(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
ရှင် သန် မှု အ သေ
Labels:
online poem
တာဝန်တစ်ခုကိုထမ်းပိုးရင်း
ရေနက်နက်ထဲဒိုင်ဗင်ပစ်ထိုးခဲ့လေ ရဲ့
ဘဝရဲ့ရှင်သန်မှုက
မြုပ်လိုက်ပေါ်လိုက်ရယ်သာ
အိပ်မက်ဆိုတာလည်း
သူတို့အိပ်စက်ခြင်းထဲမရှိခဲ့ဘူး
အသက်ဝမ်းစာစေလိုရာ
မျှားချိတ်မှာမာယာကိုချိတ်
အကုသိုလ်ကိုဆယ်ယူနေပုံက
ရင်နင့်နင့်မစားသာခဲ့ဘူး
အသက်တစ်ချောင်းရှင်သန်မှုနဲ့
အသက်တစ်ချောင်းကသေရ
ဘဝတစ်ခုရဲ့အသက်ဟာ
နတ်ကြီးလွန်းသည်တဲ့လား
တံငါသည်ဆိုတဲ့ဘဝနဲ့
သံသရာလည်နေရသူတွေ
အနံ့သက်ဆိုးရေတွေထဲ
ငါးအရိုးစုတွေနဲ့အတူ
အသကရှူမရပ်သေးတဲ့ဘဝတွေရှိရဲ့
ရှင်သန်မှုအသေတွေရဲ့နောက်
နောက်ထပ်သေဆုံးမှုအတွက်
ကံကြမ္မာမျှားလိုက်တဲ့ချိတ်မှာ
အစီအရီချိတ်ပါကြလိမ့်မယ်ဆိုတာ ။
ရေနက်နက်ထဲဒိုင်ဗင်ပစ်ထိုးခဲ့လေ
ဘဝရဲ့ရှင်သန်မှုက
မြုပ်လိုက်ပေါ်လိုက်ရယ်သာ
အိပ်မက်ဆိုတာလည်း
သူတို့အိပ်စက်ခြင်းထဲမရှိခဲ့ဘူး
အသက်ဝမ်းစာစေလိုရာ
မျှားချိတ်မှာမာယာကိုချိတ်
အကုသိုလ်ကိုဆယ်ယူနေပုံက
ရင်နင့်နင့်မစားသာခဲ့ဘူး
အသက်တစ်ချောင်းရှင်သန်မှုနဲ့
အသက်တစ်ချောင်းကသေရ
ဘဝတစ်ခုရဲ့အသက်ဟာ
နတ်ကြီးလွန်းသည်တဲ့လား
တံငါသည်ဆိုတဲ့ဘဝနဲ့
သံသရာလည်နေရသူတွေ
အနံ့သက်ဆိုးရေတွေထဲ
ငါးအရိုးစုတွေနဲ့အတူ
အသကရှူမရပ်သေးတဲ့ဘဝတွေရှိရဲ့
ရှင်သန်မှုအသေတွေရဲ့နောက်
နောက်ထပ်သေဆုံးမှုအတွက်
ကံကြမ္မာမျှားလိုက်တဲ့ချိတ်မှာ
အစီအရီချိတ်ပါကြလိမ့်မယ်ဆိုတာ ။