Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

အမေ

ကြယ်ကြွေတွေကောက်ပြီး
လေထဲမှာ အိမ်ဆောက်မိသူက
ကျွန်တော်ပေါ့။
တိမ်တောက်တဲ့ ညနေတိုင်း
ကောင်းကင်ကိုကြညိ့ငေးရင်း
ကျွန်တော်မပါတဲ့
မိသားစုထမင်းဝိုင်းလေးဆီကို
စိတ်တွေကပြေးလို့ 
အမေ့အနား
အခုအရောက်သွားလိုက်ချင်တယ် ။
အမေ့ရင်ခွင်နဲ့အဝေး
ခြေစုံကန်ထွက်ပြေးလာတာ သုံးနှစ်ကျော်
အဲဒီ အတောတွင်းမှာ
ဒဏ်ရာတွနဲ့ပဲ နစ်မြှပ်နေရတယ်
အမေ………။
မာယာစုံတဲ့ လောကကြီးရဲ့ 
မျက်နှာဖုံးတုတွေကြားမှာ
ရိုးသားစွာခရီးဆက်
သူတစ်ပါးကို နင်းတက်လိုက်ရမှာ
ကျွန်တော်ရှက်တယ် အမေ
လိုအပ်တာတခုအတွက်
အမှန်တရားကို မြိုချ
လိုအပ်ချက် တစ်ခုအတွက်
သူတပါးခြေထောက်တွေကို လိုက်လျက်ရမှာလဲ
ကျွန်တော်ရှက်တယ်
တကယ်တော့ အမေရယ်
မိုးရွာတုန်းရေခံဆိုပြီး
သူတို့ သောက်နေတဲ့ မိုခါး
ကျွန်တော်မမက်မောတာ အပြစ်လား
မိုးခါး တစ်စက်ကြောင့်
ကျွန်တော့်လမ်းလေးပျောက်သွားမှာ
ကြောက်တယ်။
အဲဒီတော့ လူတွေက မေးငေါ့တယ်
ဂျစ်ကန်ကန် ညစ်ကပ်ကပ်
ဆင်းရဲတွင်းနက်မဲ့ကောင်……တဲ့
အဝေးရောက်နေတဲ့ သားတစ်ယောက်အတွက်
သောကတွေမီးမတောက်ပါနဲ့ အမေ
ကိုယ့်လမ်းကိုယ်ဖောက်
ချောက်နက်ထဲ မရောက်အောင်
ကျွန်တော်လျှောက်နိုင်ပါတယ်
ကျွန်တော့်အတွက်
တစ်ခါမှ ဂုဏ်မတက်ခဲ့ရတဲ့အမေ
မျက်ရည်လည်းမဝေစေရပါဘူး
သားမိုက်မဟုတ်ပေမဲ့
သားလိမ္မာလည်းမဟုတ်တဲ့
အမေ့သား…………
သစ္စာစကားဆိုပါတယ် အမေ။
အမေရေ………
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်လေ
အရှိန်အဝါ ကင်းမဲ့တဲ့
အမေ့ အိမ်အိုလေးထဲမှာ
အမေ့ရင်ခွင် ပါးအပ်ရင်း
ကျွန်တော်
တစ်မှေးလောက် မှေးစက်ချင်တယ်
အမေ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS