Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

လက်ဆောင် (မင်းခိုက်စိုးစန်)

(၁)
လမ်းပေါ်မှာ လူတွေတွေ့တိုင်း
လိုက်ပြီးမေးကြည့်ရဦးမယ်
ချစ်တယ် ဆိုတာ ကိုယ့်ကိုယ်ကို
သတ်သေတဲ့ နည်းတစ်မျိုးလား.....လို့။
(၂)
ငါက...မီးခိုးရောင် ခပ်များများနဲ့ကောင်ပါ
(ဘ၀မှာ မှောင်ရတာတွေပဲ များတယ်)

လိုအပ်ရင် မင်းကို
အိပ်မက်တစ်ဆင်စာနဲ့ တင်တောင်းနိုင်တာကလွဲလို့
အရာရာချို့တဲ့
ဘာဆိုဘာမှမဟုတ်တဲ့ ငနဲပေါ့။
(၃)
တကယ်ပါ...
မင်းအတွက်တော့ ငါဟာ
ဘာမှမဟုတ်ပါဘူး။

ဒါပေမယ့် အဲဒီ ဘာမှမဟုတ်ဘူး ကိုပဲ
ငါ သေသေချာချာ သိမ်းဆည်းထားတယ်
မင်းကိုသတိရတဲ့အခါ
မကြာမကြာ ထုတ် ထုတ်ကြည့်ချင်လို့။
(၄)
လှောင်ရယ်သံတစ်ဝက်နဲ့
ခါးသက်သက်ပြုံးတတ်တဲ့
ငါရဲ့ ချစ်လှစွာသော ကော်ဖီမလေးရေ
ငါ ပိုင်ဆိုင်တဲ့အရာကို
မင်းကိုလက်ဆောင် မပေးရက်ခဲ့ပါဘူးကွဲ့။
(၅)
ငါ့မှာ
မျက်ရည်ခံ မှဲ့တစ်လုံးရှိတယ်။

(မင်းခိုက်စိုးစန်)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS