(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
ညွှန်း က ဗျာ ဖွဲ့ လို့ မ မှီ
Labels:
online poem
ခွင့်လွှတ်ပါ တောင်သမန်
အစီလျှော်မတည့်ကဗျာတစ်ပုဒ်နဲ့
ခင်ဗျားအလှတရားဆွဲမထုတ်ရဲပါဘူး
ခြေတံရှည်တံတားပေါ်က
လှိုင်းခွပ်တေးနဲ့မောင်ဖေငယ်လွမ်
ခုထက်ထိပျော်ဝင်နေတုန်းပေါ့
ငါးသတ်သမားတို့မျှားချိတ်မှာ
အင်းရဲ့အလှတရားတစ်ချို့
ဖျတ်ဖျတ်လူးဟတ်ကြ
နေဝန်းနီနီလက်ပြသွားတာတောင်
လှိုင်းခွပ်သံကတေးသီမရပ်ခဲ့ဘူး
တောင်သမန်ရေ. . ...
အရိုးပေါ်အရေတင်နေတဲ့
တံတားအိုအိုကြီးကို
ဘယ်အချိန်ထိထမ်းရွက်ထားမှာလဲ
အနစ်နာခံသူတစ်ဖြစ်နဲ့
သူပေးဆပ်မှုတွေဟာ
သမိုင်းတွင်ကျန်နေဦးမယ်ထင်ပါရဲ
လေသွေးညို