(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
ဆေး ရုံ
Labels:
online poem
အသံတွေအရင်ဝင်လာတယ်
အရွယ်အစားမညီတဲ့
နာကျင်မှုတွေက
ထော်လီလှည်းပေါ်
အလုအယက်တက်ကြ
ရေရာခြင်းမဲ့နေတဲ့
အဖြေတစ်ခုအတွက်
တံခါးရွက်အပြင်ဘက်က
ရွတ်ဖတ်သံဇောက်ထိုးများ
စာနာမှုမရှိသူတွေက
စိတ်တောင်ပံကိုချိုးကြ
သောကပူပူနဲ့လူတစ်ချို့
လာရာလမ်းအတိုင်းဆီ
လာတဲ့အတိုင်းပြန်ခဲ့ကြရ
ဘဝရဲ့စိတ်တစ်ချို့သေစေဖို့
ကိန်းဂဏန်းအချို့က
စိတ်ကြီးဝင်လူတစ်ချို့ကို ဖေးမ
ဘဝနဲ့မမျှတဲ့လွန်ကဲဆုံးရှုံးမှုတွေ
ဒဏ်ရာအပုန်းတွေနှိပ်စက်သမျှ
မျက်ရည်တွေသာမြင်ခဲ့ရ
ဆေးကြောမရတဲ့ဝဋ်နာကံနာတွေ
ခြုံရုံနေတဲ့နေရာမို့ သူဟာဆေးရုံ
အသက်ပြင်းရှုသံတွေပျောက်ရှမှ
နောက်ထပ်.....
အသံတွေပြန်ဝင်လာခဲ့တယ်။