(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
"မျက်ရည် အတ္တုပ္ပတ္တိ"
Labels:
online poem
ခွဲခွါသွားသူ၏ ခြေသံသည်
ကျန်ရစ်နေခဲ့ရသူ၏
နှလုံးသား တစ်စုံအား
အေးစက် ဆွံ့အသွားအောင်
ပြုလုပ်နိုင်စွမ်း ရှိလေသည်။
တိုးတိတ်စွာ ညည်းညူမိသော
မောပန်းနွမ်းလျမှုများသည်
လေတိုက်၍ ကြွေကျလာသော
သစ်ရွက်များသဖွယ် ပြန့်ကျဲနေခဲ့သည်။
တမ်းတခြင်း ဆိုသည့် အရာကို
လက်တွေ့ကျကျ ဒြပ်ခွဲသန့်စင်
လိုက်သောအခါ……
လွမ်းဆွတ်မှုများသည် ပို၍
အရောင်တောက်လာခဲ့သည်။
စိတ်အစဉ်သည်
နောက်ကျိရှုပ်ထွေးနေခိုက်တွင်
တင်းကြပ်နေသော ရင်တွင်းခံစားချက်
များနှင့်အတူ ဆို့နင့်လာပြီး
သက်သေပြရန်မလွယ်ကူသော
ခံစားချက်များအား၊ ဖွင့်ထုတ်လိုက်သောအခါ
မျက်ရည်ဟုခေါ်သော စိတ်ပျက်ဖွယ်ရာ
ပျော့ညံ့မှုများသည်၊ နှလုံးသား၏
အတွင်းတစ်နေရာကို၊ ဖြတ်သန်းပြီး
အရှိန်ပြင်းသော မြစ်တစ်စင်းကဲ့သို့
ပြင်းထန်စွာ စီးကျလာခဲ့လေသည်။
ထိုမျက်ရည်များအား ချစ်ခြင်းတရား၏
လွမ်းဆွတ်မှု လက်ဆောင်အဖြစ်
အသည်းနှလုံး၏ တစ်နေရာတွင်
ထာဝရ၊ သိမ်းဆည်းထားလိုက်သည်။
ကျန်ရစ်နေခဲ့ရသူ၏
နှလုံးသား တစ်စုံအား
အေးစက် ဆွံ့အသွားအောင်
ပြုလုပ်နိုင်စွမ်း ရှိလေသည်။
တိုးတိတ်စွာ ညည်းညူမိသော
မောပန်းနွမ်းလျမှုများသည်
လေတိုက်၍ ကြွေကျလာသော
သစ်ရွက်များသဖွယ် ပြန့်ကျဲနေခဲ့သည်။
တမ်းတခြင်း ဆိုသည့် အရာကို
လက်တွေ့ကျကျ ဒြပ်ခွဲသန့်စင်
လိုက်သောအခါ……
လွမ်းဆွတ်မှုများသည် ပို၍
အရောင်တောက်လာခဲ့သည်။
စိတ်အစဉ်သည်
နောက်ကျိရှုပ်ထွေးနေခိုက်တွင်
တင်းကြပ်နေသော ရင်တွင်းခံစားချက်
များနှင့်အတူ ဆို့နင့်လာပြီး
သက်သေပြရန်မလွယ်ကူသော
ခံစားချက်များအား၊ ဖွင့်ထုတ်လိုက်သောအခါ
မျက်ရည်ဟုခေါ်သော စိတ်ပျက်ဖွယ်ရာ
ပျော့ညံ့မှုများသည်၊ နှလုံးသား၏
အတွင်းတစ်နေရာကို၊ ဖြတ်သန်းပြီး
အရှိန်ပြင်းသော မြစ်တစ်စင်းကဲ့သို့
ပြင်းထန်စွာ စီးကျလာခဲ့လေသည်။
ထိုမျက်ရည်များအား ချစ်ခြင်းတရား၏
လွမ်းဆွတ်မှု လက်ဆောင်အဖြစ်
အသည်းနှလုံး၏ တစ်နေရာတွင်
ထာဝရ၊ သိမ်းဆည်းထားလိုက်သည်။