Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

* ချစ်ဖေဖေ သို့ *

ဟုတ်ကဲ့ပါ အဖေ …… ဟုတ်ကဲ့

အဖေ ဟာ

နေမင်းကြီးပမာ
အလင်းရောင်ဖြာ
တင့်တယ်စေဖို့
ထွန်းတောက်လာ
ကိစ္စတိုင်းမှာ စီစဉ်ကာ
ဦးဆောင်တတ်တာ ဖေဖေ ပါ…

~•~•~•~•~•~•~•~•~•~•~•

အဖေ ရဲ့ သွန်သင်ဆုံးမမှုကြောင့်
အဝေးရောက်နေတဲ့ ချစ်သမီး
မငြီးငွေ့ဘူး အဖေ
အဖေပြောသလို
လောကဒဏ် အမျိုးမျိုးလူအမျိုးမျိုး
အဆိုးကြုံလိုက်အကောင်းစုံလိုက်နဲ့

လူတွေကြားမှာ နေတတ်ပါပီအဖေ

~•~•~•~•~•~•~•~•~•~•~•

ငယ်ငယ် ကလေးဘဝ
လွန်ဆန်မရတဲ့ ဒီသဘာဝ
လူလုံးမလှလို့ ဆင်းရဲ
ငမွဲသမီးပါလို့ ပြောသူပြော
သဘောဖြူလို့သာတော်ပေတယ်
ဒေါမူနေရင်ဖြင့် သမီးတို့ဘဝ
ဘယ်မှာ
သာယာနိုင်လိမ့်မလဲနော် အဖေ

~•~•~••~•~•~•~•~•~•~•

ဒါပေမယ့် ……အဖေရယ်
မကြောက်ပါဘူး ဟောက်ခါမထူး
ဗျာ / ရှင် / ကျွန်တော်
လေးစားအတော်
အခေါ်သာအထူးသာပေါ့
လူထဲကလူတွေပဲ လေ
ဟုတ်တယ် နော် …အဖေ နော် …

~•~•~•~•~•~•~•~•~••~•~

ဆင်းရဲ ချမ်းသာ သဘာဝ
အထာမကျလို့ ကွဲပြား
မခွဲခြားဘူး ဒီလူတွေ
အမြဲတန်းတူ ဆက်ဆံစေ
အဖေ့ရဲ့ အမှန်အကန်ဒီစကားတွေ
အသည်းမှာစွဲ မှတ်ပါ အမြဲ
နားထဲကြားယောင်နေ......

~•~•~•~•~•~•~•~•~•~•~•

မိသားစုရဲ တာဝန်
ဟွန်းးးမဆိုပဲ ကြိတ်ခါခဲ
လေးစားလောက်ပေ အဖေ့ဇွဲတွေ
အတင်းရုန်းကန် နေ့စဉ်အမှန်
မေတ္တာမပျက် ဆောင်ရွက်လျက် 

စားဝတ်နေရေး အကုန်တွေး
ကျေးဇူးကြီးပေ ချစ်ဖေဖေ

~•~•~•~•~•~•~•~•~•~•~

အဖေဟာ သမီးတို့

မိသားစုအတွက် ဥယျာဉ်မှုးပါပဲ
အဖေပျိုးတဲ့ ပန်း နွမ်းမှာမလိုလားဘူး

လှပတင့်တယ် လူ့ဂုဏ်အလယ်
ရနံ့သင်းသင်း အဆင်းဝင်း
ဖြူစင်း တောက်ပြောင်
လူ့ဂုဏ်ဘောင်


ပန်းဆိုတာ ရေရှိမှ 

တင့်တယ်တာမဟုတ်ပါဘူး
နေရှိဖို့လည်း လိုအပ်သလို

ဘဝမှာငွေရှိမှ
တင့်တယ်တာမဟုတ်ပါဘူး 

ဘယ်လောက်ပဲ ချမ်းသာနေပါစေ 
မိဘကိုပုန်ကန်ခြေစုန်ကန်တဲ့
သားသမီးဟာ ဘယ်တော့မှ
စိတ်ချမ်းသာရမှာမဟုတ်ပါဘူး

အရာရာ အတွက်ကျေးဇူးပါ အဖေ
အဖေ ကျန်းမာပျော်ရွှင်ပါစေ

ကမ္ဘာပေါ်ရှိ မိသားစုတိုင်း
ပျော်ရွှင် သာယာကြပါစေ

မိဘတို့၏ ကျေးဇူးတရားများကို 

သိတတ်နားလည် နိုင်ကြပါစေ ရှင် ……………

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS