(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
စစ်ပွဲတွေရပ်တန့်ပေးပါ
Labels:
poem
ခန့်ငြားထည်ဝါလွန်းတဲ့
အဆောက်အအုံကြီးရဲ့
အလည်ဗဟိုမှာ
စားပွဲရှည်တစ်ခုချပြီး
အကောင်းစား စားစရာတွေ
အစီအရီတင်ထားတယ်
ထိုင်ခုံပေါင်းမြောက်များစွာက
တက်ရောက်လာမယ့်
ဧည့်သည်တော်တွေကို
ငေးမောမျှော်လင့်နေပုံရတယ်...
မလှမ်းမကမ်းမှာတော့
နေရာရရေးအတွက်
သွေးသံရဲရဲနဲ့ မမြင်ရက်အောင်
လူတစ်စု စကားများနေတယ်
ရန်ပွဲရဲ့နဘေးမှာတော့
တုန်ရီနေတဲ့နှုတ်ခမ်းတွေက
ဝိုင်းတားကြတယ်...
အသစ်စက်စက် မုဆိုးမတွေက
သားကိုရင်မှာထွေးပြီး
ရှိုက်ကြီးငင်ကာ
အေးရင်ကြူးပြီးတားကြတယ်...
လူမမယ်အရွယ်လေးတွေရဲ့
ဆာလောင်မွတ်သိပ့်နေတဲ့
အော်မြည်သံတွေကို
သူတို့ကောင်းကောင်းကြားတယ်
ဒါပေမယ့် အားလုံးက
သိလျှက်မသိကျိုးကျွန်ပြုမြဲ...
သားအလောင်းပိုက်ပြီး
အမယ်အိုတွေရဲ့ရှိုက်ငင်သံတွေ
သူတို့အတိုင်းသားကြားတယ်
ဒါလည်း မဆိုင်သလိုပါပဲ
တွေ့နေမြင်နေပါလျှက်
မျက်ကွယ်ပြုနေမြဲ...
ကမ္ဘာမြေထဲစီးဝင်သွားတဲ့
မျက်ရည်တွေ လှိုင်ထနေပြီ
အဖြေမရသေးတဲ့ ရန်ပွဲကတော့
သူတလူငါတမင်း
ငြင်းခုန်လို့နေချိန်
အမေအိုတွေကတော့
ငါ့သားလေးဘေးမသီဖို့
တောင်းဆုဝေနေရတယ်...
အော် နှစ်ဟောင်းက
လက်တွေ့မက်ခဲ့ရတဲ့
အိမ်မက်ဆိုးဆိုးတွေ
လွတ်မြောက်စေဖို့
အမေအိုနဲ့ လူမမယ်တွေ
မျက်ရည်ထိုးခံနေပြီ
စစ်ပွဲတွေ ရပ်တန့်ပေးပါ....။