Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

၂၁ရာစုရဲ့ မြင်ကွင်းတချို့က

တချို့နေရာတွေမှာ စစ်မီးတွေ တဟုန်းဟုန်း လောင်ကျွမ်းဝါးမျိုနေတယ်

တချို့နေရာတွေမှာတော့  ငြိမ်းချမ်းခြင်းတွေ  ဖူးပွင့်ဝေဆာနေတယ် ။

တချို့နေရာတွေမှာ ပျော်ရွှင်ခြင်းတွေ ရှင်သန်နေတယ်

တချို့နေရာတွေမှာတော့ အဖန်ဖန်အလီလီ သေဆုံးနေတယ် ။

တချို့နေရာတွေမှာ လွတ်လတ်ခြင်းတွေ အသုံးချနေတယ်

တချို့နေရာတွေမှာတော့ ချုပ်နှောင်ခြင်းတွေ ကြီးဆိုးနေတယ် ။

တချို့နေရာတွေမှာ အောင်မြင်ခြင်းတွေ ဆင့်ကာဆင့်ကာ လျှောက်လှမ်းနေတယ်

တချို့နေရာတွေမှာတော့ သေဆုံးဖို့ တစပြင်ကလွဲလို့ ရွေးချယ်စရာတွေမဲ့နေတယ် ။

တချို့နေရာတွေမှာ သနားကြင်နာခြင်းတွေ ကိန်းအောင်းနေတယ်

တချို့နေရာတွေမှာတော့ ကြီးနိုင်ငယ်ညှင်း ဝါဒတွေကျင့်သုံးနေတယ် ။

တချို့နေရာတွေမှာ အလင်းရောင်တွေ မင်းမူနေတယ်
  
တချို့နေရာတွေမှာတော့ အမှောင်ထုက ဝါးမျိုနေတယ် ။

တချို့နေရာတွေမှာ အမှန်တရားတွေ ဖြစ်ထွန်းနေတယ်

တချို့နေရာတွေမှာတော့ အမှားတွေကို ဖန်တီးနေကြတယ်ကွာ ။  



 လောကကြီးမှာအမှန်နဲ့အမှား ဆန့်ကျင်ဖက်တွေနဲ့ ပေါင်းစပ်နေချိန်မှာ ကမ္ဘာကြီးကလည်း အလင်းတဖက်

အမှောင်တဖက်နဲ့  ဓမ္မဓိဌာန်ကျစွာလှည့်ပတ်နေချိန်မှာ ငါရောက်ရှိနေဖက်က အမှောင်ထုကြီးဆိုးလွန်းတော့

အမှားကိုအမှန်ထင်သယောင်ယောင် အမှောင်ကိုအလင်းထင်သယောင်ယောင် စမ်းတဝါးနဲ့ အမှောင်ထုကို

မချင့်မရဲတွန်းလှန်ရင်း အာရုံဦးသို့အားစိုက်တိုးကပ် နီးသထက်နီးအောင်ကြိုးစားရင်းနဲ့ ၂၁ရာစုရဲ့သားပျိုငါ...


(ကျေးဇူးတင်ပါတယ်)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS