(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
မြန်မာမလေး သူ
Labels:
poem
လှသွေးရယ်ကြွယ်
ပျိုဖြူငယ်လေး
ရှုမောရသည်
ခြေရင်းခေါင်းဆုံး
အပစ်ကင်းစင်
ဆင်ရင်ဝတ်ပုံ
တော်ဝင်ဆန်သည်
ချိတ်ပေါ်ဇာချီ
ရင်ကိုဖုံးဧ။်
သင်းပြန့်မွှေးကြိုင်
ရှင်မတောင်ကို သွေး
သူအမြဲလူး၍
မော်ကြွားသည့်ဟန်
သဏ္ဌန်ဆောင်သည်
ခန့်သည့်ဆံထုံး
ပန်းခရေ သီကုံး
သေးသွယ်နားဝယ်
နားထောင်းပန်သည်
ရှေးဆန်သည့်မူ
အတုယူဧ။်
ကမာကမုတ်
မျက်ရည်နင့်တည်
ပုလဲဟူသည်
လည်မှာသူဆွဲ
တည်ငြိမ်လေစွ
တင်းရင်းကျစ်လစ်
လုံချဉ်ကို စည်း
ခြေကျင်းဝတ်သည့်
နတ်မိမယ်လား
ရင်သက်ရှုမော
မိန့်မောရသည်
ကြက်သရေရှိလှပါဘိ
~~~~အို~~~~
မြန်မာမငယ်လေးရယ်..........။