(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
ခေတ်ရဲ့ဒိုင်ယာရီ
Labels:
Pome
ငါသိလျှက်နဲ့မြိုချနေတဲ့
မနက်စာ ညစာတွေမှာ
နှဖူးက ဆားခဲတွေ
မိသားစု ထမင်းဝိုင်းမှာ
တရှပ်ရှပ်မြည်နေတာ
..ဪ.. ဒါတွေက
အခြေခံလူတန်းစားရဲ့
ပြရုပ်တွေအလား .....
အခုလက်ရှိလောကကြီးမှာ
ခေတ်ပျက် ပြဇာတ်တွေကို
သရုပ်မဆောင်ချင်ပါဘူး
မျက်ရည်တွေ မြေမှာခမှ
အသည်းခိုက်အောင် ရှိုက်ငင်မှ
ဝမ်းဝရုံသာသာဆိုရင်
တိုးတိုးလေးညည်းထွားမ်ိတယ်
ကြောက်ပါပြီဗျာ ....
ဘဝလမ်းဆုံမှာ ရပ်နေခဲ့တာ
နေ့ညတွေ အခါခါအလီလီ
ကွယ်ခဲ့တာတောင်
ရွေးချယ်စရာက ရှားပါးနေမြဲ
မနက်ဖြန်တွေကရော
အသက်မဲ့နေလျှက်ပဲလား ...
ဪ ဘဝ ဘဝ
ခေတ်ရဲ့ရေစီးကြောင်းက
တသွင်သွင် စီးဆင်းနေချိန်
သာယာနာပျော်ခွင့် ပျက်သုန်းနေတာ
စနစ်ဆိုးဆိုးကြောင့်လေလား
ကံဆိုးမသွားလေရာ မဲတက်တဲ့
ကုသိုလ်ဆိုးကြောင့်လေလား
ကဲမိုးမင်းကြီးရေ ညှာမနေနဲ့
သဲလိုက်ပေအုံးတော့
မိုးမင်းကြီးရယ်........
