Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

ဇူလှိုင်လ(၁၉)ရက်နေ့ ၁၀နာရီ:၃၇မိနစ်

ဇူလှိုင်လ(၁၉)ရက်နေ့ ၁၀နာရီ:၃၇မိနစ်

တောင်းပန်ပါတယ်
သူရဲကောင်းတို့သွေး
မြေခခဲ့ရတဲ့အချိန်ကို
သတိတရရှိနေခဲ့ရင်
တစ်မိနစ်စာလောက်
ရောက်တဲ့နေရာကနေ
ငြိမ်သက်စွာနဲ့
ဦးညွှတ် လေးပြုပေးပါ

နာရီလက်တံလေးပေါ်
မျက်ရည်သွေးစက်တွေ
အိုင်ထွန်းအောင်
သွန်ချလိုက်မိတဲ့
၁၀နာရီ:၃၇မိနစ်
မှင်သက် တုန်ရီစွာနဲ့ပဲ
ကောင်းကင်တစ်ခုလုံး
အရောင်ပြောင်းပြီး
အပြိုင်ငိုကြွေးကြတယ်

ဒဏ်ရာတွေနဲ့ ခါးသီးနေတဲ့
ဇူလှိုင်လ(၁၉)ရက်နေ့မှာ
နတ်ဆ်ိုးတစ်ကောင်ရဲ့
ကောက်ကျစ်မှုကို
ဒူးမထောက်ခဲ့ပေမယ့်
ကျည်ဆံဆယ့်သုံးတောင်က
နတ်ဆိုးရဲ့အလိုကျ
ကကြိုးစုံ ကပြခဲ့တယ်

ယနေ့ကမ္ဘာတည်သမျှ
သူတို့မသေခဲ့တာ
အသည်းက ကဗျည်းမှာ
ရှင်သန်နေဆဲဆိုတာ
နတ်ဆိုးတို့ သိမှသိလေရဲ့လား...

Pome

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS