(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
Showing posts with label fancy. Show all posts

၂၁ရာစုရဲ့ မြင်ကွင်းတချို့က
Labels:
fancy
တချို့နေရာတွေမှာ စစ်မီးတွေ တဟုန်းဟုန်း လောင်ကျွမ်းဝါးမျိုနေတယ်
တချို့နေရာတွေမှာတော့ ငြိမ်းချမ်းခြင်းတွေ ဖူးပွင့်ဝေဆာနေတယ် ။
တချို့နေရာတွေမှာ ပျော်ရွှင်ခြင်းတွေ ရှင်သန်နေတယ်
တချို့နေရာတွေမှာတော့ အဖန်ဖန်အလီလီ သေဆုံးနေတယ် ။
တချို့နေရာတွေမှာ လွတ်လတ်ခြင်းတွေ အသုံးချနေတယ်
တချို့နေရာတွေမှာတော့ ချုပ်နှောင်ခြင်းတွေ ကြီးဆိုးနေတယ် ။
တချို့နေရာတွေမှာ အောင်မြင်ခြင်းတွေ ဆင့်ကာဆင့်ကာ လျှောက်လှမ်းနေတယ်
တချို့နေရာတွေမှာတော့ သေဆုံးဖို့ တစပြင်ကလွဲလို့ ရွေးချယ်စရာတွေမဲ့နေတယ် ။
တချို့နေရာတွေမှာ သနားကြင်နာခြင်းတွေ ကိန်းအောင်းနေတယ်
တချို့နေရာတွေမှာတော့ ကြီးနိုင်ငယ်ညှင်း ဝါဒတွေကျင့်သုံးနေတယ် ။
တချို့နေရာတွေမှာ အလင်းရောင်တွေ မင်းမူနေတယ်
တချို့နေရာတွေမှာတော့ အမှောင်ထုက ဝါးမျိုနေတယ် ။
တချို့နေရာတွေမှာ အမှန်တရားတွေ ဖြစ်ထွန်းနေတယ်
တချို့နေရာတွေမှာတော့ အမှားတွေကို ဖန်တီးနေကြတယ်ကွာ ။
လောကကြီးမှာအမှန်နဲ့အမှား ဆန့်ကျင်ဖက်တွေနဲ့ ပေါင်းစပ်နေချိန်မှာ ကမ္ဘာကြီးကလည်း အလင်းတဖက်
အမှောင်တဖက်နဲ့ ဓမ္မဓိဌာန်ကျစွာလှည့်ပတ်နေချိန်မှာ ငါရောက်ရှိနေဖက်က အမှောင်ထုကြီးဆိုးလွန်းတော့
အမှားကိုအမှန်ထင်သယောင်ယောင် အမှောင်ကိုအလင်းထင်သယောင်ယောင် စမ်းတဝါးနဲ့ အမှောင်ထုကို
မချင့်မရဲတွန်းလှန်ရင်း အာရုံဦးသို့အားစိုက်တိုးကပ် နီးသထက်နီးအောင်ကြိုးစားရင်းနဲ့ ၂၁ရာစုရဲ့သားပျိုငါ...
(ကျေးဇူးတင်ပါတယ်)
Read User's Comments(0)
ဘဝနဲ့ တန်ဖိုးဆိုတာ
Labels:
fancy
ဘဝ..
ဘဝဆိုတဲ့ကောက်ကြောင်းကို စည်းတားလိုက်ရင် တီထွင်တွေးတော့ကြံဆ၍ အသက်မွေးဝမ်းကြောင်း
ပြုပြီး ရှင်သန်ရပ်တည်ခြင်းနဲ့ ရုန်းကန်လှုပ်ရှားခြင်းခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုခြင်း တို့ဖြစ်ပါတယ်
တီထွင်ကြံဆခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှာ အထူးပြောစရာမလို့အောင် ချောမွေ့ကြပေမယ့်
ရုန်းကန်လှုပ်ရှား အသက်မွေးဝမ်းကြောင်းပြုရာမှာတော့ အင်မတန်ကြမ်းတမ်းခက်ခဲပါတယ် ။
တန်ဖိုး...
တန်ဖိုးဆိုတာ အသုံးကျမှုနဲ့အသုံးဝင်မှုပေါ်မူတည်ပြီး ဆုံးဖြတ်တက်ကြတယ် အသုံးတည့်မည့်အချိန်ကာလ
ကြာမြင့်ချိန်နဲ့အမျှ တန်းဖိုးကလည်း မြင့်မားလာတက်ပါတယ် တချို့က တန်ဖိုးကို မျက်မှန်းနဲ့ဆုံးဖြတ်သလို
ဥပမာ စိန်ရွှေငွေ ကျောက်သံပတ္တံမြား အစရှိသည်တို့ကို ရှားပါးတဲ့အတွက် ရှားပါးရင် ရှားပါးသလောက်
တန်ကြေးပေးပြီး ဆုံးဖြတ်တက်ကြတယ် သို့သော်လည်း တချို့ကိုတော့ မျက်စိနဲ့ မမြင်နိုင်ပေမယ့် မြတ်နိုး
မှုတွေနဲ့ ဆုံးဖြတ်တက်ကြပါတယ် ဥပမာအားဖြင့် ပန်းချီပန်းပု လေးစားလောက်တဲ့ လူပုဂ္ဂုလ်တွေရဲ့ အသုံး
အဆောင်ပစ္စည်းအကြွင်းအကျန်တွေကို အသုံးမဝင်ပေမယ့် မြတ်နိုးတဲ့စိတ်နဲ့ တန်ကြေးဖြတ်တက်ကြတယ်
ဒါပေမယ့် တချို့ကို ကိုးကွယ်ဆည်းကပ်တဲ့ ဘာသာတရားရဲ့ ချမှတ်ထားတဲ့ ကိုယ်ကျင့်သိက္ခာသီလသမာဓိ
စောင့်စည်းမှု စောင့်ထိန်းမှုတွေအပ်ါမူတည်ပြီး တန်ဖိုးဖြတ်တက်ကြပြန်တယ် ဒီလိုဆိုရင် တန်ဖိုးဆိုတာ
အသုံးတည့်လို့ တန်ဖိုးရှိတယ် ရှားပါးလို့ တန်ဖိုးရှိတယ် မြတ်နိုးလို့လည်း တန်ဖိုးရှိတက်ကြပါတယ်။

မြို့ ပတ် ရ ထား ငယ် လေး
Labels:
fancy
အော်အီးအီးအွတ်ဆိုတဲ့ လင်းကြက်တွန်သံနဲ့အတူ အာရုံဦးအလင်းမဦးခင် မြို့ပတ်ရထားစက်ခေါင်းအိုလေး
စက်သံညံညံနဲ့ ရန်ကုန်မြိုလေးကို အသက်သွင်းလိုက်ပါတယ် ဘူတာအိုအထွက်မှာ သူ့တာဝန်သူကျေဖို့
ခက်နွမ်းနွမ်း အားအင်တွေနဲ့ ယဲ့ယဲ့လေးပြုံးင်္ပြီး ခရီးသွားတွေကို စည်းရုံးနေတဲ့ဟန်ပန်က သမားအိုတပါးလို။
ဥသြသံပေးပြီး မီးခိုးအူအူနဲ့ ခေါင်းတွဲကြီးရဲ့နောက်က နောက်လိုက်တွဲတွေ ဂျုံးဂျုံးဂျက်ဂျက် စည်းချက်ပေး
ဘယ်ညာယိမ်းနွဲ့ ကနေတဲ့ဟန်က ရန်ကုန်မြို့ရဲ့ အလှတရားကို တထောင့်တနေရာက အားဖြည့်နေလေရဲ့
တဘူတာဝင် တဘူတာထွက် မညိုငြင်ပဲ ဟောင်းနွမ်းအရောင်လွင့်ပြယ်နေတဲ့ ကိုယ်ထည်တွေထက်မှာ
ဒဏ်ရာတွေပြည့်နှက်နေလည်း တကျွိကျွိငြီးညူရင်း ကုန်စည်တွေကို နိုင်နင်းစွာထမ်းပိုးပြီး ရောက်လိုရာ
ဘူတာကို နည်းတယ်များတယ် ဈေးမဆစ်ပဲ ရရာနေရာကနေ တိုင်းပြည်တာဝန်ကို ထမ်းနေလေရဲ့။
သောက်ရေတွေရမယ် သောက်ရေတွေရမယ်ဗျို့ တစာစာအော်နေသံတွေနဲ့ အမျိုးအမည်စုံလင်သော
မုန့်ပဲသရေစာတွေကို တနိုင်တပိုင်သယ်ပိုး ရောင်းချသူတို့ရဲ့ ဝမ်းရေးကိုဖေးမရင်း ဘယ်ညာလမ်းနှစ်ဖက်
အမှိုက်ပုံတွေကြားမှာတိုးဝှေ့ပြီး အစီအရီပေါက်နေတဲ့ ဇီးပင်တွေရဲ့ဆူးညှောင့်ဒဏ်ကို ကြံ့ကြံ့ခံ တွေ့နေကျ
ကျူးကျော်တဲတွေကို ဟန်လုပ်ပြုံးရင်း လက်ဝှေ့ရမ်းပြီး တစုံတခုကိုတောင်းရမ်းနေတဲ့ မျက်ဝန်းငယ်တွေကို
ဖြေသိမ့်ပေးဖို့ ကြံရာမရလို့ ကြွေမိတဲ့မျက်ရည်စက်ကို လူမမိခင်အမြန်သုပ် ခပ်သွက်သွက်လေးခရီးနှင်ခဲ့တာ
နေစဉ်ရက်စက်ဆိုတာ သံလမ်းလေးတွေက သက်သေထူသမိုင်းသက်သေပေါ့။
မိုးသည်းထဲမှာ အမိုးအကာမပါပဲ မရပ်မနားပြေးလွှားခဲ့တာ အလီလီအခါခါပါ နှင်းခါးတွေအောက်မှာ လွှမ်းခြံ
စရာမပါပဲ ရုန်းကန်ခဲ့တာ အဖန်ဖန်အလီလီ နွေနေပူမှာ ချွေးသံရွှဲရွှဲ ခရီးနှင်ခဲ့တာ အရှေဘူတာရုံလေးမှာ
ငါ့ကိုမျှော်နေမယ့်သူ ရှိနေမှာပဲလို့ အတွေးစိတ်တွေက အားစိုက်ရုန်းဖို့ဖြစ်လာတော့ သံလမ်းနှစ်သွယ်နဲ့
ရိုက်ခတ်သံတွေက ပိုမိုကျယ်လောင်လာတယ် ဂျုံးဂျက်ဂျက်နဲ့ပေါ့။
ကဲ နေလည်းစောင်းလို့ အလင်းလည်းပျောက်လုပြီ ခေတ္တနားဖို့အချိန်တန်ပြီမို့ တနေ့တာလေးအတွက်
ပင်ပန်းခဲ့သမျှကို မီးရောင်မှိန်မှိန်လေးတွေ အစားထိုးနေရာမယူလာခင်လေ ဥသြသံကျယ်ကျယ်လောင်ပေး
နောက်ဆုံးအခေါက်ပြီးဆုံးခါနီး နှုတ်ဆက်အနမ်းတွေနဲ့ ရန်ကုန်မြို့ရဲ့ ဆည်းဆာအလှကို အားဖြည့်ရင်း
အိပ်တန်းဝင်ငှက်တွေနဲ့အပြိုင် နောက်ဆုံးဘူတာရုံလေးကနေ ရန်ကုန်ဘူတာကြီးဆီသို့ လှမ်းရင်းလှမ်းရင်း။
~~ကျေးဇူးတင်ပါတယ်~~

မနေ့ညက အိမ်မက်
Labels:
fancy
ဝမ်းစာရေးအတွက် ကံတရားပေါ် ခြေချလိုက်တာနဲ့၊ ပုတ်အက်အက် အနံသက်ဆိုးက နှာခေါင်းဝကို
ထိုးနှက်တိုက်ခိုက်တယ်၊ ခေါင်းပေါ်က သူရိန်နေမင်းကြီးက ဟန်ပါပါ မာန်ဝင့်နေတယ်၊ သူ့တာဝန်ကျေဖို့
ထင်ပါရဲ့၊ ငါ့ဝမ်းထဲမှာ အသူတရာတွေ စစ်ခင်းနေလေလျော့လား အောင်းမေ့ရတယ် ဆာလောင်မှု့တွေက
နထင်မှာလာရိုက်ခတ်တယ်၊ လေးလံတဲ့ မိသားစုတာဝန်ကို ဘယ်သူမှ ထိုးမပေးပဲ ငါ့ပခုံးထက်ကို တအိအိ
ပြိုဆင်လာတာ၊ အိပ်ယာထဲ နှစ်ရှည်လများ လဲလျောင်းနဲ့တဲ့ ဖေကြီးကြောင့်လား ဒါမှမဟုတ် တအိမ်တက်
တအိမ်ဆင်း အဝတ်လျှော်ရတဲ့ မေကြီးက ဝင်ငွေနည်းခဲ့လို့လား၊ သေချာတာကတော့ ကားလမ်းဖက်ကို
များနှာမူထားတဲ့ စာသင်ကျောင်းကိုတော့ ငါကျောခိုင်းခဲ့ရတယ် ။
ဒီအချိန်ဆို ငါ့သူငယ်ချင်းတွေ မုန့်စားဆင်ချိန်၊ ဝိုင်းဖွဲ့စားရင်း သောက်ရင်းနဲ့ ပြေးလွှားဆော့ကစားနေတာ၊
ကျောင်းနောက်ခွေးတိုးပေါက်က ခိုးခိုးငေးမောခဲ့ရတာ အကြိမ်ကြိမ်၊ အဝေးဆီကလွင့်ပျံလာတဲ့ စာအံသံကို
အဝံ့မရဲနဲ့ တီးတိုးခဲ့တာလည်း အဖန်ဖန်ခါခါ၊ ဘဝဆိုတဲ့ ဝေါဟာရကို နာကျဉ်စွာ တောက်ခေါက်လိုက်တော့
မပီမသ၊ နေပါစေလို့ မရှိမဲ့ရှိမဲ့ မာနလေးကို မြေမှာချနင်းလိုက်တော့ ဟောင်လိုက်တဲ့ခွေးကွာ ။
အရပ်ထဲမှာလည်း တံစက်မိတ်ကို မဆိုထားနဲ၊့ အိမ်ရှေသစ်ရိပ်ဝါးရိပ် မနားခိုဝင့်အောင်၊ ခွေးတကောင်လို့
သူတို့မောင်ထုတ်ကြတယ်၊ နူရာဝဲဆွဲ လဲကျရာသူခိုးထောင်း မရှိတော့ခိုးနိုးနိုး မလှတော့ဆိုးနိုးနိုးနဲ့
စက္ကူတွေကိုသာ တန်ဖိုးထားတဲ့ လောကကြီးမှာ၊ ငါ့ဘဝက ကဗျာဆရာတွေအတွက် ကုန်ကြမ်းတခု၊
ပန်ချီဆရာအတွက် ကောက်ကြောင်းတခုကလွဲလို့ ဘာဆိုဘာမှ အသုံးမတည့်၊ လက်သီးကိုတင်းတင်းဆုတ်
အံကိုကြိတ်၊ လူမမြင်မှာ ရင်နာနာနဲ့ မျက်ရည်ချွေဖို့ကြံ ၊ ဒါပေမယ့် လက်ကျန် နှလုံးသွေးတွေ ဒီနေ့အတွက်
မျက်ရည် မဖြစ်လာခဲ့ဘူး ။
ပါးထက်မှစိုရွှဲသော အထိအတွေ့ကြောင့် ကျတော် အိပ်ရာမှ ရုတ်တရပ်လန့်နိုးလာတယ်၊
ပါးနှစ်ဖက်မှာမျက်ရည် အရွှဲသားအတိုင်းသား၊ အလန့်တကြား ဘေးဘီကိုငဲ့ကြည့်မိတော့၊ ညကမပိတ်မိတဲ့
ကွန်ပြူတာ မှန်သားပြင်ပေါ်က ချာတိတ်ငယ်က၊ မျက်ရည်အတိုင်းသားနဲ့ ဝေဝါးနေတဲ့ သူ့အနာဂါတ်ကို
ငေးမောနေပုံက၊ ကျတော်အဖို့ ဒီညကတော့ အိမ်မက်ဆိုးဆိုးကို မွေးထုတ်လိုက်သလိုပါပဲဗျာ ။

ချစ်သောသားကြီး တယောက်ထဲအတွက်သာ
Labels:
fancy
သို့
သားကြီးရေ....
သားရေ သားတော်တယ်ကွာ ဒါမှဖေဖေသားကွ၊ အတန်းထဲမှာ ပထမဆုရတယ်ဆိုတာ တော်ရုံကြိုးစားမှု့မှ
မဟုတ်တာ၊ ဖေဖေမချီးကျူးပဲ မနေနိုင်အောင်ပါပဲကွယ်၊ ဒါပေမယ့် သတိလေးတခုတော့ ပေးချင်တယ်၊
ပန်းတိုင်ဆိုတာ ရောက်ပြီးရင် နာခိုနေဖို့မဟုတ်ဘူး၊ ခရီးတခုရဲ့ ခေတ္တနားခိုရာဆိုတာ စိတ်ထဲစွဲနေအောင်
မှတ်ထားပါ၊ သွေးအေးလို့ ရပ်တန့်လိုက်ရင် မိမိလက်ထဲ ရောက်ပြီးသား ဆုလဒ်တွေကို တပါးသူရဲ့
လက်ထဲကို ထိုးအပ်လိုက်တာနဲ့ အတူတူပဲ၊ ဘာလို့လည်းဆိုတော့ မထိုးပေးလည်း သူများက လုယူဖို့
၉၉ရာခိုင်နှုန်းလောက်က သေချာနေပြီးသားမို့ပါ ။
နောက်တခုရှိသေးတယ် သားရဲ့မေမေတိုင်လို့ ဖေဖေသိရတယ်၊ လမ်ထိမ်ကအုပ်ခုံမှာထိုင်ပြီး လမ်းသွား
လမ်းလာတွေကို စနောက်တက်နေပြီဆို၊ ကာလသားတွေနဲ့တွဲပြီး ဆေးလိပ်တွေလည်း သောက်တက်ပြီဆို၊
မကောင်းတဲ့ အကျင့်ဆိုးပဲ၊ ဖေဖေ အပြင်းအထန် ကန့်ကွက်တယ်ကွာ၊ မကောင်းတဲ့ အတက်ပညာဆိုတာ
ဘယ်အချိန်သင်သင်ရတယ်၊ ကောင်းတဲ့ အတက်ပညာဆိုတာ အချိန်ရှိတုန်းရှာဖွေ စုဆောင်းထားရတယ်၊
တနေ့မှာ တိုင်းပြည်ရဲ့အနာဂါတ် သူရဲကောင်းတဦး ဖြစ်ချင်တဲ့သူက အသေးအမွှား စိတ်ကစားစရာလေးကို
မရှောင်နိုင်ရင်၊ သားကြီးကို ဖေဖေတို့ မိသားစုအနာဂါတ် တိုင်းပြည်ရဲ့အနာဂါတ်ကို သားကြီးလက်ထဲ
ဘယ်လိုစိတ်ချမှုတွေနဲ့ ထိုးထည့်ခဲ့ရမှာလည်းကွာ၊ အမှားမှန်းသိရှိရင် ပြင်လို့ရပါတယ် ပြင်နိုင်မှ
သူရဲကောင်းကွ၊ ဖေဖေမှာချင်တာတခုက လောကမှာ အမှားတွေရှိလာခဲ့ရင် အဲ့ဒီအမှားတွေကို
တွေဝေသွေးပျက်မနေပဲ လမ်းမှန်ကို ရှာဖွေနိုင်သူသာ လူတော်တဲ့ မှတ်ထားကွာ ။
ဒီလောက်ဆိုရင် သားကြီး လျှောက်လှမ်းရမယ့်လမ်းကို သိလောက်ပြီလို့ ယူဆတယ်၊ အပေါင်းသင်းဆိုတာ
မီးတစ်စလိုပဲ အသုံးချတက်ရင် အသုံးဝင်တယ် အသုံးမချတက်ရင် မိမိကိုလောင်ကျွမ်းစေတယ်၊ နောက်ပြီး
အပေါင်းအသင်းကြောင့် ဂုဏ်တက်သလို အပေါင်းသင်းကြောင့် ဂုဏ်ကျဆင်းတယ်၊ ဒါပေမယ့် အားလုံးဟာ
အပေါင်းသင်းကိုပဲ လွှဲချလို့မပြီးသေးပါဘူး၊ မိမိသာလျှင် မိမိဘဝရဲ့ ပဲ့ကိုင်ရှင်ပါ မမေ့ပါနဲ့ သားကြီး၊
ညဉ်နက်နေပြီ ဖေဖေအနားယူတော့မယ်၊ ဒီလောက်ဆို သားကြီး လမ်းမှန်ကိုသိလောက်ပြီ
လို့ယူဆပါတယ်။
အဝေးတနေရာက
ဖေဖေ........

ချစ်သမီးလေး တယောက်ထဲ အတွက်သာ
Labels:
fancy
သို့
~~~ချစ်သမီးလေး~~~
ဖေဖေဟာ အလိုကြီးတယ် လောဘကြီးတယ် ဘဝကိုမြင့်မြင့်မားမား နေထိုင်ချင်တယ် မတောင်းမတပေါ့
အဲ့ဒီတော့ အလှမ်းကျယ်တော့တာပဲ မဆင်မချင်ပဲ အလုပ်တွေလုပ်တော့ အလှမ်းကျယ်တော့အလယ်လပ်
ဆိုတဲ့ စကားပုံအတိုင် အရာရာဟာ ကျရှုံးတော့တာပါပဲကွယ် ဘဝတကွေ့က သင်ခန်းစာတွေပေါ့သမီးရယ်။
အခု အမှားတွေသိနေပါပြီ ပြင်ဖို့လည်း ကြိုးစားနေပါပြီ၊ ဘဝဆိုတဲ့ ရေကျောမှာ ဇွဲလုံးလဆိုတဲ့ လှေကိုစီး
ဘယ်အကွေ့မှာ ဘယ်တက်နဲ့ထိန်း ညာအကွေ့မှာ ညာတက်နဲ့ထိန်း ဟန်ချက်ညီညီနဲ့ လောကပန်းတိုင်ကို
အရောက်လှမ်းဖို့ ဦးတည်နေပါပြီ၊ တနေ့နေ့မှာ အောင်မြင်ခြင်းရဲ့ ပီတိတွေကို ပျော်ရွှင်စွာ စားသောက်ရင်း
အသက်ထက်ဆုံး နေထိုင်သွားကြရတော့မှာပါ၊ နောက်ထပ်အမှားတွေ မရှိလာနိုင်အောင်လည်း ကတိတွေ
အထပ်ထပ်ပေးပါတယ် ချစ်သမီးလေးရယ် ။
ဖေဖေဘဝနဲ့ရင်းပြီး ရခဲ့တဲ့သင်ခန်းစာတွေကို သမီးလေးလည်း အတုယူရမယ်၊ ဒါမှအရှုံးထဲက အမြတ်ပေါ့၊
သမီး တိုးတက်မှု့ကို ရှာချင်ရင်အရင်ဆုံးရိုးသားပါ၊ ပြီးတော့ကြိုးစားပါ (အဲ့) နောက်တခုလည်း မှတ်ထားအုံး
လောကကြီးမှာ အမြဲတန်း မမှန်နိုင်ဘူး၊ မမှန်နိုင်ဘူးဆိုပြီး အမြဲတန်းတော့ မမှားရဘူး၊ မှားတဲ့ အမှားတွေက
ပြင်လို့ရတဲ့ အမှားတွေပဲ ဖြစ်ရမယ်။ သေသေချာချာ စိတ်ထဲစွဲနေအောင် မှတ်ထားပါ ပန်းတိုင်ဆိုတာ
ရှိနေမှာပါ၊ သမီးလေးအရွယ်ရောက်လာရင် အရာရာတိုင်းမှာ ဇွဲရှိပါ သတ္တိရှိပါ၊ ရိုးသားစွာနဲ့ လောကကြီးကို
ကျော်ဖြတ်ပါ၊ အရေးကြီးဆုံး မှာချင်တာက ဘယ်အရာမဆို ကြိုးစားရင် ပန်းတိုင်ဆိုတာ ထာဝရရှိနေမှာပါ၊
အမှားတွေရှိလာခဲ့ရင်လည်း သွေးပျက်တွေဝေမနေပဲ အမှန်ကိုကြိုးစားပြီးရှာပါ၊ အမှားကိုအမှားနဲ့ မပြင်နဲ့
အမှားကိုအမှားနဲ့ပြင်ရင် နောက်ထပ် အမှားတခု တိုးလာတာကလွဲလို့ အမှန်မဖြစ်လာနိုင်ဘူး၊ သမီးလေး
အောင်မြင်နိုင်ပါစေလို့ ဖေဖေဆုတောင်းပါတယ်၊ သမီးလေးဘဝမှာ ဖေဖေဟာ ထာဝရလမ်းမှန်ကို
ပြပေးနိုင်သူ ဖြစ်ရပါစေမယ်လို့ ကတိပေးပါတယ် ။
~~ သမီးလေးရဲ့
ချစ်ဖေဖေ~~

Subscribe to:
Posts (Atom)