Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

အ မြင့် စံ ပန်း

အမြင့်မှာပဲစံပြီး

ရွှေဘုံမှာမြန်း နန်းထိုက်တဲ့

တော်ဝင်တဲ့သဇင်ငယ်

ရူးလောက်တဲ့ရူပကာတွေ

သူဆင်မြန်းပြီး လေအဝှေ့မှာ

ရနံ့သင်းသင်းနဲ့ ရင်ခွင်တခါးဝကို

ခေါက်ရုံသာခေါက်ပြီး

လှည့်ပြန်သွားတဲ့ သဇင်ငယ်

တော်ဝင်တဲ့ သဇင်ငယ်ရယ် ။

တိတ်တခိုးပါ သဇင်ငယ်ရယ်

မင်းနောက်ကျောမှာ ကျကျန်ရစ်တဲ့

ခြေရာအကြွင်းအကျန်တွေကို

တပွေ့တပိုက်လိုက်ကောက်နေမြဲပါ

ခြေဦးတည့်ရာလှမ်းလိုက်အုံးတော့


တော်ဝင်တဲ့ ပန်းသဇင်ငယ်ရယ် ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS