(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
ကျောက် ပျဉ်
Labels:
online poem
ဘဝတစ်ခုလုံးကို
တင် အသွေးခံရင်း
ပါးပါးသွားတဲ့ကျောက်ပြား
ဘဝတစ်ခုလုံးကိုပဲ
ချ အသွေးခံရင်း
ပါးပါးသွားတဲ့သစ်သားနဲ့
ညင်ညင်သာသာပဲနာကျင်ခဲ့တယ်
အခြားသူပါးပြင်မှာလွင်နေတဲ့
သနပ်ခါးနံ့သင်းသင်းမှာ
သူတို့အသွေးအသားတွေပါတယ်
ဘယ်သူမှမှတ်ကျောက်မတင်တဲ့
အလှတရားကိုပြင်ဆင်သူ
သူ့ဘွဲ့ထူးဟာ ကျေက်ပျဉ် တဲ့
သွေးရင်းပါးရင်းနဲ့ပဲ
သူ့ဘဝအဓိပ္ပါယ်လျော့လာခဲ့ပေါ့
ဝဲပျံနေတဲ့အလှတွေထဲ
သူ့ နာမည်ဟာကျန်ခဲ့
သနပ်ခါးလိမ်းသူအလှဟာ
အမွှန်းတင်ခံနေရချိန်
ပါးပါးသွားတဲ့သူ့ပါးပြင်လေးမှာေ
သစ်သားပါးပါးလေးက ငိုလို့ ။