(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
ဘဝနဲ့ တန်ဖိုးဆိုတာ
Labels:
fancy
ဘဝ..
ဘဝဆိုတဲ့ကောက်ကြောင်းကို စည်းတားလိုက်ရင် တီထွင်တွေးတော့ကြံဆ၍ အသက်မွေးဝမ်းကြောင်း
ပြုပြီး ရှင်သန်ရပ်တည်ခြင်းနဲ့ ရုန်းကန်လှုပ်ရှားခြင်းခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုခြင်း တို့ဖြစ်ပါတယ်
တီထွင်ကြံဆခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှာ အထူးပြောစရာမလို့အောင် ချောမွေ့ကြပေမယ့်
ရုန်းကန်လှုပ်ရှား အသက်မွေးဝမ်းကြောင်းပြုရာမှာတော့ အင်မတန်ကြမ်းတမ်းခက်ခဲပါတယ် ။
တန်ဖိုး...
တန်ဖိုးဆိုတာ အသုံးကျမှုနဲ့အသုံးဝင်မှုပေါ်မူတည်ပြီး ဆုံးဖြတ်တက်ကြတယ် အသုံးတည့်မည့်အချိန်ကာလ
ကြာမြင့်ချိန်နဲ့အမျှ တန်းဖိုးကလည်း မြင့်မားလာတက်ပါတယ် တချို့က တန်ဖိုးကို မျက်မှန်းနဲ့ဆုံးဖြတ်သလို
ဥပမာ စိန်ရွှေငွေ ကျောက်သံပတ္တံမြား အစရှိသည်တို့ကို ရှားပါးတဲ့အတွက် ရှားပါးရင် ရှားပါးသလောက်
တန်ကြေးပေးပြီး ဆုံးဖြတ်တက်ကြတယ် သို့သော်လည်း တချို့ကိုတော့ မျက်စိနဲ့ မမြင်နိုင်ပေမယ့် မြတ်နိုး
မှုတွေနဲ့ ဆုံးဖြတ်တက်ကြပါတယ် ဥပမာအားဖြင့် ပန်းချီပန်းပု လေးစားလောက်တဲ့ လူပုဂ္ဂုလ်တွေရဲ့ အသုံး
အဆောင်ပစ္စည်းအကြွင်းအကျန်တွေကို အသုံးမဝင်ပေမယ့် မြတ်နိုးတဲ့စိတ်နဲ့ တန်ကြေးဖြတ်တက်ကြတယ်
ဒါပေမယ့် တချို့ကို ကိုးကွယ်ဆည်းကပ်တဲ့ ဘာသာတရားရဲ့ ချမှတ်ထားတဲ့ ကိုယ်ကျင့်သိက္ခာသီလသမာဓိ
စောင့်စည်းမှု စောင့်ထိန်းမှုတွေအပ်ါမူတည်ပြီး တန်ဖိုးဖြတ်တက်ကြပြန်တယ် ဒီလိုဆိုရင် တန်ဖိုးဆိုတာ
အသုံးတည့်လို့ တန်ဖိုးရှိတယ် ရှားပါးလို့ တန်ဖိုးရှိတယ် မြတ်နိုးလို့လည်း တန်ဖိုးရှိတက်ကြပါတယ်။