(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
""ကဗျာလေးတွေရဲ့သားကောင်""
ကဗျာတစ်ပုဒ်ဖြစ်လာဖို့အတွက်
ရင်နဲ့ရင်းခဲ့ရတာပါ
စာကြောင်းလေးဖတ်ကောင်းဖို့
မဟုတ်ခဲ့ပေမယ့်
လူမသိသူမသိ
မျက်ရည်သွန်ခဲ့တဲ့နေ့ညတွေကို
အပြာရောင်မှင်စက်တွေရဲ့ကြား
နှလုံးသွေးနဲ့ရောစပ်ပြီး
စာရွက်ပေါ်မှတ်ကျောက်တင်
မျက်ရည်တွေအတင်း
ထိုးသိပ်မိတာ
ကဗျာဆရာတစ်ယောက်ဖြစ်လာဖို့
မဟုတ်ခဲ့ရပါဘူး
ဒဏ်ရာကို တဖြေးဖြေးနဲ့
ပေလွှာထက်မှာ ကုစားမိတာ
ကျတော်ဟာ ကဗျာလေးတွေရဲ့
သားကောင်တစ်ယောက်မို့ပါ...