Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

ဘဝတိုကျပှဲ

ဘဝဆိုတာ ချိုတဲ့အခါချိုသလို
ခါးတဲ့အခါလည်း ခါးမှာပေါ့
မှတ်ကျောက်ဆ်ိုတာကလည်း
လောကဓံလှိုင်းတွေနဲ့
အကွေ့အကောက်တွေကြား
ပုန်းလျှိုးဝှက်လျှိုးစွာပဲ
ဘဝသင်ခန်းစာကို
စာစစ်သလို အငိုက်ဖမ်းတာ
ခံရဖန်များလာတော့
အရေတောင်ထူနေရောပေါ့ ..

အနာဖက်ကများတယ်လို့
ကံကို စျေးမဆစ်တော့ပါဘူး
မျက်ရည်ကျရမယ့်ဇာတ်လမ်းမှာ
ရှိုက်ငင်ဖို့ အဆင်သင့်ဖြစ်သလို
ပျော်ရွှင်ရမယ့် အခန်းမှာလည်း
ဟားတိုက်ရယ်ဖို့ အသင့်ပဲ
ထူးပြီးတော့ သွေးမပျက်ပါဘူး
နေ့စွဲတွေပြ်ိုကျနေတာ
စာမှာသင်ခဲ့ရသလိုမျိုး
အကြောက်လွန်တဲ့ယုန်သူငယ်လို
တုန်ခါနေလို့ ပြီးမှမပြီးတာ ...

ဒဏ်ရာတွေများလည်း
ထတိုက်ရမှာက ဘဝတိုက်ပွဲပဲလေ
ရှောင်မလွတ်မှတော့
လက်ကျန်ခွန်အားနည်းလည်း
လက်ရှိနေ့စွဲ စစ်တစ်ပွဲကို
ကဲ..နွဲလိုက်အုံးတော့ အမောင်...ဘဝသမားရယ်...။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS