(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
မြန်မာသို့မဟုတ် ယူ23
Labels:
Pome
မြန်မာကွ သမိုင်းဟောင်းရဲ့
ဒဏ်ရာတွေ ကုစားပြီး
အနာဂါတ်တစ်ခုဆီကို
ခေါင်းကိုမော့ ရင်ကိုကော့
ပန်းတိုင်ဆီကို လှမ်းတက်နေတာ
မတားနဲ့ကွ မတားနဲ့
လောကကြီးတုန်ဟီးသွားမယ်
ဒါ... ရွှေမြန်မာကွမြန်မာ
မှိုင်းမိလို့ အမှောင်ဖုံးခဲ့တာ
အရောင်မဲ့ခဲ့လို့ မဟုတ်ဘူး
ရာဇဝင်သမိုင်းကို အထင်မသေးနဲ့
လျော့တွက်လို့ အထင်သေးရင်
ကမ္ဘာမြေကြီး လှုပ်ခါသွားမယ်
မင်းတို့မေ့နေရင် မှတ်ထားလိုက်
ဒါ....မြန်မာကွ မြန်မာ
အတိတ်ကအဟောင်းတွေ
ခါးသီးချင် ခါးသီးနေမယ်
အနာဂါတ်ကို သယ်မလာဘူး
မင်းတို့မေ့နေတဲ့မြန်မာ
အသဲထိစွဲမြဲနေစေရမယ်
ပုံရိပ်တွေတိုင်း ထင်ကျန်စေမယ်
မင်းတို့မမေ့လိုက်နဲ့
ဒါရွှေမြန်မာကွ ဟားဟားဟား
ရာဇဝင်ကြွေးဟောင်းကို
ရာစုအသစ်ဆီ ယူမသွားဘူး
နှစ်ဆယ့်တစ်ရာစုအတွင်း
ကျေအောင်ဆပ်မယ်
မိုးကောင်းလို့ရွာနေတာမဟုတ်ဘူး
ခေတ်မကောင်းလို့ မှေးမိန်ချိန်
မင်းတို့မေ့နေတဲ့မြန်မာ
ဒီနေ့ အသဲကိုကဗျည်းထိုးမယ့်
ဒါ..ယနေ့ခေတ်ရဲ့ ရွှေမြန်မာကွ