Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

ဒါဘဝတဲ့လားကွယ်


မျှော်လင့်ချက်အသက်ရှုသံနဲ့
ရေလောင်းပေါင်းသတ်
ပြုစုခဲ့တဲ့ဘဝအဘိဓာန်မှာ
ပြည့်စုံခြင်းဆိုတာ
အိမ်မက်သာသာလောက်ပါပဲ
ကံတရားက ခွဲတန်းချခဲ့တယ်

အိမ်မက်တွေကို
အနှစ်နှစ်အလလ
တည်ဆောက်ခဲ့တာ
လောကဓံလှိုင်းပုတ်လို့
အရာရာပြိုလဲကုန်ချိန်
အဲ့ဒီအချိန် ရင်ခွင်တစ်ပြင်လုံး
မီးဟုန်းဟုန်းတောက်ခဲ့တယ်

ကံရှေ့မှောက်လျှက်လဲကျလို့
ကောက်ထဖို့ပြင်ဆင်တုန်း
အရှေ့အနောက် ၇အိမ်မကသော
လက်ညှိုးတွေဝိုင်းထိုးလို့
ချိုင့်ဝင်သွားတဲ့ နှလုံးသားမှာ
မာနတွေကိုထိုးသိပ်ပြီး
ထူထဲစွာဖာထေးမိရုံကလွဲပြီး
ဘာများအထူးတလည် 
တက်နိုင်အုံးမှာတဲ့လည်း
နကိုဘဝအစကိုက
ကိုယ်ထူကိုယ်ထပဲလေ

ဆုံးသာဆုံးပါ မရှုံးပါစေနဲ့လို့
သူရဲကောင်းလို နှလုံးမူလည်း
လျှောက်လှမ်းနေကျလမ်းက
ညှာတာစွာပြုံးပြနေတာ
လှောင်ပြောင်ရိပ်တွေက
အထင်သားပါနေတယ်

လဲကျလိုက် ပြန်ထလိုက်
ဖုန်ခါလိုက် ဒဏ်ရာကြည့်လိုက်နဲ့
ရှေ့ကိုခပ်သော့သော့နှင်တောင်
မနက်ဖြန်ရဲ့ပန်းတိုင်တစ်ခုက
အလှမ်းဝေးနေသေးတာ
ရင်နာတယ် ကံတရားရယ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS