(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
ငါ့ကို ဘိုးဘွားရိပ်သာပို့ပေး
Labels:
Pone
ငါ့ကို ဒီအကြည့်နဲ့ မကြည့်နဲ့
မင်းတို့ကို ငါပျိုးထောင်ခဲ့ချိန်က
ငါ ဘာမျှော်လင့်ချက်မှမရှိဘူး
မေတ္တာစစ်စစ်နဲ့ ပြုစုခဲ့တာ
ငါ့ဘဝ ဇရာထောင်းမှ
မခန့်လေးစား အကြည့်မျိုးနဲ့
လုံးဝမကြည့်နဲ့ကွ
ဘာတဲ့ နားငြီးတယ် ဟုတ်လား
ဟားဟားဟား ရယ်ရတယ်ကွာ
ဒီလို နားငြီးအောင် ဆုံးမခဲ့လို့
မင်းလူတောတိုးနေတာ
ငါသာ မဆုံးမခဲ့ရင်
မင်း လမ်းဘေးက ခွေးဖြစ်နေပြီ
ဘာအမွေမှ ပေးနိုင်လို့
ငြိုငြင်နေတာလား
မင်းတို့ကို ပျိုးထောင်ခဲ့ချိန်က
ငါဘာမှ မမျှော်လင့်ခဲ့ဘူးကွ
ငါ ခါးတွေကုန်း သွားတွေကကျိုး
မျက်လုံးတွေ ဝေဝါးလာတော့
ကြောင်အိုတစ်ကောင်လို
မထိလေးစားဆက်ဆံတာ
ငါ ရင်နာတယ်ကွ ဖြစ်နိုင်ရင်
ငါ့ကို ဘိုးဘွားရိပ်သာကို ပို့ပေးပါ
မင်းမေ့နေမှာဆိုးလို့
သတိလေး တစ်ခုပေးခဲ့မယ်
နောက်ဆုံးအနေနဲ့ပေါ့ကွာ
တစ်ချိန် မင်းလဲအဖေဖြစ်လာမှာ
ဒီလောက်ပဲ ငါ့သားရာ
ငါ့ကို နွေးထွေးစွာဆီးကြိုမယ့်
ဘိုးဘွားရိပ်သာ အမြန်ပို့ပေးကွာ