Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

ကူညီမယ်ဆိုလျှင်

မနက်ဖြန် ထိုင်းသံရုံးအရှေ့မှာ ဆုံမယ်ဆိုရင်

ထိုင်းသံရုံးရှေ့ ဆန္ဒပြရာတွင် ရှောင်သင့်သောအရာများ။
- ခဲနှင့်ထုခြင်း
- ထိုင်းနိုင်ငံတော် အလံအား ခြေဖြင့်နင်းခြေခြင်း၊မီးရှို့ခြင်း။
- ဘုရင့်နောင်၊ အလောင်ဘုရား အစရှိသော လူမျိုးရေးအရ ထိုင်းပြည်သူများအား နှိမ်ရာရောက်သည့် ပုံများကိုယူဆောင်သွားခြင်း၊ ဝတ်ဆင်သွားခြင်း။
- ဆဲရေးတိုင်းထွာခြင်း။
- အကြမ်းဖက်ခြင်း။

ပြုလုပ်သင့်သော အရာများ
- စွပ်စွဲခံ မြန်မာလူငယ် ၂ဦး၏ ဆိုင်ကယ်ဦးထုပ်ဝတ်ဆင်၍ လက်ထိပ်ခတ်ခံရသောပုံကို အလားသဏ္ဍာန်တူ performance ပြုလုပ်ပါ။
- ထိုင်းဘုရင်ကြီး ဘူမိတောပုံကို အမြတ်တနိုးယူဆောင်ပါ။
- ထိုင်းဘုရင်ကြီးကို တိုင်တည်ဟန် ဆန္ဒပြပါ။
- ဘုရင်ကြီးပုံကို အသုံးပြု၍ ထိုင်းပြည်သူများရဲ့ ချစ်ခြင်းကို အရယူ၍ထိုင်းအစိုးရနှင့် ထိုင်းပြည်သူများကိုထိပ်တိုက်တွေ့စေပါ။
(ကိုယ့်နိုင်ငံရဲ့ ဖိအားအပြင် သူ့ပြည်သူရဲ့ဖိအားကိုပါ ထပ်ပေးရာရောက်စေပါသည်။)

ဆောင်သင့်သော စိတ်ထား
- ထိုင်းပြည်သူများကို နှိမ်လိုခြင်းအလျဉ်းမရှိ၊ ထိုင်းတရားစီရင်မှုနှင့် ထိုင်းအစိုးရကိုသာဆန္ဒပြခြင်းဖြစ်သည်။
- ကမ္ဘာရဲ့ဂရုဏာကိုရစေရန် ရိုင်းစိုင်းသော အပြုအမူများကို ၁၀၀% ရှောင်ရှားသင့်ပါသည်။

ဆန္ဒမပြခင် ကိုယ့်ကိုယ်ကိုသေချာစဉ်းစားပါ။
- မြန်မာလူငယ် ၂ဦးကိုလွတ်စေချင်သည်လား?
- အကြမ်းဖက် လိုသည်လား?

- အကြမ်းဖက်လျှင် ကမ္ဘာ့ဂရုဏာကိုမရနိုင်ပါ။
ကမ္ဘာ့ဂရုဏာမရလျှင် စွပ်စွဲခံနေရသူများ လွတ်ဖို့အခွင့်အလမ်းနည်းပါသည်။

- အကြမ်းဖက်လိုလျှင် ဆန္ဒသွားမပြသင့်ပါ။
(ကူညီရာမရောက်၊ နှောက်ယှက်ရာရောက်ပါသည်။)

- တကယ်ကူညီရာရောက်ချင်လျှင် ငြိမ်းချမ်းစွာ ဆန္ဒသွားပြသင့်ပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS