(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
ညီမလေးထဲသို့ စာချွန်လွှာ
Labels:
Pome
တကယ်ဘာမှမတော်စပ်ပါပဲ
အရောင်အဆင်းကင်းမဲ့တဲ့
သံယောဇဉ်တရားမှာ
ကြည်လင်အေးမြလှတဲ့
အဖြူရောင်တေးသံတွေ
ရင်ခွင်အနှံ့ ပျံ့လွင့်နေတယ်
အဖြူရောင်သံယောဇဉ်တွေ
အထပ်ထပ်ရစ်နွယ်ပြီး
နားလည်မှုယူစရာမလိုအောင်
အသွေးအသားတွေ
ထပ်တူကျစီးဆင်းနေတာ
အတိတ်ရဲ့ မောင်ရင်းနှမတွေအလား
စကားတွေကိုဖောင်ဖွဲ့
ဘဝအမောတွေကို
အလှည့်ကျ အားပေးရင်း
ရင်းနှီးလာခဲ့တာ
သွေးမတော်ကြပေမယ့်
ခင်ရာဆွေမျိုးထက်ပို
မမြင်ရတဲ့ အတိတ်တကွေ့က
ဆုတောင်းလေလား
ဝေတော့မဝေကွဲပါဘူး
စကားလုံးကိုတန်ဆာဆင်
မုသားပေါတဲ့လောကမှာ
အဖြူရောင်ပြုံး အလင်းတစ်စက
ယနေ့ခေတ်ကြီးမှာ
ရှားပါးကုန်လို နေဝင်ချိန်မှာ
ချစ်ညီမလေးရေ မင်းကတော့
ဘုရားပေးတဲ့ဆုပါပဲကွယ်