Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

က မ္ဘာ မြေ သေ မှ အ မေ အို ပြ ပါ

ခေါင်းပေါင်းဖြူဖြူအောက်က
ဇရာကိုအလံထူပြနေတဲ့
ဆံစဖြူဖြူတွေလေ.....
ငယ်ငယ်ကခါးတင်ခွခဲ့ဖူးတဲ့
ခါးလှလှတွေဟာ ခုတော့
အနည်းငယ်ကိုင်းညွှတ်လာခဲ့တယ်

အမေ......လောကသဘာဝကို
မျက်ခြေဖျက်ချင်ရုံနဲ့တော့
အမေ့ရဲ့မျက်လုံးတွေ
မှုန်ဝါးချင်ယောင်မဆောင်ပါနဲ့
လူတွေရဲ့အသံဗလံတွေ
မကြားနာချင်ရုံနဲ့တော့
အမေ့နားအာရုံတွေ
ထုံထိုင်းချင်ယောင်မဆောင်ပါနဲ့

ဘဝတစ်လျှောက်လုံး
လောကရိုက်ခတ်ဒဏ်တွေ
ရိုက်ချိုးကန်ထုတ်ခဲ့တဲ့
အမေ့ခြေဆစ်လက်ဆစ်တွေ
တိုက်ပွဲမဝင်လိုရုံနဲ့တော့
"အမေအိုပါပြီကွယ်"လို့
အရှုံးမပေးလိုက်ပါနဲ့ ။

အမေ.....
အိုနေတဲ့ကမ္ဘာမြေကိုအံတုဖို့
အမေမအိုချင်လိုက်ပါနဲ့
အမေအိုချိန်မတန်သေးဘူးလေ
အိုနာနေတဲ့ကမ္ဘမြေ
သေဆုံးသွားကာမှ
အမေအိုပါ
အဲဒီအချိန်မှသာအမေအိုပြပါ ....။

လေသွေးညို

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS