Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

လူယဉ်ကျေးတို့ ကမ္ဘာ

"ငါက သူ့ကို အိမ်ပေါ်က
ခဏ ခဏ နှင်လွှတ်နေကျ"

"နှင်လွှတ်ခံနေကျ ငါကလည်း
နှင်လွှတ်နေကျ သူ့အပေါ်
နားလည်မှု များစွာနဲ့
နားမလည်မှု များစွာနဲ့
အဲ့ဒီ အိမ်ကြီးပေါ်
ခဏခဏ ပြန်တက်နေကျ"

သူသည် ကျနော့်ကို
သူ့အိမ်ပေါ်မှ
အလိုက်သိစွာ
အကြိမ်ကြိမ် နှင်လွှတ်ခဲ့ဖူးပါသည်။

သို့သော်----
သူ နဲ့ ကျနော်
သူ့ အိမ်ပေါ်တွင်
လူ့ယဉ်ကျေးမှုသမိုင်း အတွက်
အကြိမ်ကြိမ် ပြန်လည်
ဝိုင်းဖွဲ့ခဲ့ ကြဖူးသည်။

ကျနော့်ဘဝတွင်
တစ်ကြိမ်တစ်ခါမျှ
မနာလို မဖြစ်ခဲ့ဘူးသော
သူစိမ်းတစ်ယောက်ကို
ညွှန်ပြပါဆိုလျှင်
လက်ညှိုးညွှန်စရာ
သူသာလျှင် ရှိပါ၏။

တစ်ခါတစ်ခါ
စိတ်နာမကျန်းဖြစ်နေသော
ကာလများ
စိတ်အချည် ပေါက်နေသော
ကာလများ
တရားမျှတမှုနှင့်လွတ်လပ်ခွင့်
အတွက်
မိမိကိုယ်တိုင် စီရင်ဆုံးဖြတ်ရန်
မဝံ့ရဲသော ကာလများတွင်
ရင့်သီးနွေးထွေးသော
စကားလုံးများဖြင့်
သူစိမ်းဆန်စွာ အပြစ်တင်တတ်သော
သူ၏စိုးရိမ်မှုများအတွက်
အကြိမ်ကြိမ် ကြည်နူးကျေနပ်
ခဲ့ရသည်။

ဆောက်တည်စရာ မရလောက်အောင်
လွမ်းနေသောအလွမ်းများဖြင့်
အကောင်အထည်ပြစရာမရှိသော
လွမ်းစရာ တစ်ခုကို
ဆွေးဆွေးမြေ့မြေ့ လွမ်းဆွတ်
နေရခြင်းသည်
ယဉ်ကျေးသော လူကမ္ဘာ၏
အကြီးမြတ်ဆုံးသော
အနုပညာခံစားမှု ဖြစ်သည်။

တက္ကသိုလ်မင်းခန့်

ရခိုင်တိုင်းရင်းသားကဗျာဆရာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS