခြင်း
ရင်လှိုက်သည်းစွာ ငိုကြွေးခြင်းကို
သူဖေးမဖို့ရာ မစွမ်းသာလို့ထင်ရဲ့
သိတက်စထဲက ဒီငွေတွင်းကို
တစိုက်မက်မက်တူးခဲ့တာပါ
ဝမ်းတစ်ထွာအတွက် တူးခဲ့မိတာ
ဒီငွေတွင်းက တူးလေနက်လေပါပဲ
အားတော့တင်းထားပါတယ်
ဒီလောက ဘဝစာသင်ခန်းကို
မျက်ရည်တွေနဲ့ရင်းပြီ သင်ယူနေဆဲပါ
ရထားတဲ့သင်္ခန်းစားတွေက ခါးသီးနေလည်း
တစ်ချိန်ချိန်မှာ ချိုမြိန်လာနိုးနိုးပေါ့
သူတို့လိုလေ ဇိမ်ခံကားကြီးလည်း
အလိုမရှိခဲ့ရပါဘူး ဒါအမှန်ပါ
တိုက်ကြီးတာကြီးဆို ဝေလာဝေး
ဝမ်းဝရုံလေးနဲ့ နပ်မှန်ရုံလေးသာသာ
တောင်းဆိုမိတာ တောင်းဆိုမိတာပါ
တော်ပါပြီ မိုးမင်းရယ်
ခိုက်ခိုက်တုန်အောင် ချမ်းလှပါပြီ
မစာနာရင်နေပါစေတော့ ညှာတာပါအုံး
ငါ့မှာ အပြိုင်ငိုကြွေးဖို့ မျက်ရည်တွေက
မျက်ရည်တွေကလေ ကုန်ခန်းလုပြီ
မနက်ဖြန်ငိုဖို့ရာ သိမ်းဆည်းထားပါရစေအုံး
သိမ်းဆည်းထားပါရစေအုံး မိုးမင်းရယ်...။
Subscribe to:
Posts (Atom)























