(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
လက်ရှိဒီညလေး
မနက်ဖြန်ဆို သင်္ကြန်အကြိုပေါ့
အဲဒီအချိန်ရောက်ရင်
ရင်ခွင်ပြင်တစ်ခုလုံး
မီးဟုန်းဟုန်းတောက်မှာ
ငါ...ငါလေ ကြိုသိနေတယ်
မနစ်ကဆိုဒီလိုညမျိုးက
အလွန်ဆော့တဲ့ လေပြေအေးကို
ရင်မှာထွေး အကဲပိုသလ်ိုလို
ပုဇင်းရင်ကွဲကောင်တွေရဲ့
အော်မြည်သံကို စည်းချက်လိုက်
မဆီမဆိုင်ပါပဲရင်လှိုက်ဖိုခဲ့တယ်
ချစ်သူအနားနေခွင့်ရလို့ထင်ရဲ့
အခုလက်ရှိဒီည ဒီညလေးပေါ့
မနက်ဖြန်အတွက် ဆိုးရွံ့နေတယ်
နာရီလက်တံတွေရယ်
ဒီညလေးမှာပဲ ရပ်တန့်နေပေးပါ
မနှစ်ညလို ဒီညမှာလည်း
ခပ်သော့သော့နဲ့ အဆော့လွန်တဲ့
လေပြေညှင်းတစ်သိုက်
ဆိုက်ဆိုက်သာရင်ကိုတိုက်လည်း
ငါ့ရင်ထဲကမီးတောက်တစ်စ
ဟုန်းကနဲ့ထတောက်ရုံကလွဲပြီး
လွမ်းစိတ်တွေ ပြေမလာခဲ့ဘူး
မနစ်ညက စည်းဝါးကိုက်
စည်းချက်လိုက်ဖူးတဲ့
သင်္ကြန်ကောင်ရဲ့အော်သံတွေ
ဒီညအတွက်တော့ ညာသံပေးပြီး
ဟားသံနှော လှောင်ပြောင်သလို
တစ်ယောက်ထဲမို့ထင်ပါရဲ့
ဂြိုဟ်စီးဂြိုဟ်နင်းကောင်းမယ်ထင်တဲ့
မနက်ဖြန်လို သင်္ကြန်အကြိုဒီညမျိုးက
လဒ်ကီးကောင်လို့ပြောပြောနေတဲ့
ရာသီခွင်ဟာ
နှလုံးသွေးပျက်ခြင်းကိန်းကို
ဆိုက်ရောက် အတည်ကျခဲ့တယ်
ဒီနှစ် သင်္ကြန်းအတွက်တော့နှလုံးသွေးပျက်ကိန်းပါပဲ
အော်.......သိရှိစေတော့ကွယ်
ချစ်ရသူလေးရယ် ….
Pome