Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

ချစ်သမီးလေး တယောက်ထဲ အတွက်သာ

 သို့

~~~ချစ်သမီးလေး~~~

 ဖေဖေဟာ အလိုကြီးတယ် လောဘကြီးတယ် ဘဝကိုမြင့်မြင့်မားမား နေထိုင်ချင်တယ် မတောင်းမတပေါ့

အဲ့ဒီတော့ အလှမ်းကျယ်တော့တာပဲ  မဆင်မချင်ပဲ အလုပ်တွေလုပ်တော့ အလှမ်းကျယ်တော့အလယ်လပ်

ဆိုတဲ့ စကားပုံအတိုင် အရာရာဟာ ကျရှုံးတော့တာပါပဲကွယ် ဘဝတကွေ့က သင်ခန်းစာတွေပေါ့သမီးရယ်။


 အခု အမှားတွေသိနေပါပြီ ပြင်ဖို့လည်း ကြိုးစားနေပါပြီ၊ ဘဝဆိုတဲ့ ရေကျောမှာ ဇွဲလုံးလဆိုတဲ့ လှေကိုစီး

ဘယ်အကွေ့မှာ ဘယ်တက်နဲ့ထိန်း ညာအကွေ့မှာ ညာတက်နဲ့ထိန်း ဟန်ချက်ညီညီနဲ့ လောကပန်းတိုင်ကို

အရောက်လှမ်းဖို့ ဦးတည်နေပါပြီ၊ တနေ့နေ့မှာ အောင်မြင်ခြင်းရဲ့ ပီတိတွေကို ပျော်ရွှင်စွာ စားသောက်ရင်း

အသက်ထက်ဆုံး နေထိုင်သွားကြရတော့မှာပါ၊ နောက်ထပ်အမှားတွေ မရှိလာနိုင်အောင်လည်း ကတိတွေ

အထပ်ထပ်ပေးပါတယ် ချစ်သမီးလေးရယ် ။


 ဖေဖေဘဝနဲ့ရင်းပြီး ရခဲ့တဲ့သင်ခန်းစာတွေကို သမီးလေးလည်း အတုယူရမယ်၊ ဒါမှအရှုံးထဲက အမြတ်ပေါ့၊

သမီး တိုးတက်မှု့ကို ရှာချင်ရင်အရင်ဆုံးရိုးသားပါ၊ ပြီးတော့ကြိုးစားပါ (အဲ့) နောက်တခုလည်း မှတ်ထားအုံး

လောကကြီးမှာ အမြဲတန်း မမှန်နိုင်ဘူး၊ မမှန်နိုင်ဘူးဆိုပြီး အမြဲတန်းတော့ မမှားရဘူး၊ မှားတဲ့ အမှားတွေက

ပြင်လို့ရတဲ့ အမှားတွေပဲ ဖြစ်ရမယ်။ သေသေချာချာ စိတ်ထဲစွဲနေအောင် မှတ်ထားပါ ပန်းတိုင်ဆိုတာ

ရှိနေမှာပါ၊ သမီးလေးအရွယ်ရောက်လာရင် အရာရာတိုင်းမှာ ဇွဲရှိပါ သတ္တိရှိပါ၊ ရိုးသားစွာနဲ့ လောကကြီးကို

ကျော်ဖြတ်ပါ၊ အရေးကြီးဆုံး မှာချင်တာက ဘယ်အရာမဆို ကြိုးစားရင် ပန်းတိုင်ဆိုတာ ထာဝရရှိနေမှာပါ၊

အမှားတွေရှိလာခဲ့ရင်လည်း သွေးပျက်တွေဝေမနေပဲ  အမှန်ကိုကြိုးစားပြီးရှာပါ၊ အမှားကိုအမှားနဲ့ မပြင်နဲ့

အမှားကိုအမှားနဲ့ပြင်ရင် နောက်ထပ် အမှားတခု တိုးလာတာကလွဲလို့ အမှန်မဖြစ်လာနိုင်ဘူး၊ သမီးလေး

အောင်မြင်နိုင်ပါစေလို့ ဖေဖေဆုတောင်းပါတယ်၊ သမီးလေးဘဝမှာ ဖေဖေဟာ ထာဝရလမ်းမှန်ကို

ပြပေးနိုင်သူ ဖြစ်ရပါစေမယ်လို့ ကတိပေးပါတယ် ။


                         ~~ သမီးလေးရဲ့
                                             ချစ်ဖေဖေ~~







  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS