(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
အဝေးကလွမ်းတေး
Labels:
Pome
အလွမ်းတွေသီတဲ့နေ့
အလွမ်းတွေဝေတဲ့ည
နေ့ညနာရီတွေတိုင်း
ရင်ဘက်ထဲမှာတော့
သံယောဇဉ်တိုးလို့
အလွမ်းတွေက နေရာတိုင်းမှာ
မညှာမတာ ထိုးနှက်နေတာ
သိပါစေတော့ ချစ်ရသူ
ခက်တော့ခက်ပါပြီ
အသည်းဖူးမှာ သူမှသူလို့
စွဲမက်မိတာ သူရူးလိုလို
သူရောကိုယ့်လိုများလား
အတွေးစိတ်နဲ့ ရူးရပြီ
အော် ချစ်ရသူရယ်
နေဝေးလ်ို့သွေးမအေးပါနဲ့
ကြားလေသွေးမှာဆိုးလို့
တင်းကြပ်စွာဖက်တွယ်ခဲ့ဖူးတာ
အိမ်မက်ဟောင်းတစ်ခုက
ပြဇာတ်တစ်ပုဒ်မဟုတ်ခဲ့တာ
ချစ်သူ မင်းသိပါတယ်
ချစ်သူရေ ခဏတာအဝေးမှာ
စိမ်းသက်ခြင်းတွေ မမွေးဖွားနဲ့
ရင်နင့်အောင်ချစ်ရသူတိုင်း
ချစ်လမ်းခရီးက ဖြောင့်ဖြူးတာ
လောကမှတ်ကျောက်မို့
ဝေးနေလည်းပဲ တိုးလို့ချစ်ထား
တိုးလို့ချစ်တော့ ချစ်ရသူ
အကြည့်ခြင်းဆုံတိုင်း
ရင်တွေခုန်ဖို့
တွဲလက်တွေကို မြဲစေနော်
အနေဝေးလဲလွမ်းတေးသီထား
လက်ရှိနေညတွေက
နီးရဖို့ ကြားခံနယ်မြေပဲလေ
အညှာလွယ်တဲ့ မင်းမျက်ဝန်းက
လွမ်းပုလဲတွေ ဝေမှာသိလည်း
တစ်ဘဝအရေး ခဏအဝေးမို့
ချစ်သူရေ.......လာလမ်းကိုပဲ
တွင်တွင်သာငေးနေပေးပေါ့
ဝေးနေရတာ နီးရဖို့ပဲလေ....