(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
သို့~~~~~ ချစ်သူ
Labels:
Pome
တိတ်တခိုးနဲ့ ခိုးကြည့်မိချိန်
ကောင်ကင်တစ်ခုလုံး
ပန်းနုရောင်ရှက်သွေးဖြာ
ညှာညှာတာတာတွေးတော့
သူရှက်နေရောပေါ့
လေပွေအသော့ ခပ်နှော့နှော့က
သူ့ဆံနွယ်ကိုဆော့ကစားတော့
မဆီမဆိုင်ပါပဲ ရင်ခုန်နှုန်းတွေပို
တိုးလို့ ချစ်နေမိတာ
သိစေလေတော့ ချစ်ရသူ
အတွေးပူတစ်ခု ရင်ကိုကူးတာ
ချစ်ဦးသူများ ရှိနှင့်နေသလား
ရေးရေးတွေးမိရုံနဲ့ ဆို့နစ်မ်ိတယ်
သို့သော်လည်းပဲ
တိတ်တခိုးချစ်ရတာက
ပိုကောင်းလေမလား
သေချာပါတယ်
ကျတော် သူ့ကိုသိပ်ချစ်တယ်