(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
အ တု
Labels:
online poem
ဆင်သေတစ်ကောင်ပေါ်က
ဖရိုဖရဲဖုံးအုပ်လိုက်တဲ့ဆိတ်သရေ
အစွန်းထွက်အစွယ်တွေက
မုသားရောင်နဲ့တစ်ဖွေးဖွေး
လမ်းဘေးကအုတ်နီခဲတွေ
ဘုရားဖြစ်လာမည်မထင်နှင့်
ကနဦးဖူးခဲ့သူမှားပေါ့....
မေတ္တာဓာတ်မပါတဲ့လက်တွေအောက်
အသက်ငင်နေတဲ့
ကျေးဇူးသိတတ်မှုတွေ
ဘယ်နှစ်ယောက်လဲ
ဘယ်နှစ်ခါမြောက်သွားပြီလဲ
ရက်ရက်ရောရောပေးလိုက်မိတဲ့
ကျေးဇူးတရားတွေ....
ဘဝအတိုအငုတ်တွေရဲ့
ရေသောက်မြစ်ပျောက်ဆုံးနေ့တွေ
ကျေးဇူးဆိုတဲ့နာမည်တွေ
ဖုံးအုပ်ဖိနင်းခဲ့လည်း
ဘဝတွေသစ်ဝေမလာခဲ့ပါဘူး
ခေါင်းစဉ်တပ်ခံလိုသူတွေရဲ့
လက်ဝယ်မှာထားတဲ့ကျေးဇူးက
လိုအပ်နေသူတွေအတွက်
စိတ်ဖြတ်လက်နက်တစ်ခုထင်ပါရဲ့။
လေသွေးညို